အမရပူရမြို့နယ်တွင် စကားပြောနေသူများအနီးသို့ လက်လုပ်မိုင်းဖြင့်ပစ်ခတ်ခံရ၍ ၄ ဦးဒဏ်ရာရ

0
165

(Unicode)

အမရပူရမြို့နယ်တွင် စကားပြောနေသူများအနီးသို့ လက်လုပ်မိုင်းဖြင့်ပစ်ခတ်ခံရ၍ ၄ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊ဥယျာဥ် တော်ကျေးရွာအုပ်စု၊သရက်တန်းကျေးရွာတွင် စကားပြောနေသူများအနီးသို့ လက်လုပ်မိုင်းဖြင့်ပစ်ခတ်ခဲ့မှု မတ် ၇ ရက်ညပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

သရက်တန်းကျေးရွာရှိ ဦးဇော်၏နေအိမ်တွင် ဦးကောင်းကြွယ်၊မဌေးမြိုင်၊မခင်မျိုးကြည်၊မသန္တာခင်တို့သည် အိမ်ဝိုင်းတွင်းရှိ‌စားပွဲဝိုင်း၌ ထိုင်၍စကားပြောနေစဥ် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လက်လုပ်မိုင်းဖြင့်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အမည်မသိအမျိုးသား ၂ ဦးမှဆိုင်ကယ်ဖြင့် အရှေ့ဘက်မှအနောက်ဘက်သို့မောင်းနှင်လာကာ အခင်းဖြစ်အိမ်ရှေ့အရောက် လက်လုပ်မိုင်းဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်လုပ်မိုင်းနဲ့ဆိုင်ကယ်ရပ်ပြီးအိမ်ရှေ့ကနေ လှမ်းပစ်လိုက်တာ ထိုင်ပြီးစကားပြောနေတဲ့လူ ၄ ယောက်နားကိုကျပြီးပေါက်ကွဲသွားတာ ၄ ယောက်လုံးဒဏ်ရာရသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဦကောင်းကြွယ်(၆၇)နှစ်၊မဌေးကြည်(၃၉)နှစ်၊မခင်မျိုးကြည်(၄၁)နှစ်ခန့်နှင့်မသန္တာခင်(၃၀)နှစ်ခန့်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာ ဘောစေ့အလုံး ၃၀ အားရှာဖွေတွေ့ရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

(Zawgyi)

အမရပူရၿမိဳ႕နယ္တြင္ စကားေျပာေနသူမ်ားအနီးသို႔ လက္လုပ္မိုင္းျဖင့္ပစ္ခတ္ခံရ၍ ၄ ဦးဒဏ္ရာရ

မႏၲေလးတိုင္း၊အမရပူရၿမိဳ႕နယ္၊ဥယ်ာဥ္ေတာ္ေက်းရြာအုပ္စု၊သရက္တန္းေက်းရြာတြင္ စကားေျပာေနသူမ်ားအနီးသို႔ လက္လုပ္မိုင္းျဖင့္ပစ္ခတ္ခဲ့မွု မတ္ ၇ ရက္ညပိုင္းက ျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားထံမွသိရသည္။

သရက္တန္းေက်းရြာရွိ ဦးေဇာ္၏ေနအိမ္တြင္ ဦးေကာင္းႂကြယ္၊မေဌးၿမိဳင္၊မခင္မ်ိဳးၾကည္၊မသႏၲာခင္တို႔သည္ အိမ္ဝိုင္းတြင္းရွိ‌စားပြဲဝိုင္း၌ ထိုင္၍စကားေျပာေနစဥ္ ည ၈ နာရီ ၁၅ မိနစ္ခန့္တြင္ လက္လုပ္မိုင္းျဖင့္ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

အမည္မသိအမ်ိဳးသား ၂ ဦးမွဆိုင္ကယ္ျဖင့္ အေရွ႕ဘက္မွအေနာက္ဘက္သို႔ေမာင္းႏွင္လာကာ အခင္းျဖစ္အိမ္ေရွ႕အေရာက္ လက္လုပ္မိုင္းျဖင့္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“လက္လုပ္မိုင္းနဲ႔ဆိုင္ကယ္ရပ္ၿပီးအိမ္ေရွ႕ကေန လွမ္းပစ္လိုက္တာ ထိုင္ၿပီးစကားေျပာေနတဲ့လူ ၄ ေယာက္နားကိုက်ၿပီးေပါက္ကြဲသြားတာ ၄ ေယာက္လုံးဒဏ္ရာရသြားတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

လက္လုပ္မိုင္းေပါက္ကြဲမွုေၾကာင့္ ဦေကာင္းႂကြယ္(၆၇)ႏွစ္၊မေဌးၾကည္(၃၉)ႏွစ္၊မခင္မ်ိဳးၾကည္(၄၁)ႏွစ္ခန႔္ႏွင့္မသႏၲာခင္(၃၀)ႏွစ္ခန႔္တို႔တြင္ မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ေဆးကုသရန္ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာအား လုံျခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးရာ ေဘာေစ့အလုံး ၃၀ အားရွာေဖြေတြ႕ရွိခဲ့ၿပီး ျပစ္မွုက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ ပိတ္ဆို႔စစ္ေဆးမွုမ်ားျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here