မန္တလေးတွင်ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
123

မန္တလေးတွင်ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊သံလျှက်မှော်အရှေ့ရပ်ကွက်၊၄၁လမ်း၊၈၉လမ်းနှင့်လမ်း၉၀ကြားတွင် မတ်လ၇ရက်နံနက်၇နာရီ၂၀မိနစ်က အမည်မသိအမျိုးသားနှစ်ဦးမှ အဆိုပါရပ်ကွက်၏ ရာအိမ်မှူးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ဖောင်းဖောင်းဆိုပြီး သေနတ်သံကြားလို့ လမ်းပေါ်
ကြည့်လိုက်တော့ လူတစ်ယောက် ၄၁လမ်းပေါ်မှာ လဲကျနေတာတွေ့လိုက်တယ်။ခဏနေတော့ လုံခြုံရေးတပ်ဖွဲ့တွေရောက်လာပြီး စစ်ဆေးရေးလုပ်နေတာတွေ့တယ်။သေနတ်ပစ်ခံရတဲ့သူကို တော့ လူနာတင်ယာဉ်နဲ့တင်ခေါ်သွားတယ်´´ ၄၁လမ်းနေ ဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့် ပစ်ခံရသည့် ဖြစ်စဉ်မှာ ၄၁လမ်း၊၈၉လမ်းနှင့်လမ်း၉၀ကြားတွင် ရာအိမ်မှူးဦးမျိုးလွင်သည် နံနက်စာ ဝယ်ယူရန်ထွက်လာစဉ် ၄၁လမ်းအတိုင်း အနောက်မှ အရှေ့သို့ စကိုဖီးအနက်ရောင်ဆိုင်ကယ် မောင်းနှင်လာသော အမည်မသိအမျိုးသားလူငယ်နှစ်ဦးက ဦးမျိုးလွင်အား သေနတ်ဖြင့် ၇ချက်ခန့်ပစ်ပြီး ၄၁လမ်းအတိုင်းအရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ဦးမျိုးလွင်မှာ သေနတ်ဖြင့် ပစ်ခံရမှုကြောင့် ဝဲလက်မောင်း ကျည်ဖောက်ထွက်ဒဏ်ရာ၃ချက်၊ဝဲရင်အုပ် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ ဝဲတင်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)တို့ရရှိခဲ့ပြီး လူမှူကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့်ဇန်နဝါရီလများကလည်း လက်လုပ်ဗုံးပေါက်ကွဲမှုနှင့်သေနတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်စဉ်များသည် ၄ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here