ပခုက္ကူမြို့နယ် အရှေ့ကမ်းဖြူကျေးရွာတွင် ရာအိမ်မှူးတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

0
173

(Unicode)

ပခုက္ကူမြို့နယ် အရှေ့ကမ်းဖြူကျေးရွာတွင် ရာအိမ်မှူးတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

မကွေးတိုင်းဒေသကြီးမြို့နယ်၊ပခုက္ကူမြို့နယ်၊အရှေ့ ကမ်းဖြူကျေးရွာတွင် မတ်လ၇ရက် နံနက်၁၁နာရီခန့်က ရာအိမ်မှူးဦးအောင်ထွေးအား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ရာအိမ်မှူးဦးအောင်ထွေးသည် အရှေ့ ကမ်းဖြူကျေးရွာရှိ ၎င်း၏နေအိမ်တွင် ရှိနေစဉ် လက်နက်ကိုင်၆ဦးမှ ဆိုင်ကယ်၃စီးဖြင့် ရောက်ရှိလာပြီး ဒလန်ဆိုကာ ဖမ်းဆီးသွားပြီး ဥယျာဉ်စုကျေးရွာအနီး သေနတ်ဖြင့် ပစ်၍ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ဦးအောင်ထွေးမှာ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ၊မျက်လုံးပေါက်ထွက်ဒဏ်ရာများဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လုံခြံရေးတပ်ဖွဲ့အသိုင်းမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူမြို့နယ်၊ဂန့်ဂေါမြို့နယ်များရှိ ကျေးရွာများတွင် ရာအိမ်မှူးများ၊ဌာနဆိုင်ရာဝန်ထမ်းများ၊စစ်မှုထမ်းဟောင်းများ၊ကြံ့ခိုင်ရေးပါတီဝင်များအား ဒလန်ဟုသတ်မှတ်ပြီးဖမ်းဆီးသတ်ဖြတ်ခံရမှုများဆက်တိုက်ရှိလာနေသည်ဟုသိရသည်။

(Zawgyi)

ပခုကၠဴၿမိဳ႕နယ္ အေရွ႕ကမ္းျဖဴေက်း႐ြာတြင္ ရာအိမ္မႉးတစ္ဦး ဖမ္းဆီးသတ္ျဖတ္ခံရ

မေကြးတိုင္းေဒသႀကီးၿမိဳ႕နယ္၊ပခုကၠဴၿမိဳ႕နယ္၊အေရွ႕ ကမ္းျဖဴေက်း႐ြာတြင္ မတ္လ၇ရက္ နံနက္၁၁နာရီခန္႔က ရာအိမ္မႉးဦးေအာင္ေထြးအား လက္နက္ကိုင္အဖြဲ႕ တစ္ဖြဲ႕မွ ဖမ္းဆီးသတ္ျဖတ္ခံခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ စုံစမ္းသိရွိရသည္။

ျဖစ္စဥ္မွာ ရာအိမ္မႉးဦးေအာင္ေထြးသည္ အေရွ႕ ကမ္းျဖဴေက်း႐ြာရွိ ၎၏ေနအိမ္တြင္ ရွိေနစဥ္ လက္နက္ကိုင္၆ဦးမွ ဆိုင္ကယ္၃စီးျဖင့္ ေရာက္ရွိလာၿပီး ဒလန္ဆိုကာ ဖမ္းဆီးသြားၿပီး ဥယ်ာဥ္စုေက်း႐ြာအနီး ေသနတ္ျဖင့္ ပစ္၍ သတ္ျဖတ္ျခင္းကို ခံခဲ့ရျခင္းျဖစ္သည္။

ဦးေအာင္ေထြးမွာ ဦးေခါင္းေနာက္ေစ့ ပြင့္ထြက္ဒဏ္ရာ၊မ်က္လုံးေပါက္ထြက္ဒဏ္ရာမ်ားျဖင့္ ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း လုံၿခံေရးတပ္ဖြဲ႕အသိုင္းမွ သိရသည္။

မေကြးတိုင္းေဒသႀကီးအတြင္း ပခုကၠဴၿမိဳ႕နယ္၊ဂန္႔ေဂါၿမိဳ႕နယ္မ်ားရွိ ေက်း႐ြာမ်ားတြင္ ရာအိမ္မႉးမ်ား၊ဌာနဆိုင္ရာဝန္ထမ္းမ်ား၊စစ္မႈထမ္းေဟာင္းမ်ား၊ႀကံ့ခိုင္ေရးပါတီဝင္မ်ားအား ဒလန္ဟုသတ္မွတ္ၿပီးဖမ္းဆီးသတ္ျဖတ္ခံရမႈမ်ားဆက္တိုက္ရွိလာေနသည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here