သီပေါဘဏ်ဓါးပြတိုက်မှုတွင်ပါဝင်သော တရားခံ ၆ ဦးအားဖမ်းမိ

0
280

သီပေါဘဏ်ဓါးပြတိုက်မှုတွင်ပါဝင်သော တရားခံ ၆ ဦးအားဖမ်းမိ

၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် သီပေါမြို့၊ ပန်းတိမ်မြောက်ရပ်ကွက်၊ သရဖီလမ်းရှိ ကမ္ဘောဇဘဏ်အား အရပ်ဝတ် ဝတ်ဆင်ထားသူ (၃)ဦးမှ ပစ္စတို ၁ လက် ဖြင့် ခြိမ်းခြောက်ပြီး ဘဏ်ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့ မှ တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၂ခုနှစ် မတ် ၆ ရက်နေ့တွင် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် တရားခံ ကျား ၄ ဦး မ ၂ ဦး ပေါင်း ၆ ဦးတို့အား သိန်း ၈၄၅ ကျပ် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်အား လုံခြုံရေး ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ဘဏ်လုံခြုံရေးတာဝန်ထမ်းဆောင် နေသော ဦးနောင်နောင်ထွန်း သည် ဘဏ်ဘေးတံခါး၌ ရပ်နေစဉ် ပြည်ထောင်စု လမ်းမကြီးမှ သရဖီလမ်းသို့ မောင်းနှင်လာသော DAIA ယာဉ်အမျိုးအစား (အဖြူရောင်) ယာဉ်အမှတ်၊ စိစစ်ဆဲ ၁ စီး သည် ဘဏ်ဘေးသို့ရောက်ရှိလာပြီး ယာဉ်ပေါ်မှ အမျိုးသား ၃ ဦး က ဘဏ်အတွင်းသို့ ပြေးဝင်လာခဲ့ကြောင်းသိရသည်။

၎င်းတို့အထဲမှ အမျိုးသား ၁ ဦး သည် ဘဏ်လုံခြုံရေးဝန်ထမ်း ဦးနောင်နောင်ထွန်း၏ နားထင်အား သနတ်ဖြင့်ချိန်၍ ကျန်အမျိုးသား ၂ ဦးမှ မောင်းချဓားများကိုင်ဆောင်ကာ ဘဏ်အတွင်းရှိ လက်ထောက်မန်နေဂျာ ဦးသိန်းရွှေမြင့် နှင့် ဘဏ်ဝန်ထမ်း အမျိုးသမီး ၅ ဦး တို့အား ကြမ်းပြင်တွင်မှောက်ခိုင်းခဲ့သည်။ ၎င်းနောက် ဘဏ်ကောင်တာရှိငွေများအား ဇစ်ဆွဲဆာလာအိတ် ၂ လုံးထဲသို့ ထည့်၍ အနောက်ဘက် အောင်သပြေလမ်း၊ ၎င်းမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးဘက်သို့ မောင်းနှင် ထွက်ပြေးသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here