မှော်ဘီမြို့နယ်တွင် ကွန်တိန်နာကားမှ ထော်လာဂျီအားတိုက်မိရာမှ ကားသုံးစီးဆင့်တိုက် တစ်ဦးသေဆုံး

0
371

မှော်ဘီမြို့နယ်တွင် ကွန်တိန်နာကားမှ ထော်လာဂျီအားတိုက်မိရာမှ ကားသုံးစီးဆင့်တိုက် တစ်ဦးသေဆုံး

ရန်ကုန်မြို့၊မှော်ဘီမြို့နယ်၊လှည်းငုတ်ချောင်းကျေးရွာအုပ်စု၊ရေတွင်းကုန်းလေးကျေးရွာရှိ ရန်ကုန်-ပြည်ကားလမ်းမကြီး၌ မတ် ၉ ရက်ညနေ ၅ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-ပြည်ကားလမ်းမကြီးတွင် ကွန်တိန်နာကားမှ၎င်းရှေ့ရှိကားအားကျော်တက်စဥ် မျက်နှာချင်းဆိုင်မောင်းနှင်လာသည့် ထော်လာဂှီယာဥ်အား တိုက်မိခဲ့သည်။

ထိုသို့ တိုက်မိရာ ထော်လာဂျီယာဥ်မှ ၎င်းနောက် တွင်လိုက်ပါလာသည့် YBS ခရီးသည်တင်(မီနီဘတ်စ်)ကားအား ထပ်မံတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဥ်ကြောင့် တစ်ဦးသေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာများ(စိုးရိမ်ရအဖြစ်)ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန်တင်ပို့ပေးခဲ့ရသည်ဟု သိရသည်။

“ကွန်တိန်နာကားပေါ်မှာလည်း ညပ်နေတဲ့လူတွေရှိတဲ့အတွက် ချက်ခြင်းကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ခဲ့ရတယ် ကွန်တိန်နာကရှေ့ကားကိုကျော်တက်ရင်းဖြစ်သွားတာ”ဟု ဖြစ်စဥ်အားကူညီပေးခဲ့သည့် လှည်းငုတ်ချောင်းကျေးရွာအခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here