ပြင်သစ်သံအမတ်ကြီး၊ ချက်နိုင်ငံသံ အမတ်ကြီးတို့နှင့် ဦးကိုကိုကြီး ယနေ့တွေ့ ဆုံ

0
148

(Unicode)

ပြင်သစ်သံအမတ်ကြီး၊ ချက်နိုင်ငံသံ အမတ်ကြီးတို့နှင့် ဦးကိုကိုကြီး ယနေ့တွေ့ ဆုံ

ရန်ကုန်မြို့ရှိ ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်)သို့ ချက်သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးနှင့်ပြင်သစ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတို့မှ ပြည်သူ့ပါတီ ဥက္ကဋ္ဌဦးကိုကိုကြီးထံသို့ မတ် ၉ ရက်(ယနေ့)၌ သီးခြားစီလာရောက်တွေ့ဆုံခဲ့ကြသည်ဟု ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ပါတီ ဥက္ကဋ္ဌဦးကိုကိုကြီးအား မွန်းလွဲ ၂ နာရီတွင် ချက်သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး H.E. Mrs.Hana Mottlova ကလာရောက်တွေ့ဆုံခဲ့သည်။

အလားတူ နံနက် ၁၀ နာရီတွင်လည်း ပြင်သစ်သံ အမတ်ကြီး H.E. Mr.Christian Lechervy ကပြည်သူ့ပါတီ ဥက္ကဋ္ဌဦးကိုကိုကြီးအား ပါတီ(ဗဟိုဌာန ချုပ်)၌လာရောက်တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံလက်ရှိနိုင်ငံရေးဖြစ်စဥ်အခြေအနေများအား ဆွေးနွေးခဲ့ကြသည်ဟု ပြည်သူ့ပါတီမှထုတ်ပြန်ခဲ့သည်။ဆွေးနွေးမှုအသေးစိတ်အား ထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။

သံအမတ်ကြီးနှစ်ဦးမှ ဥက္ကဋ္ဌဦးကိုကိုကြီးအား လာရောက်တွေ့ဆုံရာတွင် ပြည်သူ့ပါတီ၏ အတွင်း ရေးမှူး(၁)ဦးကျော်ကျော်ထွေးနှင့်အတွင်းရေးမှူး (၂)ဦးကျော်ကျော်စိုး တို့လည်းတက်ရောက်ခဲ့သည်။

(Zawgyi)

ျပင္သစ္သံအမတ္ႀကီး၊ ခ်က္ႏိုင္ငံသံ အမတ္ႀကီးတို႔ႏွင့္ ဦးကိုကိုႀကီး ယေန႔ေတြ႕ ဆုံ

ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ပါတီ(ဗဟိုဌာနခ်ဳပ္)သို႔ ခ်က္သမၼတႏိုင္ငံ၏ ျမန္မာႏိုင္ငံဆိုင္ရာသံအမတ္ႀကီးႏွင့္ျပင္သစ္ႏိုင္ငံ၏ ျမန္မာႏိုင္ငံဆိုင္ရာသံအမတ္ႀကီးတို႔မွ ျပည္သူ႔ပါတီ ဥကၠ႒ဦးကိုကိုႀကီးထံသို႔ မတ္ ၉ ရက္(ယေန႔)၌ သီးျခားစီလာေရာက္ေတြ႕ဆုံခဲ့ၾကသည္ဟု ထုတ္ျပန္ခဲ့သည္။

ျပည္သူ႔ပါတီ ဥကၠ႒ဦးကိုကိုႀကီးအား မြန္းလြဲ ၂ နာရီတြင္ ခ်က္သမၼတႏိုင္ငံ၏ ျမန္မာႏိုင္ငံဆိုင္ရာသံအမတ္ႀကီး H.E. Mrs.Hana Mottlova ကလာေရာက္ေတြ႕ဆုံခဲ့သည္။

အလားတူ နံနက္ ၁၀ နာရီတြင္လည္း ျပင္သစ္သံ အမတ္ႀကီး H.E. Mr.Christian Lechervy ကျပည္သူ႔ပါတီ ဥကၠ႒ဦးကိုကိုႀကီးအား ပါတီ(ဗဟိုဌာန ခ်ဳပ္)၌လာေရာက္ေတြ႕ဆုံခဲ့သည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံလက္ရွိႏိုင္ငံေရးျဖစ္စဥ္အေျခအေနမ်ားအား ေဆြးေႏြးခဲ့ၾကသည္ဟု ျပည္သူ႔ပါတီမွထုတ္ျပန္ခဲ့သည္။ေဆြးေႏြးမႈအေသးစိတ္အား ထုတ္ျပန္ခဲ့ျခင္းမရွိေသးေပ။

သံအမတ္ႀကီးႏွစ္ဦးမွ ဥကၠ႒ဦးကိုကိုႀကီးအား လာေရာက္ေတြ႕ဆုံရာတြင္ ျပည္သူ႔ပါတီ၏ အတြင္း ေရးမႉး(၁)ဦးေက်ာ္ေက်ာ္ေထြးႏွင့္အတြင္းေရးမႉး (၂)ဦးေက်ာ္ေက်ာ္စိုး တို႔လည္းတက္ေရာက္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here