ဒူးပလာယာခရိုင်၊အမှတ်(၆)တပ်မဟာဒေသအ တွင်း တပ်စွဲထားသည့် တပ်မတော်စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာရန် အသိပေးအကြောင်း ကြားစာထုတ်

0
211

ဒူးပလာယာခရိုင်၊အမှတ်(၆)တပ်မဟာဒေသအ တွင်း တပ်စွဲထားသည့် တပ်မတော်စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာရန် အသိပေးအကြောင်း ကြားစာထုတ်

KNU(ကရင်အမျိုးသားအစည်းအရုံး)၊ဒူးပလာ ယာခရိုင်၊အမှတ်(၆)တပ်မဟာဒေသအတွင်း တပ်စွဲထားသည့် တပ်မတော်စစ်ကြောင်းများအား ၃ ရက်အတွင်းပြန်လည်ဆုတ်ခွာရန် KNU ဒူးပလာ ယာခရိုင်မှ အသိပေးအကြောင်းကြားစာအား မတ် ၇ ရက်က ထုတ်ပြန်ခဲ့သည်။

KNU(ကရင်အမျိုးသားအစည်းအရုံး)၊ဒူးပလာ ယာခရိုင်၊အမှတ်(၆)တပ်မဟာဒေသအတွင်း ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၁၅ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထိုသို ဖြစ်ပွားမှုကြောင့် ဒေါနအရှေ့ခြမ်း လေးကေ့ကော်မြိုသစ်အပါအဝင် ပတ်ဝန်းကျင်ကျေး ရွာများ၊ဒေါနအနောက်ခြမ်း ကော့ကရိတ်တောင်ပိုင်းရှိကျေးရွာများမှပြည်သူလူထုများသည် နေ အိမ်များအားစွန့်ခွာ၍ စစ်ဘေးရှောင်နေရသည်ဟု ရေးသားထားသည်။

KNU(ကရင်အမျိုးသားအစည်းအရုံး)သည် ကရင်အမျိုးသားထုရင်ဆိုင်နေရသည့် ဒုက္ခများနှင့်အ သက်အိုးအိမ်စည်းစိမ်အား ကာကွယ်ကူညီဖြေရှင်းပေးရန်တာဝန်ရှိသည်ဖြစ်၍ စစ်ဘေးရှောင်ပြည်သူများ ၄င်းတို၏နေအိမ်များသိုပြန်လည်နေ ထိုင်လုပ်ကိုင်စားသောက်နေနိုင်ရန် လေးကေ့ကော်ဒေသနှင့်ကော့ကရိတ်တောင်ပိုင်းဒေသများအတွင်း ဝင်ရောက်တပ်စွဲနေကြသည့် တပ်များအား အသိပေးစာထုတ်ပြန်သည့်နေ့မှစ၍ ၃ ရက်အတွင်းပြန်လည်ဆုတ်ခွာရန် အသိပေးရေးသားထားသည်။

“အဲ့လိုစာကတော့ ဟိုတစ်ခါကလည်း ထွက်ထားတာပဲ အခုလည်းထပ်ထွက်လာတယ် အခြေအနေတွေကတော့ ဘယ်လိုဖြစ်မယ်ဆိုတာမသိဘူး ဘာညွှန်ကြားချက်မှာလည်း ဒီစာနဲ့ပတ်သက်ပြီး မရှိတဲ့အတွက် စောင့်ကြည့်ရုံပဲရှိတာပေါ့”ဟု နစက ၏လုံခြုံရေးအဖွဲနှင့်နီးစပ်သူတစ်ဦးကပြော သည်။

Photo – KNU

Zaw Gyi

ဒူးပလာယာခ႐ိုင္၊အမွတ္(၆)တပ္မဟာေဒသအ တြင္း တပ္စြဲထားသည့္ တပ္မေတာ္စစ္ေၾကာင္းမ်ား ျပန္လည္ဆုတ္ခြာရန္ အသိေပးအေၾကာင္း ၾကားစာထုတ္

KNU(ကရင္အမ်ိဳးသားအစည္းအ႐ုံး)၊ဒူးပလာ ယာခ႐ိုင္၊အမွတ္(၆)တပ္မဟာေဒသအတြင္း တပ္စြဲထားသည့္ တပ္မေတာ္စစ္ေၾကာင္းမ်ားအား ၃ ရက္အတြင္းျပန္လည္ဆုတ္ခြာရန္ KNU ဒူးပလာ ယာခ႐ိုင္မွ အသိေပးအေၾကာင္းၾကားစာအား မတ္ ၇ ရက္က ထုတ္ျပန္ခဲ့သည္။

KNU(ကရင္အမ်ိဳးသားအစည္းအ႐ုံး)၊ဒူးပလာ ယာခ႐ိုင္၊အမွတ္(၆)တပ္မဟာေဒသအတြင္း ၂၀၂၁ ခုႏွစ္၊ဒီဇင္ဘာ ၁၅ ရက္မွစ၍ တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။

ထိုသို ျဖစ္ပြားမႈေၾကာင့္ ေဒါနအေရွ႕ျခမ္း ေလးေက့ေကာ္ၿမိဳသစ္အပါအဝင္ ပတ္ဝန္းက်င္ေက်း ႐ြာမ်ား၊ေဒါနအေနာက္ျခမ္း ေကာ့ကရိတ္ေတာင္ပိုင္းရွိေက်း႐ြာမ်ားမွျပည္သူလူထုမ်ားသည္ ေန အိမ္မ်ားအားစြန္႔ခြာ၍ စစ္ေဘးေရွာင္ေနရသည္ဟု ေရးသားထားသည္။

KNU(ကရင္အမ်ိဳးသားအစည္းအ႐ုံး)သည္ ကရင္အမ်ိဳးသားထုရင္ဆိုင္ေနရသည့္ ဒုကၡမ်ားႏွင့္အ သက္အိုးအိမ္စည္းစိမ္အား ကာကြယ္ကူညီေျဖရွင္းေပးရန္တာဝန္ရွိသည္ျဖစ္၍ စစ္ေဘးေရွာင္ျပည္သူမ်ား ၄င္းတို၏ေနအိမ္မ်ားသိုျပန္လည္ေန ထိုင္လုပ္ကိုင္စားေသာက္ေနႏိုင္ရန္ ေလးေက့ေကာ္ေဒသႏွင့္ေကာ့ကရိတ္ေတာင္ပိုင္းေဒသမ်ားအတြင္း ဝင္ေရာက္တပ္စြဲေနၾကသည့္ တပ္မ်ားအား အသိေပးစာထုတ္ျပန္သည့္ေန႔မွစ၍ ၃ ရက္အတြင္းျပန္လည္ဆုတ္ခြာရန္ အသိေပးေရးသားထားသည္။

“အဲ့လိုစာကေတာ့ ဟိုတစ္ခါကလည္း ထြက္ထားတာပဲ အခုလည္းထပ္ထြက္လာတယ္ အေျခအေနေတြကေတာ့ ဘယ္လိုျဖစ္မယ္ဆိုတာမသိဘူး ဘာၫႊန္ၾကားခ်က္မွာလည္း ဒီစာနဲ႔ပတ္သက္ၿပီး မရွိတဲ့အတြက္ ေစာင့္ၾကည့္႐ုံပဲရွိတာေပါ့”ဟု နစက ၏လုံၿခဳံေရးအဖြဲႏွင့္နီးစပ္သူတစ္ဦးကေျပာ သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here