တောင်ကိုးရီးယားသမ္မသစ် မေလတွင် တာဝန်ထမ်းဆောင်မည်
ဆိုးလ်၊မတ် ၁၀
ထိပ်တန်း အစိုးရရှေ့နေဟောင်း တစ်ဦးဖြစ်သည့် Yoon Suk Yeol သည် လစ်ဘရယ် ပြိုင်ဘက်ကို အနိုင်ယူပြီး တောင်ကိုရီးယား သမ္မတ အသစ်အဖြစ် ရွေးကောက် တင်မြှောက်ခံ လိုက်ရပြီ ဖြစ်သည်။
Mr Yoon သည် မေလတွင် ရာထူးတာဝန်စတင်ရယူမည်ဖြစ်ပြီး ကမ္ဘာ့နံပါတ် (၁၀) အဆင့်ရှိ စီးပွားရေးအင်အားကြီးနိုင်ငံ ၏ ခေါင်းဆောင်အဖြစ် ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်တော့မည်ဖြစ်သည်။
ရူံးနိမ့်သွားသော Gyeonggi ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာလီက ၎င်း၏ ပါတီဌာနချုပ်တွင်
“ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပေမယ့် မျှော်မှန်းချက်အတိုင်း မလုပ်ဆောင်နိုင်ခဲ့ပါဘူး” ဟု ဝန်ခံ တောင်းပန်ခဲ့သည်။
ထို့ပြင် ၄င်းက”ကျွန်တော် ကိုယ်စားလှယ်လောင်း Yoon Suk Yeol ကို ဂုဏ်ပြုပါတယ်။ သဘောထားကွဲလွဲမှုတွေနဲ့ ပဋိပက္ခတွေကို ကျော်လွှားပြီး စည်းလုံးညီညွတ်မှုနဲ့ သဟဇာတဖြစ်မှု ခေတ်သစ်ကို ဖွင့်လှစ်ပေးဖို့ အရွေးခံထားတဲ့ သမ္မတကို ကျွန်တော် ရိုးသားစွာ တောင်းဆိုပါတယ်”ဟု ဆိုသည်။
ရွေးကောက်ပွဲမဲဆွယ်ကာလများတွင် အချင်းချင်း ပုတ်ခတ် ကဲ့ရဲ့ လှောင်ပြောင် ရှုံ့ချမှုများ လနှင့်ချီ ကြာခဲ့ပြီး ခါးသီးသောနိုင်ငံရေး လှုပ်ရှားများလုပ်ဆောင်ခဲ့မူများကြောင့်ပြင်းထန်သော ပြည်တွင်း ကွဲလွဲမှုများရှိနေသည်။
မြောက်ကိုရီးယားနှင့် ၎င်း၏နျူကလီးယားလက်နက်ခြိမ်းခြောက်မှုကို မည်ကဲ့သို့ဖြေလျှော့နိုမည်ဆိုသည့် နည်းဗျူဟာကိုမည်သည့် ကိုယ်စားလှယ်လောင်းတစ်ဦးကမှ မတင်ပြခဲ့ကြောင်းကိုတော့ ဝေဖန်သူများကထောက်ပြထားသည်။
အမေရိကန်-တရုတ် အားပြိုင်မူကြားတွင် နိုင်ငံတကာဆက်ဆံရေးကိုမည်သို့ ကိုင်တွယ်ဖြေရှင်းမည်၊ကြီးမားလာသော စီးပွားရေးမညီမျှမှု၊မတည်ငြိမ်သော အိမ်ယာစျေးကွက် ကိစ္စများကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကိုလည်းသေချာ မရှင်းပြခဲ့ကြသဖြင့် မဲဆန္ဒရှင်များ၏ဝေဖန်မူများကထွက်ပေါ်ဆဲဖြစ်သည်။
မြောက်ကိုရီးယားနဲ့တင်းမာမှုတွေကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းပြီး ဝါရှင်တန်၊ တိုကျိုတို့နဲ့ သုံးနိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်လို့ သမ္မတသစ် မစ္စတာ ယွန်က ပြောပါတယ်။
တရုတ်နိုင်ငံနှင့် ပိုမိုခိုင်မာတဲ့ဆက်ဆံရေးတိုးမြှင့်ရင်း အမေရိကန်နဲ့လည်း မဟာမိတ်ဖွဲ့မယ်လို့ မစ္စတာ ယွန်က ဆိုပါတယ်။
စနေနေ့က မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွတ်သည့်ကိစ္စအပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအား တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲရလဒ်အပေါ် လွှမ်းမိုးရန် ကြိုးပမ်းနေသည်ဟု သမ္မတသစ်က စွပ်စွဲခဲ့သည်။
Ref: 9news.com.au