ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသောအမှုအတွက် ဦးဖြိုးမင်းသိန်းနှင့် ဇနီး လာရောက်ထွက်ဆို

0
135

(Unicode)

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသောအမှုအတွက် ဦးဖြိုးမင်းသိန်းနှင့် ဇနီး လာရောက်ထွက်ဆို

ဒေါ်အောင်ဆန်းစုကြည်အား ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်၍ စွဲဆိုထားသော အဂတိအမှုတစ်မှုအတွက် ယနေ့(မတ် ၇)ရက်တွင် ဦးဖြိုးမင်းသိန်းနှင့်ဇနီးအပါအဝင် လေးဦး ပြန်ခေါ်သက်သေအဖြစ် လာရောက်အစစ်ဆေးခံခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူအချို့ထံမှသိရသည်။

ယနေ့ ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်း၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်၊ ဦးရဲထက်နှင့် ဦးမောင်မောင်ကြည်တို့လေးဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခဲ့ကြကြောင်းသိရသည်။

အမှုနှင့်ပတ်သက်၍ ပြန်ခေါ်သက်သေလေးဦးကို မည့်သည့်အကြောင်းအရာများ စစ်ဆေးခဲ့သည်ကိုမူ ရှေ့နေအဖွဲ့ဝင်များ အနေဖြင့် မီဒီယာဖြေဆိုခွင့် ပိတ်ထားသောကြောင့် အသေးစိတ်မပြောကြားပေ။

အဆိုပါအမှုနှင့်ပတ်သက်၍ အပတ်စဥ်ပုံမှန်တနလာ်နေ့သို့ ချိန်ဆိုးထားသည်။

ယနေ့ စစ်ဆေးခဲ့သည်အမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးဖြိုးမင်းသိန်းထံမှ အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီအခေါက်ရွှေ ခုနှစ်ပိသာ ရယူခဲ့သည့်ဆိုသော်အမှုအတွက် ပြန်ခေါ်သက်သေစစ်ဆေးခြင်းဖြစ်သည်။

မနက်ဖြန် (မတ် ၈ )ရက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာရံပုံငွေမှ ရဟတ်ယဥ်ဝယ်ယူသုံးစွဲခြင်း၊ ငှာရမ်းခြင်းနှင့်ပတ်သက်၍ စွဲဆိုထားသော ရာကြီးအမှုအမှတ် (၄၆)၊(၄၇)၊(၄၈)၊ (၄၉)နှင့် (၅၀) အမှု ငါးမှုအတွက် ကျန်ရှိနေသော တရားလိုများကို ဆက်လက်စစ်ဆေးကြားနာသွားမည်ဖြစ်ကြောင်းသိရသည်။

ယနေ့ရုံးချိန်းတွင်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမရေးကောင်းမွန်လျက်ရှိကြောင်း ဆိုသည်။

နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် အမှု ၅ မှုဖြင့် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရပြီး အဂတိမှု ၁၁ မှု၊ နိုင်ငံတော်လျှို့ဝှက်အက်အမှုတစ်မှု၊ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု တစ်မှုတို့ကို ဆက်လက်ရင်ဆိုင်နေရသည်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္အား စြဲဆိုထားေသာအမႈအတြက္ ဦးၿဖိဳးမင္းသိန္းႏွင့္ ဇနီး လာေရာက္ထြက္ဆို

ေဒၚေအာင္ဆန္းစုၾကည္အား ဦးၿဖိဳးမင္းသိန္းႏွင့္ ပတ္သက္၍ စြဲဆိုထားေသာ အဂတိအမႈတစ္မႈအတြက္ ယေန႔(မတ္ ၇)ရက္တြင္ ဦးၿဖိဳးမင္းသိန္းႏွင့္ဇနီးအပါအဝင္ ေလးဦး ျပန္ေခၚသက္ေသအျဖစ္ လာေရာက္အစစ္ေဆးခံခဲ့ေၾကာင္း ေရွ႕ေနအသိုင္းအဝိုင္းႏွင့္နီးစပ္သူအခ်ိဳ႕ထံမွသိရသည္။

ယေန႔ ႐ုံးခ်ိန္းတြင္ ဦးၿဖိဳးမင္းသိန္း၊ ၎၏ဇနီးျဖစ္သူ ေဒၚခင္မိမိႂကြယ္၊ ဦးရဲထက္ႏွင့္ ဦးေမာင္ေမာင္ၾကည္တို႔ေလးဦးကို ျပန္ေခၚသက္ေသအျဖစ္ စစ္ေဆးခဲ့ၾကေၾကာင္းသိရသည္။

အမႈႏွင့္ပတ္သက္၍ ျပန္ေခၚသက္ေသေလးဦးကို မည့္သည့္အေၾကာင္းအရာမ်ား စစ္ေဆးခဲ့သည္ကိုမူ ေရွ႕ေနအဖြဲ႕ဝင္မ်ား အေနျဖင့္ မီဒီယာေျဖဆိုခြင့္ ပိတ္ထားေသာေၾကာင့္ အေသးစိတ္မေျပာၾကားေပ။

အဆိုပါအမႈႏွင့္ပတ္သက္၍ အပတ္စဥ္ပုံမွန္တနလာ္ေန႔သို႔ ခ်ိန္ဆိုးထားသည္။

ယေန႔ စစ္ေဆးခဲ့သည္အမႈမွာ ေဒၚေအာင္ဆန္းစုၾကည္က ဦးၿဖိဳးမင္းသိန္းထံမွ အေမရိကန္ေဒၚလာ ေျခာက္သိန္းႏွင့္ အကယ္ဒမီအေခါက္ေ႐ႊ ခုႏွစ္ပိသာ ရယူခဲ့သည့္ဆိုေသာ္အမႈအတြက္ ျပန္ေခၚသက္ေသစစ္ေဆးျခင္းျဖစ္သည္။

မနက္ျဖန္ (မတ္ ၈ )ရက္တြင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာရံပုံေငြမွ ရဟတ္ယဥ္ဝယ္ယူသုံးစြဲျခင္း၊ ငွာရမ္းျခင္းႏွင့္ပတ္သက္၍ စြဲဆိုထားေသာ ရာႀကီးအမႈအမွတ္ (၄၆)၊(၄၇)၊(၄၈)၊ (၄၉)ႏွင့္ (၅၀) အမႈ ငါးမႈအတြက္ က်န္ရွိေနေသာ တရားလိုမ်ားကို ဆက္လက္စစ္ေဆးၾကားနာသြားမည္ျဖစ္ေၾကာင္းသိရသည္။

ယေန႔႐ုံးခ်ိန္းတြင္ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမေရးေကာင္းမြန္လ်က္ရွိေၾကာင္း ဆိုသည္။

ႏိုင္ငံေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္သည္ လက္ရွိတြင္ အမႈ ၅ မႈျဖင့္ ေထာင္ဒဏ္ ၆ ႏွစ္ခ်မွတ္ခံထားရၿပီး အဂတိမႈ ၁၁ မႈ၊ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အက္အမႈတစ္မႈ၊ ေ႐ြးေကာက္ပြဲမေလ်ာ္ဩဇာသုံးမႈ တစ္မႈတို႔ကို ဆက္လက္ရင္ဆိုင္ေနရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here