ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် နေအိမ်ရှေ့၌ ကားရေဆေးနေသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
168

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် နေအိမ်ရှေ့၌ ကားရေဆေးနေသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်၊(ဃ)ရပ် ကွက်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် နေအိမ်ရှေ့၌ကားရေဆေးနေစဥ် အမည်မသိအ မျိုးသားများ၏ သေနတ်ဖြင့်ပစ်သတ်ခြင်းကိုခံခဲ့ရသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

ဖြစ်စဥ်မှာ မတ် ၅ ရက်(ယနေ့)နံနက် ၇ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့်ပစ်သတ်ခံရသူအမျိုးသမီးမှာ (ဃ)ရပ်ကွက်၊ဝေပုလ္လ(၂)လမ်း တွင်နေထိုင်သည့် မအိအိချို ဆိုသူဖြစ်ကြောင်း သိရသည်။

“ဘာ့ကြောင့်ပစ်သတ်တယ်ဆိုတာတော့ ကျွန် တော်တို့လည်းမသိဘူး ပစ်ခံရတဲ့နေရာမှာပဲသေသွားတယ် နေ့ချင်းပဲသဂြိုလ်လိုက်တယ်”ဟု (ဃ) ရပ်ကွက်နေသူတစ်ဦးကပြောသည်။

မအိအိချိုသည် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသဖြင့် ကျည်ထိမှန်ဒဏ်များရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

အခင်းဖြစ်ပြီးနောက် မအိအိချို၏ ရုပ်အလောင်းအား မြောက်ဥက္ကလာပဆေးရုံကြီးသို့ လူမှုကူညီရေးအသင်းကားဖြင့်ပို့ဆောင်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် ရေဝေးသုဿန်၌ မီးသဂြိုလ်ခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ် ဆေးပြီးနောက် ရပ်ကွက်အတွင်း၌လည်း ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု ရပ် ကွက်နေသူများထံမှသိရသည်။

Zaw Gyi

ရန္ကုန္ ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ ေနအိမ္ေရွ႕၌ ကားေရေဆးေနသည့္ အမ်ိဳးသမီးတစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံရ

ရန္ကုန္ၿမိဳ႕၊ေျမာက္ဥကၠလာပၿမိဳ႕နယ္၊(ဃ)ရပ္ ကြက္တြင္ေနထိုင္သည့္ အမ်ိဳးသမီးတစ္ဦးသည္ ေနအိမ္ေရွ႕၌ကားေရေဆးေနစဥ္ အမည္မသိအ မ်ိဳးသားမ်ား၏ ေသနတ္ျဖင့္ပစ္သတ္ျခင္းကိုခံခဲ့ရသည္ဟု ရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ မတ္ ၅ ရက္(ယေန႔)နံနက္ ၇ နာရီခန္႔ကျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေသနတ္ျဖင့္ပစ္သတ္ခံရသူအမ်ိဳးသမီးမွာ (ဃ)ရပ္ကြက္၊ေဝပုလႅ(၂)လမ္း တြင္ေနထိုင္သည့္ မအိအိခ်ိဳ ဆိုသူျဖစ္ေၾကာင္း သိရသည္။

“ဘာ့ေၾကာင့္ပစ္သတ္တယ္ဆိုတာေတာ့ ကြၽန္ ေတာ္တို႔လည္းမသိဘူး ပစ္ခံရတဲ့ေနရာမွာပဲေသသြားတယ္ ေန႔ခ်င္းပဲသၿဂိဳလ္လိုက္တယ္”ဟု (ဃ) ရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

မအိအိခ်ိဳသည္ ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရသျဖင့္ က်ည္ထိမွန္ဒဏ္မ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့သည္ဟု ရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

အခင္းျဖစ္ၿပီးေနာက္ မအိအိခ်ိဳ၏ ႐ုပ္အေလာင္းအား ေျမာက္ဥကၠလာပေဆး႐ုံႀကီးသို႔ လူမႈကူညီေရးအသင္းကားျဖင့္ပို႔ေဆာင္ခဲ့ၿပီးေနာက္ မြန္းလြဲပိုင္းတြင္ ေရေဝးသုႆန္၌ မီးသၿဂိဳလ္ခဲ့သည္ဟု သိရသည္။

ျဖစ္စဥ္ေနရာအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ ေဆးၿပီးေနာက္ ရပ္ကြက္အတြင္း၌လည္း ဝင္ေရာက္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္ဟု ရပ္ ကြက္ေနသူမ်ားထံမွသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here