ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားသော အမှု ငါးမှုအတွက် စွဲချက်တင်အမိန့်ချမှတ်

0
147

ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားသော အမှု ငါးမှုအတွက် စွဲချက်တင်အမိန့်ချမှတ်

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားသော အမှု ငါးမှုအတွက် ယနေ့တွင် မန္တလေးအိုးဘိုထောင်တွင်း အထူးတရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှ သိရသည်။

ယနေ့တွင် ဒေါက်တာဇော်မြင့်မောင်အနေအဖြင့် စွဲချက်အမိန့်ချမှတ်မှုအပေါ် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်ဟုလည်းဆိုသည်။

လာမည့်ရုံးချိန်းကို မတ်လ ၁၁ ရက်(သောကြာနေ့)သို့ပြန်လည်ချိန်းဆိုထားပြီး ပြန်ခေါ်သက်သေများကို ပြန်လည်ခေါ်ယူစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရုံးချိန်းနေ့တွင် အမှု ငါးမှုလုံးအတွက် တရားလိုပြုလုပ်တိုင်ကြားထားသူ ဦးစိန်တင်အား ခေါ်ယူစစ်ဆေးသွားမည်ဖြစ်သည်။

လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် အမှု ငါးမှုအပါအဝင် မဲမသာမှု ပြုလုပ်သည်ဟုဆိုကာ စွပ်စွဲထားသော အမှု နှစ်မှု စုစုပေါင်း အမှု ခုနှစ်မှုတို့ကို ဆက်လက်တရားရင်ဆိုင်ရန် ကျန်ရှိနေကြောင်း သိရသည်။

Zaw Gyi

ေဒါက္တာေဇာ္ျမင့္ေမာင္ကို စြဲဆိုထားေသာ အမႈ ငါးမႈအတြက္ စြဲခ်က္တင္အမိန္႔ခ်မွတ္

မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေဇာ္ျမင့္ေမာင္ကို စြဲဆိုထားေသာ အမႈ ငါးမႈအတြက္ ယေန႔တြင္ မႏၲေလးအိုးဘိုေထာင္တြင္း အထူးတရား႐ုံးက အမိန္႔ခ်မွတ္ခဲ့ေၾကာင္း ေရွ႕ေနအသိုင္းအဝိုင္းႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ယေန႔တြင္ ေဒါက္တာေဇာ္ျမင့္ေမာင္အေနအျဖင့္ စြဲခ်က္အမိန္႔ခ်မွတ္မႈအေပၚ အျပစ္မရွိေၾကာင္း ျငင္းဆိုခဲ့သည္ဟုလည္းဆိုသည္။

လာမည့္႐ုံးခ်ိန္းကို မတ္လ ၁၁ ရက္(ေသာၾကာေန႔)သို႔ျပန္လည္ခ်ိန္းဆိုထားၿပီး ျပန္ေခၚသက္ေသမ်ားကို ျပန္လည္ေခၚယူစစ္ေဆးသြားမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ႐ုံးခ်ိန္းေန႔တြင္ အမႈ ငါးမႈလုံးအတြက္ တရားလိုျပဳလုပ္တိုင္ၾကားထားသူ ဦးစိန္တင္အား ေခၚယူစစ္ေဆးသြားမည္ျဖစ္သည္။

လက္ရွိတြင္ ေဒါက္တာေဇာ္ျမင့္ေမာင္အေနျဖင့္ အမႈ ငါးမႈအပါအဝင္ မဲမသာမႈ ျပဳလုပ္သည္ဟုဆိုကာ စြပ္စြဲထားေသာ အမႈ ႏွစ္မႈ စုစုေပါင္း အမႈ ခုႏွစ္မႈတို႔ကို ဆက္လက္တရားရင္ဆိုင္ရန္ က်န္ရွိေနေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here