ကိုဗစ်(၁၉)ရောဂါစောင့်ကြည့်လူနာများထားရှိသည့် မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်းပစ်ခတ်ခံရ၍ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်

0
101

(Unicode)

ကိုဗစ်(၁၉)ရောဂါစောင့်ကြည့်လူနာများထားရှိသည့် မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်းပစ်ခတ်ခံရ၍ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်

ကချင်ပြည်နယ်၌ မိုးညှင်းမြို့ရှိ ကိုဗစ်(၁၉)ရောဂါစောင့်ကြည့်လူနာများအား ထားရှိကုသပေးနေသည့် မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ မတ် ၈ ရက်နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က လက်နက် ကြီး၊သေနတ်များဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

မိုးညှင်းတက္ကသိုလ်၏ အရှေ့မြောက်ဘက်မီတာ ၄၅၀ ခန့်မှ ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး၊သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် မိုးညှင်းတက္ကသိုလ် အ ရှေ့ဘက်သို့ လာရောက်ပစ်ခတ်ခဲ့သူများ ထွက် ပြေးတိမ်းရှောင်သွားခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ပစ်ခတ်မှုကြောင့် လူများထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ အိပ်ဆောင်နှင့်ထမင်းစားဆောင်များရှိ ပြ တင်းပေါက်မှန်များ၊လေကာမှန်များ ပျက်စီးပြီး အဆောက်အဦနံရံများ၌ လက်နက်ကြီး၊သေနတ်ကျည်များ ထိမှန်ခဲ့သည်ဟု သိရသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here