ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ကျန်းမာရေးဝန် ထမ်းအိမ်ယာ လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခံရ

0
168

(Unicode)

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ကျန်းမာရေးဝန် ထမ်းအိမ်ယာ လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခံရ

ကချင်ပြည်နယ်၊ဗန်းမော်မြို့ရှိ ကျန်းမာရေးဝန် ထမ်းအိမ်ယာ မတ် ၈ ရက်ည ၈ နာရီကျော်ခန့်က လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ကျန်းမာရေးဝန်ထမ်းအိမ်ယာအား လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခဲ့သဖြင့် အိမ်ယာဝင်းအတွင်းရှိ အ ဆောက်အဦးတစ်ခုရှေ့၌ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

“လူထိခိုက်တာတော့မရှိဘူး ကားတစ်စီးနဲ့အ ဆောက်အဦးရှေ့မျက်နှာစာနဲ့ပြတင်းပေါက်မှန်တွေ ပျက်စီးတာတော့ရှိတယ် ဘယ်သူတွေလာပစ်တယ်ဆိုတာကို မသိပါဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဖြစ်စဥ်အနီးရှိ ကိုယ်ပိုင်ကားတစ်စီး၊အိမ်ယာခြံစည်းရိုးအုတ်တံတိုင်း၊ဝန်ထမ်းအိမ်ယာအဆောက်အဦး၏ မျက်နှာစာနှင့်ပြတင်းပေါက်မှန်များ ပျက်စီးဆုံး ရှုံးသွားခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေး၍ လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခဲ့သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here