မုံရွာမြို့မှ နေအိမ် ၅ လုံးအကြမ်းဖက်အဖွဲ့များနှင့်ပတ်သက်သည်ဟုဆိုကာ ချိတ်ပိတ်ခံရ

0
263

မုံရွာမြို့မှ နေအိမ် ၅ လုံးအကြမ်းဖက်အဖွဲ့များနှင့်ပတ်သက်သည်ဟုဆိုကာ ချိတ်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ရှိ နေအိမ် ၅ လုံးအား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက မတ် ၆ ရက်(ယနေ့) နံ နက်ပိုင်းတွင် လာရောက်ချိတ်ပိတ်ခဲ့သည်ဟု ဒေ သခံများထံမှ သိရသည်။

အဆိုပါ နေအိမ် ၅ လုံး၏ပိုင်ရှင်များသည် အ ကြမ်းဖက်အဖွဲ့များနှင့်ပတ်သက်သည်ဟုဆိုကာ ချိတ်ပိတ်ခဲ့ခြင်းဖြစ်ပြီး ချိတ်ပိတ်ကြောင်း ဗီနိုင်းများချိတ်ဆွဲထားသည်ဟု သိရသည်။

မုံရွာမြို့၊ထန်းတောရပ်ကွက်၊ဇီးခြံနယ်မြေနေ ဒေါ်စောရွှေ ပိုင်ဆိုင်သည့်နေအိမ်၊နန္ဒဝန်ရပ်ကွက်၊နယ် မြေ(၈)နေ ဒေါ်သန္တာဦး ပိုင်ဆိုင်သည့်နေအိမ်၊ကံသာဦးရပ်ကွက်နေ ကိုနေဝင်း ပိုက်ဆိုင်သည့်‌နေ အိမ်၊အလယ်ရပ်ကွက်၊နယ်မြေ ၅ ၊ ကမ္ဘာသစ်လမ်းနေ မခင်မို့မို့ခိုင်၊ကိုစိုးမိုးအောင်၊မမိုးမိုးဆွေ တို့ပိုင်ဆိုင်သည့်နေအိမ်နှင့်ရုံးကြီးရပ်ကွက်၊တာရိုးလမ်း​နေ ကိုဝင်းမျိုးသက်(ခ)ကိုထူး ပိုင်ဆိုင်သည့် အဆောက်အဦးတို့ချိတ်ပိတ်ခံခဲ့ရခြင်းဖြစ်သည်။

“ချိတ်ပိတ်တယ်ဆိုတဲ့ ဗီနိုင်းတွေကပ်သွားတယ် သော့နဲ့လည်းခတ်ပြီး သော့ကိုချိတ်ပိတ်တယ် သူတို့ချိတ်ပိတ်နေတဲ့အချိန်မှာအနားတော့သွားမကြည့်ရဲဘူး စစ်သားတွေ ရဲတွေပါတယ် သိရသလောက်ကတော့ တရားရုံးရဲ့လုပ်ထုံးလုပ်နည်းအ ရလို့ပြောတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

နေအိမ် ၅ လုံးအားချိတ်ပိတ်ကြောင်း ချိတ်ဆွဲထားသည့် ဗီနိုင်းတွင် “ဤအဆောက်အဦးနှင့်မြေနေရာသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ/ရောင်းချခြင်း၊ရောင်းဝယ်ခြင်းမပြုလုပ်ရ”ဟုရေးသားထား သည်။

Zaw Gyi

မုံ႐ြာၿမိဳ႕မွ ေနအိမ္ ၅ လုံးအၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ပတ္သက္သည္ဟုဆိုကာ ခ်ိတ္ပိတ္ခံရ

စစ္ကိုင္းတိုင္း၊မုံ႐ြာၿမိဳ႕ရွိ ေနအိမ္ ၅ လုံးအား နစက ၏လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက မတ္ ၆ ရက္(ယေန႔) နံ နက္ပိုင္းတြင္ လာေရာက္ခ်ိတ္ပိတ္ခဲ့သည္ဟု ေဒ သခံမ်ားထံမွ သိရသည္။

အဆိုပါ ေနအိမ္ ၅ လုံး၏ပိုင္ရွင္မ်ားသည္ အ ၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ပတ္သက္သည္ဟုဆိုကာ ခ်ိတ္ပိတ္ခဲ့ျခင္းျဖစ္ၿပီး ခ်ိတ္ပိတ္ေၾကာင္း ဗီႏိုင္းမ်ားခ်ိတ္ဆြဲထားသည္ဟု သိရသည္။

မုံ႐ြာၿမိဳ႕၊ထန္းေတာရပ္ကြက္၊ဇီးၿခံနယ္ေျမေန ေဒၚေစာေ႐ႊ ပိုင္ဆိုင္သည့္ေနအိမ္၊နႏၵဝန္ရပ္ကြက္၊နယ္ ေျမ(၈)ေန ေဒၚသႏၲာဦး ပိုင္ဆိုင္သည့္ေနအိမ္၊ကံသာဦးရပ္ကြက္ေန ကိုေနဝင္း ပိုက္ဆိုင္သည့္‌ေန အိမ္၊အလယ္ရပ္ကြက္၊နယ္ေျမ ၅ ၊ ကမာၻသစ္လမ္းေန မခင္မို႔မို႔ခိုင္၊ကိုစိုးမိုးေအာင္၊မမိုးမိုးေဆြ တို႔ပိုင္ဆိုင္သည့္ေနအိမ္ႏွင့္႐ုံးႀကီးရပ္ကြက္၊တာ႐ိုးလမ္း​ေန ကိုဝင္းမ်ိဳးသက္(ခ)ကိုထူး ပိုင္ဆိုင္သည့္ အေဆာက္အဦးတို႔ခ်ိတ္ပိတ္ခံခဲ့ရျခင္းျဖစ္သည္။

“ခ်ိတ္ပိတ္တယ္ဆိုတဲ့ ဗီႏိုင္းေတြကပ္သြားတယ္ ေသာ့နဲ႔လည္းခတ္ၿပီး ေသာ့ကိုခ်ိတ္ပိတ္တယ္ သူတို႔ခ်ိတ္ပိတ္ေနတဲ့အခ်ိန္မွာအနားေတာ့သြားမၾကည့္ရဲဘူး စစ္သားေတြ ရဲေတြပါတယ္ သိရသေလာက္ကေတာ့ တရား႐ုံးရဲ႕လုပ္ထုံးလုပ္နည္းအ ရလို႔ေျပာတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

ေနအိမ္ ၅ လုံးအားခ်ိတ္ပိတ္ေၾကာင္း ခ်ိတ္ဆြဲထားသည့္ ဗီႏိုင္းတြင္ “ဤအေဆာက္အဦးႏွင့္ေျမေနရာသည္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ဆက္စပ္ေနသျဖင့္ ႏိုင္ငံေတာ္ပိုင္သိမ္းဆည္းမည္ျဖစ္ေသာေၾကာင့္ မက်ဴးေက်ာ္ရ/ေရာင္းခ်ျခင္း၊ေရာင္းဝယ္ျခင္းမျပဳလုပ္ရ”ဟုေရးသားထား သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here