နှစ်ရက်အတွင်း ကန်ကျနဘူရီခရိုင်တွင် မြန်မာနိုင် ငံသား ၇၅ ဦးနှင့်လမ်းပြ ၈ ဦးတို့ ဖမ်းဆီးခံရ

0
106

(Unicode)

နှစ်ရက်အတွင်း ကန်ကျနဘူရီခရိုင်တွင် မြန်မာနိုင် ငံသား ၇၅ ဦးနှင့်လမ်းပြ ၈ ဦးတို့ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၇၅ ဦးနှင့်လမ်းပြခေါ်ဆောင်လာသူ ၈ ဦးတို့အား မတ် ၇ ရက်နှင့် ၈ ရက်တို့တွင် ကန်ချနဘူရီခရိုင်၌ ထိုင်းပူးပေါင်းအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စူရစီတပ်၊လာ့ရာ့အထူးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များသည် ကန်ကျနဘူရီခရိုင်ရှိ စမ်ခဘူရီမြို့နှင့် Muang ကန်ကျနဘူရီမြို့တွင် ဂိတ်ချစစ်ဆေးမှုပြုလုပ်ရာမှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၄၇ ယောက်၊အမျိုးသမီး ၂၈ ယောက်(စုစုပေါင်း ၇၅ ယောက်) နှင့်လမ်းပြခေါ်ဆောင်လာသူ ၈ ယောက်တို့အား ဖမ်းဆီးရမိခဲ့သည်။

“ဖမ်းဆီးမှုတွေရှိနေတယ်ဆိုတာကိုသိနေပေမယ့်လည်း မိသားစုစားဝတ်နေရေးအဆင်ပြေအောင် အဖမ်းမခံရလို့လွတ်သွားရင် အလုပ်လုပ်ပြီး မိ သားစုကိုထောက်ပံ့လို့ရတယ်ဆိုတဲ့စိတ်နဲ့ အရဲစွန့်ပြီးထွက်လာကြတာပါ အခုလိုအဖမ်းခံလိုက်ရတော့ မိသားစုကိုထောက်ပံ့မယ်ဆိုတဲ့ရည်မှန်း ချက်က သွားပြီပေါ့ဗျာ”ဟု ထိုင်းနိုင်ငံရောက် မြန် မာအလုပ်သမားများအရေးဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ဖမ်းဆီးရမိသူများအားစစ်ဆေးရာ မော်လမြိုင်မြို့၊ ရန်ကုန်မြို့၊ ပဲခူးတိုင်းနှင့်ရခိုင်ပြည်နယ်တို့မှလာရောက်သူများဖြစ်ကာ ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၁၅၀၀၀ မှ ၂၅၀၀၀ ပေးရကြောင်း သိရသည်။

၎င်းတို့သည် ထိုင်းနိုင်ငံရှိ စမွတ်စာခွန်ခရိုင်၊ရယောင်ခရိုင်၊ကန်ကျနဘူရီခရိုင်နှင့်ဘန်ကောက်မြို့တို့၌ အလုပ်လုပ်ကိုင်ရန်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအ ရေးယူရန် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍ စမ်ခဘူရီမြို့မရဲစခန်းနှင့် Muang ကန်ကျနဘူရီမြို့မရဲစခန်းတို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

(Zawgyi)

ႏွစ္ရက္အတြင္း ကန္က်နဘူရီခ႐ိုင္တြင္ ျမန္မာႏိုင္ ငံသား ၇၅ ဦးႏွင့္လမ္းျပ ၈ ဦးတို႔ ဖမ္းဆီးခံရ

ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္ခဲ့သည့္ ျမန္မာႏိုင္ငံသား ၇၅ ဦးႏွင့္လမ္းျပေခၚေဆာင္လာသူ ၈ ဦးတို႔အား မတ္ ၇ ရက္ႏွင့္ ၈ ရက္တို႔တြင္ ကန္ခ်နဘူရီခ႐ိုင္၌ ထိုင္းပူးေပါင္းအဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

စူရစီတပ္၊လာ့ရာ့အထူးတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ဝင္မ်ားသည္ ကန္က်နဘူရီခ႐ိုင္ရွိ စမ္ခဘူရီၿမိဳ႕ႏွင့္ Muang ကန္က်နဘူရီၿမိဳ႕တြင္ ဂိတ္ခ်စစ္ေဆးမႈျပဳလုပ္ရာမွာ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသား အမ်ိဳးသား ၄၇ ေယာက္၊အမ်ိဳးသမီး ၂၈ ေယာက္(စုစုေပါင္း ၇၅ ေယာက္) ႏွင့္လမ္းျပေခၚေဆာင္လာသူ ၈ ေယာက္တို႔အား ဖမ္းဆီးရမိခဲ့သည္။

“ဖမ္းဆီးမႈေတြရွိေနတယ္ဆိုတာကိုသိေနေပမယ့္လည္း မိသားစုစားဝတ္ေနေရးအဆင္ေျပေအာင္ အဖမ္းမခံရလို႔လြတ္သြားရင္ အလုပ္လုပ္ၿပီး မိ သားစုကိုေထာက္ပံ့လို႔ရတယ္ဆိုတဲ့စိတ္နဲ႔ အရဲစြန္႔ၿပီးထြက္လာၾကတာပါ အခုလိုအဖမ္းခံလိုက္ရေတာ့ မိသားစုကိုေထာက္ပံ့မယ္ဆိုတဲ့ရည္မွန္း ခ်က္က သြားၿပီေပါ့ဗ်ာ”ဟု ထိုင္းႏိုင္ငံေရာက္ ျမန္ မာအလုပ္သမားမ်ားအေရးေဆာင္႐ြက္ေပးေနသူတစ္ဦးကေျပာသည္။

ဖမ္းဆီးရမိသူမ်ားအားစစ္ေဆးရာ ေမာ္လၿမိဳင္ၿမိဳ႕၊ ရန္ကုန္ၿမိဳ႕၊ ပဲခူးတိုင္းႏွင့္ရခိုင္ျပည္နယ္တို႔မွလာေရာက္သူမ်ားျဖစ္ကာ ပြဲစားခအျဖစ္ တစ္ဦးလ်င္ ထိုင္းဘတ္ေငြ ၁၅၀၀၀ မွ ၂၅၀၀၀ ေပးရေၾကာင္း သိရသည္။

၎တို႔သည္ ထိုင္းႏိုင္ငံရွိ စမြတ္စာခြန္ခ႐ိုင္၊ရေယာင္ခ႐ိုင္၊ကန္က်နဘူရီခ႐ိုင္ႏွင့္ဘန္ေကာက္ၿမိဳ႕တို႔၌ အလုပ္လုပ္ကိုင္ရန္ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ားအား ထိုင္းႏိုင္ငံဥပေဒအရအ ေရးယူရန္ က်န္းမာေရးစစ္ေဆးမႈမ်ားျပဳလုပ္၍ စမ္ခဘူရီၿမိဳ႕မရဲစခန္းႏွင့္ Muang ကန္က်နဘူရီၿမိဳ႕မရဲစခန္းတို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here