မီးပျက်ရခြင်း အကြောင်းအရင်းနှစ်ချက်ကြောင့်ဟု ဆို

0
166

မီးပျက်ရခြင်း အကြောင်းအရင်းနှစ်ချက်ကြောင့်ဟု ဆို

 

ဓါတ်အားထုတ်လုပ်မှု မလုံလောက်သည့်ကာလအတွင်း အချိန်သတ်မှတ်၍ အလှည့်ကျစနစ်ဖြင့် မီးပေးနေခြင်းကို ပြည်သူများသိရှိအောင် ကြေညာပေးဖို့ လိုအပ်ကြောင်း နစကလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးက ၄င်း၏ဝန်ထမ်းများကိုမှာကြားသည်။

မတ်လ၅ရက်နေ့က ဝန်ကြီးနှင့် ဝန်ထမ်းများရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်းရုံးချုပ်တွင်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် မီးပျက်ရခြင်း အကြောင်းအရင်းကိုလည်း လက်ရှိတွင် ဘီလူးချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ထွက်ရှိလာသော လျှပ်စစ်ဓါတ်အားပို့လွှတ်နေသည့် တာဝါတိုင်များဖျက်ဆီးခံရသည့်အတွက် မဂ္ဂါဝပ်၂၂၀ခန့် အား နိုင်ငံတော်လျှပ်စစ်ဓါတ်အားသို့ ပို့လွှတ်နိုင်မှုမရှိသည်ကတစ်ကြောင်း၊LNGစျေးနှုန်းအဆမတန်မြင့်တက်ပြီး နိုင်ငံတကာရေနံစျေးကွက်တည်ငြိမ်မှုမရှိ၍ ဝယ်ယူရန်ခက်ခဲနေသည့်ကာလအတွင်း LNGဓါတ်ငွေ့ရည်သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံများ၏ဓါတ်အားထုတ်လုပ်မှု ၇၅၀မဂ္ဂါဝပ်ခန့် ရပ်တန့်ထားရခြင်းတို့ကြောင့် ကတစ်ကြောင်းဖြစ်သည်ဟု ဝန်ကြီးကပြောသည်။

ယင်းအချက်များကြောင့် ထုတ်လုပ်မှုထက်သုံးစွဲမှုကပိုနေ၍ ဝန်အားထိန်းညှိခြင်း၊ဝန်အာရလျှော့ချရခြင်းတို့ဆောင်ရွက်ရခြင်းဖြစ်သည်ဟုလည်း ဝန်ကြီးကရှင်းပြသည်။

လက်ရှိတွင်ပျက်ဆီးသွားသောတာဝါတိုင်များအား အမြန်ဆုံးပြုပြင်နေကာ ကျောက်ဖြူဒေသတွင် မဂ္ဂါဝပ်၁၅၀ပိုမိုထုတ်လုပ်နိုင်ရန် နှင့် အခြားသောဒေသများတွင်ပါ ထုတ်လုပ်နိုင်ရေးစီစဉ်နေကြောင်းပါ ဝန်ကြီးကပြောသည်။

“အမှန်ဆိုရင် ဌာနက ဘယ်အချိန်တွေပျက်မယ်။ဘယ်အချိန်တွေလာမယ် တိတိကျကျကြေညာသင့်တယ်။အခုက ပျက်ချင်တဲ့အချိန်ပျက် လာချင်တဲ့အချိန်လာဆိုတော့ အတော်လေးအဆင်မပြေဘူး”ဟု ရန်ကုန်မြို့ခံတစ်ဦးကမှတ်ချက်ပြုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here