ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဒီမိုကရေစီအုပ်ချုပ်ရေးဖြင့် ထိန်းသိမ်းဆောင်ရွက်မည်ဟု နစက ဥက္ကဋ္ဌပြော

0
181

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဒီမိုကရေစီအုပ်ချုပ်ရေးဖြင့် ထိန်းသိမ်းဆောင်ရွက်မည်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှနည်းပြအရာ ရှိကြီးများ၊သင်တန်းသားအရာရှိကြီးများအား မတ် ၉ ရက်(ယနေ့)တွင် နစက ဥက္ကဋ္ဌမှ Video Conferencing ဖြင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နစက အနေဖြင့်အမျိုးသားရေးလုပ်ငန်းစဉ် ၂ ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ရေ၊ရိက္ခာဖူလုံရေးတို့အား ဆောင်ရွက်လျက်ရှိပြီး နိုင် ငံရေးလုပ်ငန်းစဉ် ၂ ခုအဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့အား ဦးတည်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“တိုင်းရင်းသားတွေနဲ့ပေါင်းစည်းနေထိုင်တဲ့ ပြည် ထောင်စုဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်တွေကို မျှဝေခံစားတဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီး ပြည်ထောင်စုနိုင်ငံကိုသွားရမှာဖြစ်ပါတယ် တူညီတဲ့အခွင့်အရေးတွေ ရရှိကြရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဒီမိုကရေစီအုပ်ချုပ်ရေးဖြင့် ထိန်းသိမ်းဆောင်ရွက်ဖြစ်ကာ ကာကွယ်ရေး၌လည်း နိုင်ငံသားအားလုံးပါဝင် သည့် အမျိုးသားကာကွယ်ရေးစနစ်ကို ပုံဖော်ရမည်ဖြစ်ပြီး လူသားအရင်းအမြစ်ကောင်းများပေါ် ထွက်လာရေး ဆောင်ရွက်ပေးရမည်ဖြစ်သည်ဟု ပြောသည်။

“နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်နေထိုင်တဲ့ ကျေးလက်ကိုအခြေခံပြီး နိုင်ငံရေး၊စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ပေးရမှာဖြစ်ပါတယ် နိုင်ငံတော် အနေနဲ့ ပြည်သူကရွေးချယ်တဲ့ ပါတီစုံဒီမိုကရေစီလမ်း ကြောင်းကို ခိုင်မာစွာလျှောက်လှမ်းသွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ယခုကဲ့သို့ ပြောကြားရခြင်းသည် သင်တန်းသားအရာရှိကြီးများအနေဖြင့် သင်တန်းဆင်းပြီးသည့် အချိန်၌ ထမ်းဆောင်ရမည့်တာဝန်များအား အ ထောက်အကူဖြစ်စေရန် နိုင်ငံတော်တည်ဆောက်ရေးအတွက်လိုအပ်ချက်များအား အချိန်ယူရှင်း လင်းပြောကြားရခြင်းဖြစ်သည်ဟု ပြောသည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၏ ရည်မှန်း ချက်ဖြစ်သည့် နိုင်ငံရေးအမြင်၊စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်နှင့်ကာကွယ်ရေးအမြင်များအား အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားတွေးခေါ်လုပ်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုသည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

Zaw Gyi

ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးျဖင့္ ထိန္းသိမ္းေဆာင္႐ြက္မည္ဟု နစက ဥကၠ႒ေျပာ

ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွနည္းျပအရာ ရွိႀကီးမ်ား၊သင္တန္းသားအရာရွိႀကီးမ်ားအား မတ္ ၉ ရက္(ယေန႔)တြင္ နစက ဥကၠ႒မွ Video Conferencing ျဖင့္အမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

နစက အေနျဖင့္အမ်ိဳးသားေရးလုပ္ငန္းစဥ္ ၂ ခုအျဖစ္ တိုင္းျပည္သာယာဝေျပာေရးႏွင့္ စား၊ေရ၊ရိကၡာဖူလုံေရးတို႔အား ေဆာင္႐ြက္လ်က္ရွိၿပီး ႏိုင္ ငံေရးလုပ္ငန္းစဥ္ ၂ ခုအျဖစ္ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာေစေရးႏွင့္ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးတို႔အား ဦးတည္ေဆာင္႐ြက္လ်က္ရွိသည္ဟု ေျပာသည္။

“တိုင္းရင္းသားေတြနဲ႔ေပါင္းစည္းေနထိုင္တဲ့ ျပည္ ေထာင္စုျဖစ္တဲ့အတြက္ လုပ္ပိုင္ခြင့္၊ရပိုင္ခြင့္ေတြကို မွ်ေဝခံစားတဲ့ ဖက္ဒရယ္စနစ္ကို က်င့္သုံးၿပီး ျပည္ေထာင္စုႏိုင္ငံကိုသြားရမွာျဖစ္ပါတယ္ တူညီတဲ့အခြင့္အေရးေတြ ရရွိၾကရမွာျဖစ္ပါတယ္”ဟု နစက ဥကၠ႒ကေျပာသည္။

ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္အား အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးျဖင့္ ထိန္းသိမ္းေဆာင္႐ြက္ျဖစ္ကာ ကာကြယ္ေရး၌လည္း ႏိုင္ငံသားအားလုံးပါဝင္ သည့္ အမ်ိဳးသားကာကြယ္ေရးစနစ္ကို ပုံေဖာ္ရမည္ျဖစ္ၿပီး လူသားအရင္းအျမစ္ေကာင္းမ်ားေပၚ ထြက္လာေရး ေဆာင္႐ြက္ေပးရမည္ျဖစ္သည္ဟု ေျပာသည္။

“ႏိုင္ငံ့လူဦးေရရဲ႕ ၇၀ ရာခိုင္ႏႈန္းေက်ာ္ေနထိုင္တဲ့ ေက်းလက္ကိုအေျခခံၿပီး ႏိုင္ငံေရး၊စီးပြားေရး၊ အုပ္ခ်ဳပ္ေရးဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈေတြကို လုပ္ေဆာင္ေပးရမွာျဖစ္ပါတယ္ ႏိုင္ငံေတာ္ အေနနဲ႔ ျပည္သူကေ႐ြးခ်ယ္တဲ့ ပါတီစုံဒီမိုကေရစီလမ္း ေၾကာင္းကို ခိုင္မာစြာေလွ်ာက္လွမ္းသြားမွာပါ”ဟု နစက ဥကၠ႒ကေျပာသည္။

ယခုကဲ့သို႔ ေျပာၾကားရျခင္းသည္ သင္တန္းသားအရာရွိႀကီးမ်ားအေနျဖင့္ သင္တန္းဆင္းၿပီးသည့္ အခ်ိန္၌ ထမ္းေဆာင္ရမည့္တာဝန္မ်ားအား အ ေထာက္အကူျဖစ္ေစရန္ ႏိုင္ငံေတာ္တည္ေဆာက္ေရးအတြက္လိုအပ္ခ်က္မ်ားအား အခ်ိန္ယူရွင္း လင္းေျပာၾကားရျခင္းျဖစ္သည္ဟု ေျပာသည္။

ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္၏ ရည္မွန္း ခ်က္ျဖစ္သည့္ ႏိုင္ငံေရးအျမင္၊စီးပြားေရးအျမင္၊ အုပ္ခ်ဳပ္ေရးအျမင္ႏွင့္ကာကြယ္ေရးအျမင္မ်ားအား အျမင္က်ယ္က်ယ္ျဖင့္ စဥ္းစားေတြးေခၚလုပ္ေဆာင္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္သြားၾကေစလိုသည္ဟု နစက ဥကၠ႒ကမွာၾကားခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here