ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၍ အိမ်ခြေအများအပြားပျက်စီးဆုံးရှုံး

0
217

ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၍ အိမ်ခြေအများအပြားပျက်စီးဆုံးရှုံး

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၆၀ ရပ်ကွက်တွင် ယနေ့ နေ့လည် ၃ နာရီခန့်က မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုဖြစ်စဥ်ကြောင့် ရပ်ကွက်အတွင်းရှိ အိမ်ခြေအများအပြားပျက်စီးဆုံးရှုံးခဲ့သည်ဟု ဖြစ်စဥ်အားကူညီငြိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းများမှ သိရသည်။

“ခန့်မှန်းအိမ်ခြေအလုံး ၄၀ ကျော်လောက်တော့ရှိမယ် မီးလောင်တဲ့အထဲပါသွားတာ ထမင်းအိုးတည်ရာကနေစလောင်တာလို့ သိထားတယ်”ဟုမီးလောင်ပြင်၌ကူညီငြိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်အား ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ရပ်ကွက်နေသူများနှင့်လူမှုကူညီရေးအသင်းများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၃ နာရီ ၂၀ မိနစ်၌မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၂၈ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ တွက်ချက်နေတုန်းပါပဲ အသေးစိတ်စီစစ်ပြီးမှသိရမှာ Level 1 အဆင့်နဲ့ နာရီဝက်နီးပါးကြာငြိမ်းသတ်ခဲ့ရပါတယ်”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်၏ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Zaw gyi

ရန္ကုန္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြား၍ အိမ္ေျခအမ်ားအျပားပ်က္စီးဆုံးရႈံး

ရန္ကုန္ၿမိဳ႕၊ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ ၆၀ ရပ္ကြက္တြင္ ယေန႔ ေန႔လည္ ၃ နာရီခန္႔က မီး ေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီး သတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ရပ္ကြက္အတြင္းရွိ အိမ္ေျခအမ်ားအျပားပ်က္စီးဆုံးရႈံးခဲ့သည္ဟု ျဖစ္စဥ္အားကူညီၿငိမ္းသတ္ေပးခဲ့သည့္ လူမႈကူညီေရးအသင္းမ်ားမွ သိရသည္။

“ခန္႔မွန္းအိမ္ေျခအလုံး ၄၀ ေက်ာ္ေလာက္ေတာ့ရွိမယ္ မီးေလာင္တဲ့အထဲပါသြားတာ ထမင္းအိုးတည္ရာကေနစေလာင္တာလို႔ သိထားတယ္”ဟုမီးေလာင္ျပင္၌ကူညီၿငိမ္းသတ္ေပးခဲ့သည့္ လူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။

မီးေလာင္မႈျဖစ္စဥ္အား ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွတပ္ဖြဲ႕ဝင္မ်ား၊ရပ္ကြက္ေနသူမ်ားႏွင့္လူမႈကူညီေရးအသင္းမ်ားမွ ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ၾကသျဖင့္ ေန႔လည္ ၃ နာရီ ၂၀ မိနစ္၌မီးထိန္းႏိုင္ခဲ့ၿပီး ၃ နာရီ ၂၈ မိနစ္၌ မီးၿငိမ္းသြားခဲ့သည္ဟု ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

“ပ်က္စီးဆုံးရႈံးမႈတန္ဖိုးကေတာ့ တြက္ခ်က္ေနတုန္းပါပဲ အေသးစိတ္စီစစ္ၿပီးမွသိရမွာ Level 1 အဆင့္နဲ႔ နာရီဝက္နီးပါးၾကာၿငိမ္းသတ္ခဲ့ရပါတယ္”ဟု ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၏ အရန္မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here