မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂဥက္ကဌအပါအဝင်လူငယ်အချို့အဖမ်းခံထားရ

0
95

မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂဥက္ကဌအပါအဝင်လူငယ်အချို့အဖမ်းခံထားရ

မန္တလေးမြို့ အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်းမှနေ၍ လူငယ်၃ဦးဖမ်းဆီးခံလိုက်ရရာတွင် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂဥက္ကဌလည်းပါဝင်ကြောင်း သမဂ္ဂအဖွဲ့များ၏ထုတ်ပြန်ချက်များအရသိရသည်။

၂၀၂၂ခုနှစ် မတ်လ(၂)ရက်နေ့ ညနေပိုင်းကဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသည့်ဖြစ်စဉ်တွင် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂနှင့် မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌကိုအောင်မျိုးကို၊ဗသများအဖွဲ့ချုပ်ဘဏ္ဍာရေးမှူးမသီရိရတနာနှင့်မန္တလေးပညာရေးကောလိပ်ဆင်းCDM ကျောင်းဆရာတစ်ဦးဖြစ်သည့်ကိုကျော်ဇင်လတ်တို့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကာ ယခုအချိန်အထိ မိသားစုဝင်များနှင့်အဆက်အသွယ်မရဖြစ်နေသည်ဟု သမဂ္ဂအဖွဲ့များကသတင်းထုတ်ပြန်ထားကြသည်။

ချမ်းမြသာစည်မြို့နယ်ကျောင်းသားများသမဂ္ဂဗကသများအဖွဲ့ချုပ်သတင်းနှင့်ပြန်ကြားရေးကဖမ်းဆီးခံကျောင်းသားလူငယ်များကို မြေအောက်ယူဂျီလုပ်ငန်းများတွင်ဆက်စပ်နေသည်ဆိုကာ စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု သိရှိရကြောင်းပြောသည်။

ယင်းအပြင် ၄င်းဖမ်းဆီးခံကျောင်းသားလူငယ်များသည်မြေအောက်ယူဂျီလုပ်ငန်းများနှင့်ဆက်စပ်ခြင်းလုံး၀မရှိဘဲ ဗကသ၏ လှုပ်ရှားမှုအချို့တွင်သာပါ၀င်ခဲ့ကြပြီး သံတိုင်နောက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းနှင့် မိသားစုနှင့်အဆက်သွယ်မရဖြစ်နေသည့် ကျောင်းသားလူငယ်များအတွက် လစဥ်ထောင်ဝင်စာအတွက် ပြင်ဆင်ပို့ပေးနေကြသူများသာ​ ဖြစ်ကြကြောင်းလည်း ပြောသည်။

ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံနေရသည့် လူငယ်များနှင့်ပတ်သတ်ပြီး များစွာစိုးရိမ်ပူပန်နေရကြောင်း သမဂ္ဂအဖွဲ့အသီးသီးကပြောဆိုနေကြသည်။

Zaw Gyi

မႏၲေလးခ႐ိုင္ေက်ာင္းသားမ်ားသမဂၢဥကၠဌအပါအဝင္လူငယ္အခ်ိဳ႕အဖမ္းခံထားရ

မႏၲေလးၿမိဳ႕ အမရပူရၿမိဳ႕နယ္ မွန္တန္းရပ္ကြက္ရွိ ေနအိမ္တစ္အိမ္အတြင္းမွေန၍ လူငယ္၃ဦးဖမ္းဆီးခံလိုက္ရရာတြင္ မႏၲေလးခ႐ိုင္ေက်ာင္းသားမ်ားသမဂၢဥကၠဌလည္းပါဝင္ေၾကာင္း သမဂၢအဖြဲ႕မ်ား၏ထုတ္ျပန္ခ်က္မ်ားအရသိရသည္။

၂၀၂၂ခုႏွစ္ မတ္လ(၂)ရက္ေန႔ ညေနပိုင္းကဖမ္းဆီးထိန္းသိမ္းျခင္းခံလိုက္ရသည့္ျဖစ္စဥ္တြင္ မႏၲေလးခ႐ိုင္ေက်ာင္းသားမ်ားသမဂၢႏွင့္ မႏၲေလးပညာေရးဒီဂရီေကာလိပ္ေက်ာင္းသားမ်ားသမဂၢ (ဗကသမ်ားအဖြဲ႕ခ်ဳပ္) ဥကၠဌကိုေအာင္မ်ိဳးကို၊ဗသမ်ားအဖြဲ႕ခ်ဳပ္ဘ႑ာေရးမႉးမသီရိရတနာႏွင့္မႏၲေလးပညာေရးေကာလိပ္ဆင္းCDM ေက်ာင္းဆရာတစ္ဦးျဖစ္သည့္ကိုေက်ာ္ဇင္လတ္တို႔ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရကာ ယခုအခ်ိန္အထိ မိသားစုဝင္မ်ားႏွင့္အဆက္အသြယ္မရျဖစ္ေနသည္ဟု သမဂၢအဖြဲ႕မ်ားကသတင္းထုတ္ျပန္ထားၾကသည္။

ခ်မ္းျမသာစည္ၿမိဳ႕နယ္ေက်ာင္းသားမ်ားသမဂၢဗကသမ်ားအဖြဲ႕ခ်ဳပ္သတင္းႏွင့္ျပန္ၾကားေရးကဖမ္းဆီးခံေက်ာင္းသားလူငယ္မ်ားကို ေျမေအာက္ယူဂ်ီလုပ္ငန္းမ်ားတြင္ဆက္စပ္ေနသည္ဆိုကာ စစ္ေဆးေမးျမန္းလ်က္ရွိသည္ဟု သိရွိရေၾကာင္းေျပာသည္။

ယင္းအျပင္ ၄င္းဖမ္းဆီးခံေက်ာင္းသားလူငယ္မ်ားသည္ေျမေအာက္ယူဂ်ီလုပ္ငန္းမ်ားႏွင့္ဆက္စပ္ျခင္းလုံး၀မရွိဘဲ ဗကသ၏ လႈပ္ရွားမႈအခ်ိဳ႕တြင္သာပါ၀င္ခဲ့ၾကၿပီး သံတိုင္ေနာက္တြင္ ဖမ္းဆီးထိန္းသိမ္းခံထားရေၾကာင္းႏွင့္ မိသားစုႏွင့္အဆက္သြယ္မရျဖစ္ေနသည့္ ေက်ာင္းသားလူငယ္မ်ားအတြက္ လစဥ္ေထာင္ဝင္စာအတြက္ ျပင္ဆင္ပို႔ေပးေနၾကသူမ်ားသာ​ ျဖစ္ၾကေၾကာင္းလည္း ေျပာသည္။

ဖမ္းဆီးထိန္းသိမ္းစစ္ေဆးခံေနရသည့္ လူငယ္မ်ားႏွင့္ပတ္သတ္ၿပီး မ်ားစြာစိုးရိမ္ပူပန္ေနရေၾကာင္း သမဂၢအဖြဲ႕အသီးသီးကေျပာဆိုေနၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here