ဖေဖော်ဝါရီလအတွင်း မြန်မာတစ်နိုင်ငံလုံး၌ မီး လောင်မှု ၂၅၄ ကြိမ််ဖြစ်ပွားပြီး ၁၃ ဦးသေဆုံးခဲ့

0
93

ဖေဖော်ဝါရီလအတွင်း မြန်မာတစ်နိုင်ငံလုံး၌ မီး လောင်မှု ၂၅၄ ကြိမ််ဖြစ်ပွားပြီး ၁၃ ဦးသေဆုံးခဲ့

မြန်မာတစ်နိုင်လုံးအတိုင်းအတာဖြင့် ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလအတွင်း မီးလောင်မှုပေါင်း ၂၅၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၃ ဦးသေဆုံးခဲ့ကာ ၁၉ ဦးထိ ခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်၏ စာရင်းများအရ သိရသည်။

မီးလောင်မှုများကြောင့် မီးဘေးသင့်ပြည်သူ ၁၀၄၁ ဦးရှိခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၉၇၂ ဒသမ ၄၄၈ သန်းရှိကြောင်း သိရသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖေဖော်ဝါရီလအ တွင်းမှာ မီးလောင်မှု ၂၅၄ ကြိမ်ရှိခဲ့ပါတယ် ရန် ကုန်တိုင်းက ၃၅ ကြိမ်နဲ့အများဆုံးဖြစ်ခဲ့ပြီး မန္တ လေးတိုင်းကတော့ ၃၄ ကြိမ်နဲ့ ဒုတိယအများဆုံးပါ ရှမ်းပြည်နယ်ကတော့ ၃၁ ကြိမ်နဲ့ တတိယအ များဆုံးဖြစ်ခဲ့ပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန၊မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးသက်ထွေးအောင်ကပြောသည်။

မီးလောင်မှုဖြစ်စဥ်များတွင် လျှပ်စစ်မီးကြောင့် မီး လောင်ကျွမ်းမှုမှာ ၇၆ ကြိမ်ဖြင့်အများဆုံးဖြစ်ပွားခဲ့ကာ မီးဖိုမီးကြောင့် ၅၂ ကြိမ်၊ပေါ့ဆမီးကြောင့် ၅၆ ကြိမ်၊အလိုအလျှောက်မီး ၂ ကြိမ်၊မသမာသူရှို့မီးကြောင့် ၃၆ ကြိမ်၊တောမီးကြောင့် ၁၂ ကြိမ်၊သောင်းကျန်းသူရှို့မီးကြောင့် ၁၅ ကြိမ်နှင့် စုံစမ်းဆဲမီးလောင်မှု ၅ ကြိမ်ဖြစ်ပေါ်ခဲ့သည်ဟု မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ စာရင်းများအရ သိရသည်။

ထို့ပြင် မီးလောင်မှုများကြောင့် အဆောက်အဦး ၇၁၂ လုံး၊စက်ရုံ၊အလုပ်ရုံ ၃ လုံး၊ဂိုထောင် ၃၃ လုံးပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

“၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလမှာ တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ မီးလောင်မှုအကြိမ်ရေ ၂၃၇ ကြိမ် ဆုံးရှုံးမှုတန်ဖိုးက ငွေကျပ် ၂၉၆ ဒသမ ၃၄၀ သန်းဆုံးရှုံးခဲ့တာကြောင့် ဒီနှစ် ဖေဖော်ဝါရီလအတွင်း မီးလောင်မှုအကြိမ်ရေနဲ့ဆုံးရှုံးမှုတန်ဖိုးက ပိုပြီးများပါတယ် မီးလောင်မှုအကြိမ်ရေလျော့ကျလာမှ ဆုံးရှုံးမှူတန်ဖိုးတွေလည်းလျော့ကျလာမှာပါ” ဟု လက်ထောက်ညွှန်ကြားရေးမှူးဦးသက်ထွေးအောင်ကပြောသည်။

မီးလောင်မှုများပိုမိုဖြစ်ပွားလာသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးဘေးကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zaw Gyi

ေဖေဖာ္ဝါရီလအတြင္း ျမန္မာတစ္ႏိုင္ငံလုံး၌ မီး ေလာင္မႈ ၂၅၄ ႀကိမ္္ျဖစ္ပြားၿပီး ၁၃ ဦးေသဆုံးခဲ့

ျမန္မာတစ္ႏိုင္လုံးအတိုင္းအတာျဖင့္ ၂၀၂၂ ခုႏွစ္၊ေဖေဖာ္ဝါရီလအတြင္း မီးေလာင္မႈေပါင္း ၂၅၄ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ၁၃ ဦးေသဆုံးခဲ့ကာ ၁၉ ဦးထိ ခိုက္ဒဏ္ရာမ်ားရရွိခဲ့သည္ဟု ျမန္မာႏိုင္ငံမီး သတ္တပ္ဖြဲ႕ဌာနခ်ဳပ္၏ စာရင္းမ်ားအရ သိရသည္။

မီးေလာင္မႈမ်ားေၾကာင့္ မီးေဘးသင့္ျပည္သူ ၁၀၄၁ ဦးရွိခဲ့ကာ ပ်က္စီးဆုံးရႈံးမႈတန္ဖိုး ေငြက်ပ္ ၉၇၂ ဒသမ ၄၄၈ သန္းရွိေၾကာင္း သိရသည္။

“တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေဖေဖာ္ဝါရီလအ တြင္းမွာ မီးေလာင္မႈ ၂၅၄ ႀကိမ္ရွိခဲ့ပါတယ္ ရန္ ကုန္တိုင္းက ၃၅ ႀကိမ္နဲ႔အမ်ားဆုံးျဖစ္ခဲ့ၿပီး မႏၲ ေလးတိုင္းကေတာ့ ၃၄ ႀကိမ္နဲ႔ ဒုတိယအမ်ားဆုံးပါ ရွမ္းျပည္နယ္ကေတာ့ ၃၁ ႀကိမ္နဲ႔ တတိယအ မ်ားဆုံးျဖစ္ခဲ့ပါတယ္”ဟု ျပည္ထဲေရးဝန္ႀကီးဌာန၊မီးသတ္ဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉးဦးသက္ေထြးေအာင္ကေျပာသည္။

မီးေလာင္မႈျဖစ္စဥ္မ်ားတြင္ လွ်ပ္စစ္မီးေၾကာင့္ မီး ေလာင္ကြၽမ္းမႈမွာ ၇၆ ႀကိမ္ျဖင့္အမ်ားဆုံးျဖစ္ပြားခဲ့ကာ မီးဖိုမီးေၾကာင့္ ၅၂ ႀကိမ္၊ေပါ့ဆမီးေၾကာင့္ ၅၆ ႀကိမ္၊အလိုအေလွ်ာက္မီး ၂ ႀကိမ္၊မသမာသူရႈိ႕မီးေၾကာင့္ ၃၆ ႀကိမ္၊ေတာမီးေၾကာင့္ ၁၂ ႀကိမ္၊ေသာင္းက်န္းသူရႈိ႕မီးေၾကာင့္ ၁၅ ႀကိမ္ႏွင့္ စုံစမ္းဆဲမီးေလာင္မႈ ၅ ႀကိမ္ျဖစ္ေပၚခဲ့သည္ဟု ျမန္မာ ႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္၏ စာရင္းမ်ားအရ သိရသည္။

ထို႔ျပင္ မီးေလာင္မႈမ်ားေၾကာင့္ အေဆာက္အဦး ၇၁၂ လုံး၊စက္႐ုံ၊အလုပ္႐ုံ ၃ လုံး၊ဂိုေထာင္ ၃၃ လုံးပ်က္စီးဆုံးရႈံးခဲ့သည္ဟု သိရသည္။

“၂၀၂၁ ခုႏွစ္၊ေဖေဖာ္ဝါရီလမွာ တစ္ႏိုင္ငံလုံးအ တိုင္းအတာနဲ႔ မီးေလာင္မႈအႀကိမ္ေရ ၂၃၇ ႀကိမ္ ဆုံးရႈံးမႈတန္ဖိုးက ေငြက်ပ္ ၂၉၆ ဒသမ ၃၄၀ သန္းဆုံးရႈံးခဲ့တာေၾကာင့္ ဒီႏွစ္ ေဖေဖာ္ဝါရီလအတြင္း မီးေလာင္မႈအႀကိမ္ေရနဲ႔ဆုံးရႈံးမႈတန္ဖိုးက ပိုၿပီးမ်ားပါတယ္ မီးေလာင္မႈအႀကိမ္ေရေလ်ာ့က်လာမွ ဆုံးရႈံးမႉတန္ဖိုးေတြလည္းေလ်ာ့က်လာမွာပါ” ဟု လက္ေထာက္ၫႊန္ၾကားေရးမႉးဦးသက္ေထြးေအာင္ကေျပာသည္။

မီးေလာင္မႈမ်ားပိုမိုျဖစ္ပြားလာသျဖင့္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ မီးေဘးႀကိဳတင္ကာ ကြယ္ေရးလုပ္ငန္းမ်ားအား အရွိန္အဟုန္ျမႇင့္တင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here