ဝေါမြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦး စခန်းအနီးထမင်းကြော်ဆိုင်၌ သေနတ်ဖြင့်ပစ်သတ်ခံရ

0
146

ဝေါမြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦး စခန်းအနီး
ထမင်းကြော်ဆိုင်၌ သေနတ်ဖြင့်ပစ်သတ်ခံရ

ပဲခူးတိုင်း၊ဝေါမြို့၊ဝေါမြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးသည် စခန်းအနီးရှိထမင်းကြော်ဆိုင်၌ မတ် ၉ ရက်ညပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ဝေါမြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးအား ည ၈ နာရီခွဲခန့်က အမည်မသိအမျိုးသားတစ်ဦးမှ စခန်းအ နီးနှင့်ဝေါမြို့တော်ခန်းမရှေ့ရှိ ထမင်းကြော်ဆိုင်၌ သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထမင်းကြော်ဆိုင်မှာပစ်ခံရတာ အနီးကပ် ၃ ချက်လောက်ပစ်သွားတယ် သွေးတွေအများကြီးထွက်ပြီးလဲကျသွားတယ်လို့သိရတယ် ဖြစ်စဥ်နေရာကို ကျွန်တော်တို့မရောက်သေးတဲ့အချိန် ပစ်ခံရတဲ့ ဒုရဲအုပ်ကိုသယ်သွားပြီလို့ပြောတယ်”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ သေနတ်ဖြင့်ပစ်သတ်ခံရသည့် ဒုရဲအုပ်သည် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

“စစ်ဆေးချက်အရကတော့ ဒုရဲအုပ်ကို ပစ္စတိုနဲ့ပစ်သွားတာလို့ စစ်ဆေးသိရှိထားတယ်”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အခင်းဖြစ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက လမ်းမများနှင့်မြို့ဝင်/ထွက်ဂိတ်များ၌ပိတ်ဆို့ စစ် ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here