အသက်၁၄နှစ်အရွယ်အမျိုးသမီးငယ်အား တရုတ်နိုင်ငံသို့ရောင်းစားသူများအား အလုပ်နှင့်ထောင်ဒဏ်၁၀နှစ်စီချမှတ်

0
192

အသက်၁၄နှစ်အရွယ်အမျိုးသမီးငယ်အား တရုတ်နိုင်ငံသို့ရောင်းစားသူများအား အလုပ်နှင့်ထောင်ဒဏ်၁၀နှစ်စီချမှတ်

မန္တလေးခရိုင်တရားရုံးမှ စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်၊ကင်းကျေးရွာမှ အသက်၁၄နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးအား တရုတ်နိုင်ငံသို့ ရောင်းစားရန် လုပ်ဆောင်ခဲ့သည့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးနှစ်ဦးတို့အား မတ်လ၄ရက်နေ့ကအလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်စီချခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတရားခံများမှာ အမရပူရမြို့နယ်နေမစန်းစန်းမူ၊ ချမ်းမြသာစည်မြို့နယ်နေ မထက်ထက်(ခ)ညိုပြာအေး၊ (လိပ်စာတူ) မသီတာအေး(ခ)သဲသဲ(ခ)အေးစိတိုးနှင့်စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက်နေ နိုင်လင်းကိုတို့ဖြစ်ကြပြီး ၎င်းတို့သည်စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်၊ကင်းကျေးရွာမှ ဒေါ်…၏တူမဖြစ်သူ အသက်၁၄နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးအား အိမ်ဖော် (သို့မဟုတ်) အထည်ဆိုင်တွင် အလုပ်ရမည်၊ တစ်လလျှင် ငွေကျပ် ၁၂၀၀၀၀ ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံ တုံကွမ်းမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး တရုတ်ယောက်ျားထံပို့ဆောင်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသည့်တရားခံသုံးဦးအား တရုတ်နိုင်ငံသို့ရောင်းစားမည့် အမျိုးသမီးငယ်လေးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် မန္တလေး မှ မူဆယ်သို့သွားသည့် ကားဖြင့် အသွား (၁၆) မိုင် စစ်ဆေးရေးဂိတ်တွင် ၂၀၁၉ခုနှစ်၊ဒီဇင်ဘာ၁၂ရက်က အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ စစ်ဆေးဖော်ထုတ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Zaw  Gyi

အသက္၁၄ႏွစ္အ႐ြယ္အမ်ိဳးသမီးငယ္အား တ႐ုတ္ႏိုင္ငံသို႔ေရာင္းစားသူမ်ားအား အလုပ္ႏွင့္ေထာင္ဒဏ္၁၀ႏွစ္စီခ်မွတ္

မႏၲေလးခ႐ိုင္တရား႐ုံးမွ စစ္ကိုင္းၿမိဳ႕နယ္၊မင္းကြန္းတိုက္နယ္၊ကင္းေက်း႐ြာမွ အသက္၁၄ႏွစ္အ႐ြယ္အမ်ိဳးသမီးငယ္တစ္ဦးအား တ႐ုတ္ႏိုင္ငံသို႔ ေရာင္းစားရန္ လုပ္ေဆာင္ခဲ့သည့္ အမ်ိဳးသားတစ္ဦးႏွင့္အမ်ိဳးသမီးႏွစ္ဦးတို႔အား မတ္လ၄ရက္ေန႔ကအလုပ္ႏွင့္ေထာင္ဒဏ္ ၁၀ႏွစ္စီခ်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါတရားခံမ်ားမွာ အမရပူရၿမိဳ႕နယ္ေနမစန္းစန္းမူ၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ေန မထက္ထက္(ခ)ညိဳျပာေအး၊ (လိပ္စာတူ) မသီတာေအး(ခ)သဲသဲ(ခ)ေအးစိတိုးႏွင့္စစ္ကိုင္းတိုင္းေဒသႀကီး စစ္ကိုင္းၿမိဳ႕ ပတၱျမားရပ္ကြက္ေန ႏိုင္လင္းကိုတို႔ျဖစ္ၾကၿပီး ၎တို႔သည္စစ္ကိုင္းၿမိဳ႕နယ္၊မင္းကြန္းတိုက္နယ္၊ကင္းေက်း႐ြာမွ ေဒၚ…၏တူမျဖစ္သူ အသက္၁၄ႏွစ္အ႐ြယ္အမ်ိဳးသမီးငယ္တစ္ဦးအား အိမ္ေဖာ္ (သို႔မဟုတ္) အထည္ဆိုင္တြင္ အလုပ္ရမည္၊ တစ္လလွ်င္ ေငြက်ပ္ ၁၂၀၀၀၀ ရမည္ဟု ေျပာဆိုစည္း႐ုံး၍ တ႐ုတ္ႏိုင္ငံ တုံကြမ္းၿမိဳ႕သို႔ ေခၚေဆာင္သြားခဲ့ၿပီး တ႐ုတ္ေယာက္်ားထံပို႔ေဆာင္ေရာင္းစားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေထာင္ဒဏ္ခ်မွတ္ခံရသည့္တရားခံသုံးဦးအား တ႐ုတ္ႏိုင္ငံသို႔ေရာင္းစားမည့္ အမ်ိဳးသမီးငယ္ေလးအား တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ရန္ မႏၲေလး မွ မူဆယ္သို႔သြားသည့္ ကားျဖင့္ အသြား (၁၆) မိုင္ စစ္ေဆးေရးဂိတ္တြင္ ၂၀၁၉ခုႏွစ္၊ဒီဇင္ဘာ၁၂ရက္က အမွတ္ (၁၁) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု (မႏၲေလး)မွ စစ္ေဆးေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here