တောင်ကိုးရီးယားသမ္မသစ် ​မေလတွင် တာဝန်ထမ်း​ဆောင်မည်

0
125

တောင်ကိုးရီးယားသမ္မသစ် ​မေလတွင် တာဝန်ထမ်းဆောင်မည်

ဆိုးလ်၊မတ် ၁၀

ထိပ်တန်း အစိုးရရှေ့နေဟောင်း တစ်ဦးဖြစ်သည့် Yoon Suk Yeol သည် လစ်ဘရယ် ပြိုင်ဘက်ကို အနိုင်ယူပြီး တောင်ကိုရီးယား သမ္မတ အသစ်အဖြစ် ရွေးကောက် တင်မြှောက်ခံ လိုက်ရပြီ ဖြစ်သည်။

Mr Yoon သည် မေလတွင် ရာထူးတာဝန်စတင်ရယူမည်ဖြစ်ပြီး ကမ္ဘာ့နံပါတ် (၁၀) အဆင့်ရှိ စီးပွားရေးအင်အားကြီးနိုင်ငံ ၏ ခေါင်းဆောင်အဖြစ် ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်​တော့မည်ဖြစ်သည်။

ရူံးနိမ့်သွား​သော Gyeonggi ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာလီက ၎င်း၏ ပါတီဌာနချုပ်တွင်
“ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပေမယ့် မျှော်မှန်းချက်အတိုင်း မလုပ်​ဆောင်နိုင်ခဲ့ပါဘူး” ဟု ဝန်ခံ ​တောင်းပန်ခဲ့သည်။

ထို့ပြင် ၄င်းက”ကျွန်တော် ကိုယ်စားလှယ်လောင်း Yoon Suk Yeol ကို ဂုဏ်ပြုပါတယ်။ သဘောထားကွဲလွဲမှုတွေနဲ့ ပဋိပက္ခတွေကို ကျော်လွှားပြီး စည်းလုံးညီညွတ်မှုနဲ့ သဟဇာတဖြစ်မှု ခေတ်သစ်ကို ဖွင့်လှစ်​ပေးဖို့ အရွေးခံထားတဲ့ သမ္မတကို ကျွန်တော် ရိုးသားစွာ တောင်းဆိုပါတယ်”ဟု ဆိုသည်။

ရွေးကောက်ပွဲမဲဆွယ်ကာလများတွင် အချင်းချင်း ပုတ်ခတ် ကဲ့ရဲ့ လှောင်ပြောင် ရှုံ့ချမှုများ လနှင့်ချီ ကြာခဲ့ပြီး ခါးသီး​သောနိုင်​ငံ​ရေး လှုပ်ရှားများလုပ်​ဆောင်ခဲ့မူများ​ကြောင့်ပြင်းထန်သော ပြည်တွင်း ကွဲလွဲမှုများရှိ​နေသည်။

မြောက်ကိုရီးယားနှင့် ၎င်း၏နျူကလီးယားလက်နက်ခြိမ်းခြောက်မှုကို မည်ကဲ့သို့ဖြေလျှော့နိုမည်ဆိုသည့် နည်းဗျူဟာကိုမည်သည့် ကိုယ်စားလှယ်လောင်းတစ်ဦးကမှ မတင်ပြခဲ့ကြောင်းကို​တော့ ဝေဖန်သူများက​ထောက်ပြထားသည်။

အမေရိကန်-တရုတ် အားပြိုင်မူကြားတွင် နိုင်ငံတကာဆက်ဆံရေးကိုမည်သို့ ကိုင်တွယ်ဖြေရှင်းမည်၊ကြီးမားလာ​သော စီးပွားရေးမညီမျှမှု၊မတည်ငြိမ်​သော အိမ်ယာစျေးကွက် ကိစ္စများကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကိုလည်း​သေချာ မရှင်းပြခဲ့ကြသဖြင့် မဲဆန္ဒရှင်များ၏​ဝေဖန်မူများကထွက်​ပေါ်ဆဲဖြစ်သည်။

မြောက်ကိုရီးယားနဲ့တင်းမာမှုတွေကို ​သေ​သေချာချာ ကိုင်တွယ်ဖြေရှင်းပြီး ဝါရှင်တန်၊ တိုကျိုတို့နဲ့ သုံးနိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်လို့ သမ္မတသစ် မစ္စတာ ယွန်က ​ပြောပါတယ်။

တရုတ်နိုင်ငံနှင့် ပိုမိုခိုင်မာတဲ့ဆက်ဆံ​ရေးတိုးမြှင့်ရင်း အမေရိကန်နဲ့လည်း မဟာမိတ်ဖွဲ့မယ်လို့ မစ္စတာ ယွန်က ဆိုပါတယ်။

စနေနေ့က မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွတ်သည့်ကိစ္စအ​ပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအား တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲရလဒ်အပေါ် လွှမ်းမိုးရန် ကြိုးပမ်းနေသည်ဟု သမ္မတသစ်က စွပ်စွဲခဲ့သည်။

Ref: 9news.com.au


LEAVE A REPLY

Please enter your comment!
Please enter your name here