စက်သုံးဆီစျေးမြင့်တက်နေသဖြင့် လူမှုကူညီရေးအသင်းအချို့ရပ်နားထားရမှုများဖြစ်ပေါ်နေ

0
132

စက်သုံးဆီစျေးမြင့်တက်နေသဖြင့် လူမှုကူညီရေးအသင်းအချို့ရပ်နားထားရမှုများဖြစ်ပေါ်နေ

စက်သုံးဆီစျေးနှုန်းများမြင့်တက်လာနေ၍ ရန်ကုန် တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအချို့မှ ရပ် နားထားရမှုများရှိနေသည်ဟု လူမှုကူညီရေးအ သင်းများမှ သိရသည်။

ယခင် စက်သုံးဆီစျေးနှုန်းများမြင့်တက်ခြင်းမရှိမီက အကူအညီတောင်းခံသူများအား လိုက်လံပို့ ဆောင်ရာတွင် အခမဲ့ ပို့ဆောင်ပေးခဲ့ကြပြီး စက်သုံးဆီဖိုးအဖြစ်ပြန်လည်လှူဒါန်းမှသာလက်ခံခဲ့ကြကာ ငွေကြေးတောင်းခံခြင်းမပြုလုပ်ခဲ့ကြကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

“အရင်ကဆိုရင် ရန်ကုန်မြို့နဲ့ မိုင် ၅၀ အကွာကိုအ ခမဲ့ပို့ပေးတယ် အခုကြတော့မြို့တွင်းပို့ပေးရရင် တောင် ပြည့်စုံတဲ့လူဆိုရင် ဆီဖိုးလေးပြန်လှူပေးပါလို့ပြောရတာ အခုဆိုရင်အဲ့လို အလှူခံပြီးမှပို့ပေးနိုင်တော့တယ် နွမ်းပါးတဲ့လူတွေဆိုရင်တော့လည်း အခမဲ့ပို့ပေးလိုက်တာပါပဲ”ဟုရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းဦးကပြော သည်။

စက်သုံးဆီစျေးနှုန်းမြင့်တက်လာ၍ လူမှုကူညီရေးအသင်းအချို့မှာ ကူညီရေးလုပ်ငန်းများအား ရပ် နားထားရပြီး ဆက်လက်ကူညီနေသည့် အသင်းအချို့မှာမူ စက်သုံးဆီဝယ်ယူရန် ငွေကြေးချေးယူ ၍ ဝယ်ယူဖြည့်တင်းရခြင်း၊ငွေကြေးတတ်နိုင်သည့် အသင်းတာဝန်ရှိသူများမှစက်သုံးဆီဖိုးစိုက် ထုတ်၍ ဝယ်ယူဖြည့်တင်းကာ ကူညီမှုများပြုလုပ်ပေးနေရကြောင်း သိရသည်။

“အခုကတော့ အိတ်စိုက်နဲ့အကြွေးနဲ့ပဲ ကူညီရေးတွေလုပ်နေရတာပေါ့ လူမှုကူညီရေးအသင်းတွေကို တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးပါလို့ပြောချင်ပါတယ်”ဟုဦးထွန်းထွန်းဦးကပြော သည်။

စက်သုံးဆီစျေးနှုန်းများမြင့်တက်ခြင်းမရှိခင်က တစ်နေ့လျှင် လူနာပို့ဆောင်ရသည့် လမ်းကြောင်းများအပေါ်မူတည်၍ စက်သုံးဆီဝယ်ယူခ ၂ သိန်းခန့်ကုန်ကျပြီး လက်ရှိအချိန်တွင် စက်သုံးဆီစျေးနှုန်းမြင့်တက်လာသဖြင့် ၃ သိန်းကျော်ခန့်ကုန်ကျလျက်ရှိသည်ဟု သိရသည်။

“အသင်းတော်တော်များများကတော့ရပ်သွားကြပြီ ဆီစျေးကြီးတော့ဘယ်လိုမှမတတ်နိုင်ကြတော့ဘူး အလှူရှင်များတဲ့အသင်းတွေဆိုရင်လည်း ချင့်ချိန်ပြီးလုပ်နေရတာပဲ အလှူရှင်နည်းတဲ့အသင်းတွေကတော့ လက်ရှိဆီစျေးနဲ့က ရှေ့ဆက်ကူညီဖို့မတတ်နိုင်တဲ့အဆုံးမှာနားရတာပေါ့ ဆီစျေးပြန်ကျသွားပြီဆိုရင်တော့ ကူညီရေးတွေဆက်လုပ်သွားမယ်”ဟု ယာယီရပ်နားခဲ့သည့် လူမှုကူညီရေးအသင်း၏ အသင်းဝင်တစ်ဦးကပြောသည်။

Zaw Gyi

စက်သုံးဆီဈေးမြင့်တက်နေသဖြင့် လူမှုကူညီရေးအသင်းအချို့ရပ်နားထားရမှုများဖြစ်ပေါ်နေ

စက်သုံးဆီဈေးနှုန်းများမြင့်တက်လာနေ၍ ရန်ကုန် တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအချို့မှ ရပ် နားထားရမှုများရှိနေသည်ဟု လူမှုကူညီရေးအ သင်းများမှ သိရသည်။

ယခင် စက်သုံးဆီဈေးနှုန်းများမြင့်တက်ခြင်းမရှိမီက အကူအညီတောင်းခံသူများအား လိုက်လံပို့ ဆောင်ရာတွင် အခမဲ့ ပို့ဆောင်ပေးခဲ့ကြပြီး စက်သုံးဆီဖိုးအဖြစ်ပြန်လည်လှူဒါန်းမှသာလက်ခံခဲ့ကြကာ ငွေကြေးတောင်းခံခြင်းမပြုလုပ်ခဲ့ကြကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။


စက်သုံးဆီဈေးနှုန်းမြင့်တက်လာ၍ လူမှုကူညီရေးအသင်းအချို့မှာ ကူညီရေးလုပ်ငန်းများအား ရပ် နားထားရပြီး ဆက်လက်ကူညီနေသည့် အသင်းအချို့မှာမူ စက်သုံးဆီဝယ်ယူရန် ငွေကြေးချေးယူ ၍ ဝယ်ယူဖြည့်တင်းရခြင်း၊ငွေကြေးတတ်နိုင်သည့် အသင်းတာဝန်ရှိသူများမှစက်သုံးဆီဖိုးစိုက် ထုတ်၍ ဝယ်ယူဖြည့်တင်းကာ ကူညီမှုများပြုလုပ်ပေးနေရကြောင်း သိရသည်။


စက်သုံးဆီဈေးနှုန်းများမြင့်တက်ခြင်းမရှိခင်က တစ်နေ့လျှင် လူနာပို့ဆောင်ရသည့် လမ်းကြောင်းများအပေါ်မူတည်၍ စက်သုံးဆီဝယ်ယူခ ၂ သိန်းခန့်ကုန်ကျပြီး လက်ရှိအချိန်တွင် စက်သုံးဆီဈေးနှုန်းမြင့်တက်လာသဖြင့် ၃ သိန်းကျော်ခန့်ကုန်ကျလျက်ရှိသည်ဟု သိရသည်။

“အသင်းတော်တော်များများကတော့ရပ်သွားကြပြီ ဆီဈေးကြီးတော့ဘယ်လိုမှမတတ်နိုင်ကြတော့ဘူး အလှူရှင်များတဲ့အသင်းတွေဆိုရင်လည်း ချင့်ချိန်ပြီးလုပ်နေရတာပဲ အလှူရှင်နည်းတဲ့အသင်းတွေကတော့ လက်ရှိဆီဈေးနဲ့က ရှေ့ဆက်ကူညီဖို့မတတ်နိုင်တဲ့အဆုံးမှာနားရတာပေါ့ ဆီဈေးပြန်ကျသွားပြီဆိုရင်တော့ ကူညီရေးတွေဆက်လုပ်သွားမယ်”ဟု ယာယီရပ်နားခဲ့သည့် လူမှုကူညီရေးအသင်း၏ အသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here