Lorenzo Natali Prize အမည်ရှိ သတင်းပညာဆုချီးမြှင့်ရန် ပြိုင်ပွဲဝင် သတင်းသမားအား ဖိတ်ခေါ်

0
168

(Unicode)

Lorenzo Natali Prize အမည်ရှိ သတင်းပညာဆုချီးမြှင့်ရန် ပြိုင်ပွဲဝင် သတင်းသမားအား ဖိတ်ခေါ်

ဥရောပသမဂ္ဂ(မြန်မာ)က Lorenzo Natali Prize အမည်ရှိ သတင်းအတတ်ပညာဆု တစ်ဆုချီးမြှင့်ရန် ပြိုင်ပွဲဝင်သတင်းသမားများအားဖိတ်ခေါ်ထားရှိကြောင်းသိရသည်။

အဆိုပါ သတင်းအတတ်ပညာဆုသည် ဥရောသမဂ္ဂအဖွဲ့(မြန်မာ)၏ နှစ် ၃၀ ပြည့် ပုလဲရတုနှစ်ပတ်လည်ကို ဂုဏ်ပြုသောအနေဖြင့် ချီးမြင့်ခြင်းဖြစ်ပြီး၊ မတ်လ ၃၁ ရက် နောက်ဆုံးထား၍ပြိုင်ပွဲဝင်သတင်းဆောင်းပါးနှင့် ရုပ်သံသတင်းများကို ပေးပို့ ယှဥ်ပြိုင်နိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်းရှိသတင်းသမားများအနေဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးများ၊ ပြောင်းရွှေ့နေထိုင်မှု၊ ဆင်းရဲနွမ်းပါးမှု (သို့) ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကို လက်လှမ်းမီရရှိမှုဆိုင်ရာ အရေးကိစ္စများနှင့်စပ်လျဉ်း၍ နိုင်ငံတွင်းအခြေအနေများအကြောင်းကို မှတ်တမ်းတင်၊ သတင်းအစီရင်ခံခြင်း စသည့် သတင်းဆောင်းပါး (သို့)ရုပ်သံသတင်းဆောင်းပါးများဖြင့် ဝင်ရောက်ယှဥ်ပြိုင်လျောက်ထားနိုင်ကြောင်းသိရသည်။

အဆိုပါ သတင်းအတတ်ပညာဆုသည် ရဲစွမ်းသတ္တိပြည့်စုံမှုနှင့် ထူးချွန်မှုတို့ကို အသိအမှတ်ပြုရန်အတွက် ရည်ရွယ်ချီးမြှင့်သော ဂုဏ်သတင်းကြီးမားသည့် သတင်းပညာဆုတစ်ဆုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(Zawgyi)

Lorenzo Natali Prize အမည္ရွိ သတင္းပညာဆုခ်ီးျမႇင့္ရန္ ၿပိဳင္ပြဲဝင္ သတင္းသမားအား ဖိတ္ေခၚ

ဥေရာပသမဂၢ(ျမန္မာ)က Lorenzo Natali Prize အမည္ရွိ သတင္းအတတ္ပညာဆု တစ္ဆုခ်ီးျမႇင့္ရန္ ၿပိဳင္ပြဲဝင္သတင္းသမားမ်ားအားဖိတ္ေခၚထားရွိေၾကာင္းသိရသည္။

အဆိုပါ သတင္းအတတ္ပညာဆုသည္ ဥေရာသမဂၢအဖြဲ႕(ျမန္မာ)၏ ႏွစ္ ၃၀ ျပည့္ ပုလဲရတုႏွစ္ပတ္လည္ကို ဂုဏ္ျပဳေသာအေနျဖင့္ ခ်ီးျမင့္ျခင္းျဖစ္ၿပီး၊ မတ္လ ၃၁ ရက္ ေနာက္ဆုံးထား၍ၿပိဳင္ပြဲဝင္သတင္းေဆာင္းပါးႏွင့္ ႐ုပ္သံသတင္းမ်ားကို ေပးပို႔ ယွဥ္ၿပိဳင္ႏိုင္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံအတြင္းရွိသတင္းသမားမ်ားအေနျဖင့္ ဒီမိုကေရစီ၊ လူ႔အခြင့္အေရးမ်ား၊ ေျပာင္းေ႐ႊ႕ေနထိုင္မႈ၊ ဆင္းရဲႏြမ္းပါးမႈ (သို႔) က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ ပညာေရးကို လက္လွမ္းမီရရွိမႈဆိုင္ရာ အေရးကိစၥမ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံတြင္းအေျခအေနမ်ားအေၾကာင္းကို မွတ္တမ္းတင္၊ သတင္းအစီရင္ခံျခင္း စသည့္ သတင္းေဆာင္းပါး (သို႔)႐ုပ္သံသတင္းေဆာင္းပါးမ်ားျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ေလ်ာက္ထားႏိုင္ေၾကာင္းသိရသည္။

အဆိုပါ သတင္းအတတ္ပညာဆုသည္ ရဲစြမ္းသတၱိျပည့္စုံမႈႏွင့္ ထူးခြၽန္မႈတို႔ကို အသိအမွတ္ျပဳရန္အတြက္ ရည္႐ြယ္ခ်ီးျမႇင့္ေသာ ဂုဏ္သတင္းႀကီးမားသည့္ သတင္းပညာဆုတစ္ဆုျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here