နိုင်ငံစီးပွားရေးအခြေအနေ ပြန်လည်မြှင့်တင် ကောင်းမွန်လာစေရေး ဘက်စုံကြိုးပမ်း ဆောင်ရွက်ကြဖို့ တာဝန်ရှိသူအားလုံးကိုတိုက်တွန်း

0
175

နိုင်ငံစီးပွားရေးအခြေအနေ ပြန်လည်မြှင့်တင် ကောင်းမွန်လာစေရေး ဘက်စုံကြိုးပမ်း ဆောင်ရွက်ကြဖို့ တာဝန်ရှိသူအားလုံးကိုတိုက်တွန်း

ကိုဗစ်ကြောင့်၊အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ စီးပွါးရေးအခြေအနေများက မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံများအပေါ်ပါ ရိုက်ခတ်မှုရှိလာသည်ဟု နစကဒုတိယဥက္ကဋ္ဌကပြောသည်။

မတ်လ၄ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ငည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေး ကျဆင်းခဲ့ရပြီး အထွေထွေကုန်စည်ဈေးနှုန်းများ၊ ကမ္ဘာ့ရွှေဈေး၊ ရေနံဈေးနှင့် ငွေကြေးဈေးနှုန်း မတည်ငြိမ်မှုများလည်း ကြုံတွေ့နေကြရကြောင်းလည်း နစကဒုတိယဥက္ကဋ္ဌကပြောသည်။

မြန်မာအနေဖြင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်ရေးနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်ရန် အခွန်ဆိုင်ရာ ဖြေလျှော့မှုများနှင့် ငွေကြေးထောက်ပံ့မှု များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးခဲ့ရသည့်အပြင် နိုင်ငံတော်၏ ရငွေရရှိမှုကိုထိခိုက်ခဲ့ရကြောင်းနစကဒုတိယဥက္ကဋ္ဌကဆက်ပြောသည်။

နစကသည် များမကြာမီ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းရန်ရှိကာ ထိုထဲ နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် အထောက်အကူ ဖြစ်စေမည့် အသုံးစရိတ်များလည်းပါဝင်မည်ဟု သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး အခြေအနေ ပြန်လည်မြှင့်တင် ကောင်းမွန်လာစေရေးအတွက် ဘက်စုံကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနစကဒုတိယဥက္ကဋ္ဌကတိုက်တွန်းစကားပြောသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here