သင်္ဃန်းကျွန်းမြို့နယ်ရှိ AGD ဘဏ်အား ဓားပြတိုက်ခဲ့သည့် ဆရာဝန်တစ်ဦးအပါအဝင် ၅ ဦးအားဖမ်းဆီးရမိ

0
134

သင်္ဃန်းကျွန်းမြို့နယ်ရှိ AGD ဘဏ်အား ဓားပြတိုက်ခဲ့သည့် ဆရာဝန်တစ်ဦးအပါအဝင် ၅ ဦးအားဖမ်းဆီးရမိ

ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်၊(ည)ရပ်ကွက်၊ လေးထောင့်ကန်လမ်းရှိ အာရှစိမ်းလန်းဖွံ့ဖြိုးရေး (AGD)ဘဏ်အား ဓားပြတိုက်ခဲ့သည့် ဆရာဝန်တစ်ဦးအပါအဝင် ၅ ဦးအား လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

AGD ဘဏ်၌ ဖေဖော်ဝါရီ ၅ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာ ဓားပြတိုက်သူများသည် WIFI တပ်ဆင်သူ များအယောင်ဆောင်ကာ HIACE ကားဖြင့် ဘဏ်သို့ရောက်ရှိလာခဲ့သည်ဟု စစ်ဆေးသိရှိခဲ့ရသည်။

အဆိုပါ ဘဏ်ဓားပြတိုက်သူများသည် ဘဏ်လုံ ခြုံရေးဝန်ထမ်း ၃ ဦးအား သေနတ်ဖြင့်ထောက်၍ ချုပ်နှောင်ကာ ဘဏ်ဒုတိယထပ်ရှိ မီးခံသေတ္တာအား လက်လုပ်မိုင်းဖြင့်ဖောက်ခွဲ၍ ဘဏ်စာရွက် စာတမ်းများ၊ CCTV ထိန်းချုပ်စက်၊ ကွန်ပျူတာများနှင့်ငွေကျပ် ၆၃၉၅၉၇၀၁ တို့အား ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်ကားပိုင်ရှင်သည် သင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏမြို့သစ်၊ရန်ကုန်သစ်ရပ်ကွက်၊နှင်းဆီဖြူလမ်းနေ ဒေါက်တာကောင်းချစ်စိုး ဖြစ်ကြောင်း မတ် ၄ ရက်၌ လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းသိရှိခဲ့ရသဖြင့် စောင့်ကြည့်ခဲ့ရာမှ ပြစ်မှုကျူးလွန်ရာတွင်ပါ ဝင်သည့် ရှိုင်းထက်အောင်(၂၈)နှစ်အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ပုသိမ်ညွန့်ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့သည်။

ရှိုင်းထက်အောင် အားစစ်ဆေးမေးမြန်းချက်အရ ပြစ်မှုကျူးလွန်ရာတွင် ဦးဆောင်ပါဝင်သည့် ဒေါက်တာကောင်းချစ်စိုး(၃၄)နှစ်နှင့်သီဟအောင်
(၂၈)နှစ်၊ပြည်သိမ်းခိုင်(၂၈)နှစ်၊ပိုင်စစ်(ခ)ပိုင်စစ်သွေး(၂၅)နှစ်တို့ ၄ ဦးအား သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ရန်ကုန်သစ်ရပ်ကွက်၊နှင်းဆီဖြူလမ်းနေအိမ်မှ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများနှင့်အတူ ငွေစက္ကူရောရာ ၅၀၆၉၅၀၀ ကျပ်၊ အမေရိကန်ဒေါ်လာ ၁၀၀ တန် ၈၀ ရွက်(ဒေါ်လာ ၈၀၀၀)၊လက်ကိုင်ဖုန်းမျိုးစုံ ၄ လုံး၊ CCTV အထိုင်စက် ၁ လုံး၊ Hard Disk ၉ ခုနှင့် ဘဏ်ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် ဆက် စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူများအနက် ကောင်းချစ်စိုးနှင့်ပြည်သိမ်းခိုင်တို့မှ ဘဏ်ငွေတိုက်ပတ်လည်၌ လက်လုပ်မိုင်း ၅ လုံးအား အချိန်ကိုက်ပေါက်ကွဲစေရန်တပ်ဆင်ခဲ့ပြီးနောက် ဓာတ်ဆီလောင်းထား ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ဖြစ်စဥ်မှဖမ်းဆီးရမိခဲ့သည့် ပြစ်မှုကျူးလွန်သူ များအား ဥပဒေအရထိရောက်စွာအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

Zaw Gyi

သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ AGD ဘဏ္အား ဓားျပတိုက္ခဲ့သည့္ ဆရာဝန္တစ္ဦးအပါအဝင္ ၅ ဦးအားဖမ္းဆီးရမိ

ရန္ကုန္ၿမိဳ႕၊သဃၤန္းကြၽန္းၿမိဳ႕နယ္၊(ည)ရပ္ကြက္၊ ေလးေထာင့္ကန္လမ္းရွိ အာရွစိမ္းလန္းဖြံ႕ၿဖိဳးေရး (AGD)ဘဏ္အား ဓားျပတိုက္ခဲ့သည့္ ဆရာဝန္တစ္ဦးအပါအဝင္ ၅ ဦးအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိခဲ့သည္ဟု နစက မွထုတ္ျပန္ခဲ့သည္။

AGD ဘဏ္၌ ေဖေဖာ္ဝါရီ ၅ ရက္က ေပါက္ကြဲမႈျဖစ္ပြားရာသို႔ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးရာ ဓားျပတိုက္သူမ်ားသည္ WIFI တပ္ဆင္သူ မ်ားအေယာင္ေဆာင္ကာ HIACE ကားျဖင့္ ဘဏ္သို႔ေရာက္ရွိလာခဲ့သည္ဟု စစ္ေဆးသိရွိခဲ့ရသည္။

အဆိုပါ ဘဏ္ဓားျပတိုက္သူမ်ားသည္ ဘဏ္လုံ ၿခဳံေရးဝန္ထမ္း ၃ ဦးအား ေသနတ္ျဖင့္ေထာက္၍ ခ်ဳပ္ေႏွာင္ကာ ဘဏ္ဒုတိယထပ္ရွိ မီးခံေသတၱာအား လက္လုပ္မိုင္းျဖင့္ေဖာက္ခြဲ၍ ဘဏ္စာ႐ြက္ စာတမ္းမ်ား၊ CCTV ထိန္းခ်ဳပ္စက္၊ ကြန္ပ်ဴတာမ်ားႏွင့္ေငြက်ပ္ ၆၃၉၅၉၇၀၁ တို႔အား ယူေဆာင္သြားခဲ့သည္ဟု သိရသည္။

ျဖစ္စဥ္မွျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ကားပိုင္ရွင္သည္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊သုဝဏၰၿမိဳ႕သစ္၊ရန္ကုန္သစ္ရပ္ကြက္၊ႏွင္းဆီျဖဴလမ္းေန ေဒါက္တာေကာင္းခ်စ္စိုး ျဖစ္ေၾကာင္း မတ္ ၄ ရက္၌ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စုံစမ္းသိရွိခဲ့ရသျဖင့္ ေစာင့္ၾကည့္ခဲ့ရာမွ ျပစ္မႈက်ဴးလြန္ရာတြင္ပါ ဝင္သည့္ ရႈိင္းထက္ေအာင္(၂၈)ႏွစ္အား မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ပုသိမ္ၫြန႔္ရပ္ကြက္၌ ဖမ္းဆီးရမိခဲ့သည္။

ရႈိင္းထက္ေအာင္ အားစစ္ေဆးေမးျမန္းခ်က္အရ ျပစ္မႈက်ဴးလြန္ရာတြင္ ဦးေဆာင္ပါဝင္သည့္ ေဒါက္တာေကာင္းခ်စ္စိုး(၃၄)ႏွစ္ႏွင့္သီဟေအာင္
(၂၈)ႏွစ္၊ျပည္သိမ္းခိုင္(၂၈)ႏွစ္၊ပိုင္စစ္(ခ)ပိုင္စစ္ေသြး(၂၅)ႏွစ္တို႔ ၄ ဦးအား သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰၿမိဳ႕သစ္၊ရန္ကုန္သစ္ရပ္ကြက္၊ႏွင္းဆီျဖဴလမ္းေနအိမ္မွ ထပ္မံဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိသူမ်ားႏွင့္အတူ ေငြစကၠဴေရာရာ ၅၀၆၉၅၀၀ က်ပ္၊ အေမရိကန္ေဒၚလာ ၁၀၀ တန္ ၈၀ ႐ြက္(ေဒၚလာ ၈၀၀၀)၊လက္ကိုင္ဖုန္းမ်ိဳးစုံ ၄ လုံး၊ CCTV အထိုင္စက္ ၁ လုံး၊ Hard Disk ၉ ခုႏွင့္ ဘဏ္ဓားျပတိုက္ရာတြင္ အသုံးျပဳခဲ့သည့္ ဆက္ စပ္ပစၥည္းမ်ားကိုလည္း သိမ္းဆည္းရမိခဲ့သည္။

ျပစ္မႈက်ဴးလြန္သူမ်ားအနက္ ေကာင္းခ်စ္စိုးႏွင့္ျပည္သိမ္းခိုင္တို႔မွ ဘဏ္ေငြတိုက္ပတ္လည္၌ လက္လုပ္မိုင္း ၅ လုံးအား အခ်ိန္ကိုက္ေပါက္ကြဲေစရန္တပ္ဆင္ခဲ့ၿပီးေနာက္ ဓာတ္ဆီေလာင္းထား ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိခဲ့ရသည္။

ျဖစ္စဥ္မွဖမ္းဆီးရမိခဲ့သည့္ ျပစ္မႈက်ဴးလြန္သူ မ်ားအား ဥပေဒအရထိေရာက္စြာအေရးယူရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစက မွထုတ္ျပန္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here