ကရင်ပြည်နယ်ရှိ မြို့နယ် ၇ ခုမှကျောင်းသား၊ကျောင်းသူ ခြောက်ထောင်ခန့် တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုမည်

0
202

(Unicode)

ကရင်ပြည်နယ်ရှိ မြို့နယ် ၇ ခုမှကျောင်းသား၊ကျောင်းသူ ခြောက်ထောင်ခန့် တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုမည်

ကရင်ပြည်နယ်ရှိ မြို့နယ် ၇ ခုမှကျောင်းသား၊ကျောင်းသူ ၅၉၀၃ ဦးသည် ၂၀၂၂ ခုနှစ်၊တက္က သိုလ်ဝင်စာမေးပွဲအားဝင်ရောက်ဖြေဆိုမည်ဖြစ် သည်ဟု ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

ဘားအံမြို့နယ်မှ ၂၀၄၉ ဦး၊ လှိုင်းဘွဲမြို့နယ်မှ ၈၈၇ ဦး၊ သံတောင်ကြီးမြို့နယ်မှ ၂၀၀ ဦး၊ ဖာပွန်မြို့နယ်မှ ၂၄၂ ဦး၊ ကော့ကရိတ်မြို့နယ်မှ ၁၁၂၀ ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ၇၄၀ ဦးနှင့်မြဝတီမြို့နယ်မှ ၆၆၅ ဦး(စုစုပေါင်း ၅၉၀၃ ဦး)ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။

အဆိုပါ မြို့နယ် ၇ ခုတွင်စာစစ်ဌာန ၂၈ ခုဖွင့်လှစ်ထားသည်ဟု ကရင်ပြည်နယ်၊ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

ထိုသို့ ဖြေဆိုရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ၏ အ တွဲ ၁ အား ၄၀၃၂ ဦး၊ အတွဲ ၂ အား ၈၇၅ ဦး၊ အတွဲ ၅ အား ၁ ဦး၊ အတွဲ ၇ အား ၉၇၆ ဦး၊ အတွဲ ၈ အား ၁၉ ဦးဖြေဆိုမည်ဖြစ်ကာ ကျောင်းတွင်းဖြေဆိုသူ ၄၅၁၄ ဦးနှင့်ပြင်ပဖြေဆိုသူ ၁၃၈၉ ဦးရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ် ၃၁ ရက်မှဧပြီ ၉ ရက်အထိကျင်းပပြုလုပ်မည်ဖြစ်သည်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here