ကားပေါ်တွင် နိုင်ငံခြားသားအသတ်ခံရပြီး ငွေကျပ်သိန်း ၃ ထောင်ကျော်နှင့်အတူကားမောင်းသူပျောက်နေ

0
266

(Unicode)

ကားပေါ်တွင် နိုင်ငံခြားသားအသတ်ခံရပြီး ငွေကျပ်သိန်း ၃ ထောင်ကျော်နှင့်အတူကားမောင်းသူပျောက်နေ

ရန်ကုန်မြို့၊သန်လျင်မြို့၊အောင်သပြေလမ်းနှင့် GTI တက္ကသိုလ်အနီးတွင် အ လွမ်းဆွတ်ကျေးရွာရှိ Leader One အ ထည်ချုပ်စက်ရုံပိုင်ရှင် ၊ဟောင်ကောင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားတစ်ဦး ကားပေါ်၌အသတ်ခံထားရသည်ကို မတ် ၄ ရက်ကတွေ့ရှိခဲ့ပြီး ငွေကျပ် ၃၅၄၀ သိန်းနှင့်အတူ ကားမောင်းသူပျောက်ဆုံးနေကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

အထည်ချုပ်စက်ရုံပိုင်ရှင် ဟောင်ကောင်နိုင်ငံကူးလက်မှတ်အမှတ်(KJ0713397) ကိုင်ဆောင်ထားသည့် Mr. Ho Sik Hong သည် မတ် ၄ ရက်ညနေ ၄ နာရီခွဲခန့်က လမ်းမတော်မြို့နယ်၊ ၉ လမ်း၊အမှတ် ၅၉ မြေညီထပ်နေ ကုမ္ပဏီဒါရိုက်တာ၏ ရုံးခန်းမှ ဦးလှမင်းမျိုး မောင်းနှင်သည့် Alphard ကားဖြင့် သန်လျင်မြို့နယ်၊အလွမ်းဆွတ်ကျေးရွာရှိ အထည်ချုပ်စက်ရုံသို့ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်အတူ Leader One အထည်ချုပ် စက်ရုံဝန်ထမ်းများအား လစာအဖြစ်ပေးချေမည့် ငွေကျပ် ၃၅၄၀ သိန်းအား ယူဆောင်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာခဲ့ရာမှ Mr. Ho Sik Hong နှင့်ကားမောင်းသူ ဦးလှမင်းမျိုး တို့ သည်အထည်ချုပ်စက်ရုံသို့ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးလျက်ရှိကာ ၎င်းနေထိုင်သည့် Star City အိမ်ယာရှိ အ မှတ်-A ၊ အခန်းအမှတ် ၂၁၂ သို့လည်းပြန်လည်ရောက်ရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

“ဖြစ်စဥ်မှာကတော့ အလောင်းကိုပြန်တွေ့တဲ့အချိန်မှာ လစာပေးဖို့ယူလာတဲ့ပိုက်ဆံတွေကော ကားမောင်းတဲ့လူကော မတွေ့ရတော့ဘူး။ ဖြစ်စဥ်ကိုတော့ သေချာအသေးစိတ်စစ်ဆေးနေပါတယ် ကားပေါ်မှာပဲအသတ်ခံလိုက်ရတယ်လို့ စစ်ဆေးသိရှိထားပါတယ်”ဟုရဲအရာရှိတစ်ဦးကပြော သည်။

လစာငွေများနှင့်အတူ ပျောက်ဆုံးနေသည့် ကားမောင်းသူ ဦးလှမင်းမျိုးသည် ကျောက်တန်းမြို့ နယ်၌ နေထိုင်သူဖြစ် ကြောင်း သိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များမှသွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကားမောင်းတဲ့လူကိုင်တဲ့ဖုန်းနံပါတ်တွေက အကုန်စက်ပိတ်ထားတယ်ဟုရဲ တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်အား သန်လျင်မြို့မရဲစခန်းက (ပ)၇၈ / ၂၀၂၂၊ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ၊ ၃၉၄ တို့ဖြင့်အမှုဖွင့်ကာ ပြစ် မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအ တွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo Credit _ Internet

(Zawgyi)

ကားေပၚတြင္ ႏိုင္ငံျခားသားအသတ္ခံရၿပီး ေငြက်ပ္သိန္း ၃ ေထာင္ေက်ာ္ႏွင့္အတူကားေမာင္းသူေပ်ာက္ေန

ရန္ကုန္ၿမိဳ႕၊သန္လ်င္ၿမိဳ႕၊ေအာင္သေျပလမ္းႏွင့္ GTI တကၠသိုလ္အနီးတြင္ အ လြမ္းဆြတ္ေက်း႐ြာရွိ Leader One အ ထည္ခ်ဳပ္စက္႐ုံပိုင္ရွင္ ၊ေဟာင္ေကာင္ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသည့္ ႏိုင္ငံျခားသားတစ္ဦး ကားေပၚ၌အသတ္ခံထားရသည္ကို မတ္ ၄ ရက္ကေတြ႕ရွိခဲ့ၿပီး ေငြက်ပ္ ၃၅၄၀ သိန္းႏွင့္အတူ ကားေမာင္းသူေပ်ာက္ဆုံးေနေၾကာင္း ရန္ ကုန္တိုင္းရဲတပ္ဖြဲ႕မွ သိရသည္။

အထည္ခ်ဳပ္စက္႐ုံပိုင္ရွင္ ေဟာင္ေကာင္ႏိုင္ငံကူးလက္မွတ္အမွတ္(KJ0713397) ကိုင္ေဆာင္ထားသည့္ Mr. Ho Sik Hong သည္ မတ္ ၄ ရက္ညေန ၄ နာရီခြဲခန္႔က လမ္းမေတာ္ၿမိဳ႕နယ္၊ ၉ လမ္း၊အမွတ္ ၅၉ ေျမညီထပ္ေန ကုမၸဏီဒါ႐ိုက္တာ၏ ႐ုံးခန္းမွ ဦးလွမင္းမ်ိဳး ေမာင္းႏွင္သည့္ Alphard ကားျဖင့္ သန္လ်င္ၿမိဳ႕နယ္၊အလြမ္းဆြတ္ေက်း႐ြာရွိ အထည္ခ်ဳပ္စက္႐ုံသို႔ ထြက္ခြာလာခဲ့ျခင္းျဖစ္သည္။

၎ႏွင့္အတူ Leader One အထည္ခ်ဳပ္ စက္႐ုံဝန္ထမ္းမ်ားအား လစာအျဖစ္ေပးေခ်မည့္ ေငြက်ပ္ ၃၅၄၀ သိန္းအား ယူေဆာင္လာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ထြက္ခြာခဲ့ရာမွ Mr. Ho Sik Hong ႏွင့္ကားေမာင္းသူ ဦးလွမင္းမ်ိဳး တို႔ သည္အထည္ခ်ဳပ္စက္႐ုံသို႔ေရာက္ရွိလာျခင္းမရွိဘဲ ေပ်ာက္ဆုံးလ်က္ရွိကာ ၎ေနထိုင္သည့္ Star City အိမ္ယာရွိ အ မွတ္-A ၊ အခန္းအမွတ္ ၂၁၂ သို႔လည္းျပန္လည္ေရာက္ရွိခဲ့ျခင္းမရွိေၾကာင္း သိရသည္။

“ျဖစ္စဥ္မွာကေတာ့ အေလာင္းကိုျပန္ေတြ႕တဲ့အခ်ိန္မွာ လစာေပးဖို႔ယူလာတဲ့ပိုက္ဆံေတြေကာ ကားေမာင္းတဲ့လူေကာ မေတြ႕ရေတာ့ဘူး။ ျဖစ္စဥ္ကိုေတာ့ ေသခ်ာအေသးစိတ္စစ္ေဆးေနပါတယ္ ကားေပၚမွာပဲအသတ္ခံလိုက္ရတယ္လို႔ စစ္ေဆးသိရွိထားပါတယ္”ဟုရဲအရာရွိတစ္ဦးကေျပာ သည္။

လစာေငြမ်ားႏွင့္အတူ ေပ်ာက္ဆုံးေနသည့္ ကားေမာင္းသူ ဦးလွမင္းမ်ိဳးသည္ ေက်ာက္တန္းၿမိဳ႕ နယ္၌ ေနထိုင္သူျဖစ္ ေၾကာင္း သိရွိရသျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ားမွသြားေရာက္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

ကားေမာင္းတဲ့လူကိုင္တဲ့ဖုန္းနံပါတ္ေတြက အကုန္စက္ပိတ္ထားတယ္ဟုရဲ တပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

ျဖစ္စဥ္အား သန္လ်င္ၿမိဳ႕မရဲစခန္းက (ပ)၇၈ / ၂၀၂၂၊ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၀၂ ၊ ၃၉၄ တို႔ျဖင့္အမႈဖြင့္ကာ ျပစ္ မႈက်ဴးလြန္သူအားဖမ္းဆီးရမိေရးအ တြက္ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Photo Credit _ Internet


LEAVE A REPLY

Please enter your comment!
Please enter your name here