လျှပ်စစ်မီးပြတ်တောက်ချိန်များနေ၍ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေ

0
130

လျှပ်စစ်မီးပြတ်တောက်ချိန်များနေ၍ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေ

လျှပ်စစ်မီးပြတ်တောက်ချိန်များနေ၍ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေသဖြင့် လူမှုကူညီရေးအသင်းများမှ သောက်သုံးရေများလိုက်လံဖြန့်ဝေပေးရလျက်ရှိသည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။

လျှပ်စစ်မီးပြတ်တောက်ချိန်များနေသဖြင့် လျှပ် စစ်မီးလာသည့်အချိန်အားစောင့်၍ ရေတင်ရခြင်းများပြုလုပ်ရသော်လည်း လျှပ်စစ်မီးအားလျော့နည်းမှုများလည်း ရှိနေသဖြင့် ထိုက်သင့်သည့်ရေရရှိမှုမရှိခြင်းများလည်း ဖြစ်ပေါ်နေသည်ဟု သိရသည်။

“မီးလာတဲ့အချိန်ကိုစောင့်ပြီး ရေတင်ရတာပဲ ဒါပေမယ့် မီးလာတဲ့အချိန်ကိုကျွန်တော်တို့လိုပဲ မြို့ နယ်အနှံ့မှာ စောင့်နေကြတဲ့လူတွေရှိတော့ မီးအားမပြည့်တာတွေရှိတယ် အဲဒီတော့ရေတင်တဲ့အခါ မီးအားနည်းတော့ရေရတာလည်းနည်းတာပေါ့ နောက်ပြီး မီးကလည်းခနတဖြုတ်ပဲလာ ပြီးရင်အကြာကြီးပြန်ပျက်ဆိုတော့ ဘာမှလုပ်လို့မရတော့ဘူးပေါ့”ဟုကမာရွတ်မြို့နယ်နေ ကိုဝေလင်းဦးကပြောသည်။

မြို့နယ်အများစု၌ လျှပ်စစ်မီးပြတ်တောက်ချိန်များနေသဖြင့် သောက်သုံးရေပြတ်လပ်မှုများရှိနေသည့် မြို့နယ်များအနက် လှိုင်သာယာမြို့နယ်ရှိ မိုးကုတ်ဝိပဿနာစာသင်တိုက်၊ဗိုလ်တထောင်မြို့နယ်ရှိ သံလျက်စွန်းဝန်းအိမ်ရာ၊သင်္ဃန်းကျွန်းမြို့နယ်၊ငမိုးရိပ် ၉ လမ်း၊ ၇ လမ်းနှင့်တောင်ဥက္ကလာပမြို့နယ်များသို့ ရှင်သန်ရေးကူညီမှုအသင်းမှ မတ် ၈ ရက်တွင် သောက်သုံးရေဂါလံ ၁၄၀၀၀ ကျော်အားလှူဒါန်းခဲ့ကြသည်။

” ၉ ရက်နေ့မှာလည်း မြောက်ဒဂုံမြို့နယ်ထဲက မဟာမြိုင်အိမ်ယာက ပြည်သူတွေအတွက် သောက်သုံးရေဂါလံ ၂၅၀၀၀ ကျော်ကိုသွားပြီးလှူ ဒါန်းပေးခဲ့ပါတယ် သူတို့တွေက စက်သုံးဆီဖိုးပြန်လှူကြတယ်”ဟုရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းဦးကပြောသည်။

လျှပ်စစ်မီးပြတ်တောက်ချိန်များ၌ သောက်သုံး ရေပြတ်လပ်မှုများဖြစ်ပေါ်နေသဖြင့် အချို့မြို့ နယ်များ၌ အခကြေးငွေယူ၍ မီးစက်များဖြင့်ရေတင်ပေးခြင်းလုပ်ငန်း လုပ်ကိုင်နေကြသူများလည်း လတ်တလော၌ရှိလာခဲ့သည်ဟု သိရသည်။

Zaw Gyi

လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္မ်ားေန၍ ေသာက္သုံးေရျပတ္လပ္မႈမ်ားျဖစ္ေပၚေန

လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္မ်ားေန၍ ေသာက္သုံးေရျပတ္လပ္မႈမ်ားျဖစ္ေပၚေနသျဖင့္ လူမႈကူညီေရးအသင္းမ်ားမွ ေသာက္သုံးေရမ်ားလိုက္လံျဖန္႔ေဝေပးရလ်က္ရွိသည္ဟု လူမႈကူညီေရးအသင္းမ်ားမွ သိရသည္။

လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္မ်ားေနသျဖင့္ လွ်ပ္ စစ္မီးလာသည့္အခ်ိန္အားေစာင့္၍ ေရတင္ရျခင္းမ်ားျပဳလုပ္ရေသာ္လည္း လွ်ပ္စစ္မီးအားေလ်ာ့နည္းမႈမ်ားလည္း ရွိေနသျဖင့္ ထိုက္သင့္သည့္ေရရရွိမႈမရွိျခင္းမ်ားလည္း ျဖစ္ေပၚေနသည္ဟု သိရသည္။

“မီးလာတဲ့အခ်ိန္ကိုေစာင့္ၿပီး ေရတင္ရတာပဲ ဒါေပမယ့္ မီးလာတဲ့အခ်ိန္ကိုကြၽန္ေတာ္တို႔လိုပဲ ၿမိဳ႕ နယ္အႏွံ႔မွာ ေစာင့္ေနၾကတဲ့လူေတြရွိေတာ့ မီးအားမျပည့္တာေတြရွိတယ္ အဲဒီေတာ့ေရတင္တဲ့အခါ မီးအားနည္းေတာ့ေရရတာလည္းနည္းတာေပါ့ ေနာက္ၿပီး မီးကလည္းခနတျဖဳတ္ပဲလာ ၿပီးရင္အၾကာႀကီးျပန္ပ်က္ဆိုေတာ့ ဘာမွလုပ္လို႔မရေတာ့ဘူးေပါ့”ဟုကမာ႐ြတ္ၿမိဳ႕နယ္ေန ကိုေဝလင္းဦးကေျပာသည္။

ၿမိဳ႕နယ္အမ်ားစု၌ လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္မ်ားေနသျဖင့္ ေသာက္သုံးေရျပတ္လပ္မႈမ်ားရွိေနသည့္ ၿမိဳ႕နယ္မ်ားအနက္ လႈိင္သာယာၿမိဳ႕နယ္ရွိ မိုးကုတ္ဝိပႆနာစာသင္တိုက္၊ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ သံလ်က္စြန္းဝန္းအိမ္ရာ၊သဃၤန္းကြၽန္းၿမိဳ႕နယ္၊ငမိုးရိပ္ ၉ လမ္း၊ ၇ လမ္းႏွင့္ေတာင္ဥကၠလာပၿမိဳ႕နယ္မ်ားသို႔ ရွင္သန္ေရးကူညီမႈအသင္းမွ မတ္ ၈ ရက္တြင္ ေသာက္သုံးေရဂါလံ ၁၄၀၀၀ ေက်ာ္အားလႉဒါန္းခဲ့ၾကသည္။

” ၉ ရက္ေန႔မွာလည္း ေျမာက္ဒဂုံၿမိဳ႕နယ္ထဲက မဟာၿမိဳင္အိမ္ယာက ျပည္သူေတြအတြက္ ေသာက္သုံးေရဂါလံ ၂၅၀၀၀ ေက်ာ္ကိုသြားၿပီးလႉ ဒါန္းေပးခဲ့ပါတယ္ သူတို႔ေတြက စက္သုံးဆီဖိုးျပန္လႉၾကတယ္”ဟုရွင္သန္ေရးကူညီမႈအသင္း ဥကၠ႒ဦးထြန္းထြန္းဦးကေျပာသည္။

လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္မ်ား၌ ေသာက္သုံး ေရျပတ္လပ္မႈမ်ားျဖစ္ေပၚေနသျဖင့္ အခ်ိဳ႕ၿမိဳ႕ နယ္မ်ား၌ အခေၾကးေငြယူ၍ မီးစက္မ်ားျဖင့္ေရတင္ေပးျခင္းလုပ္ငန္း လုပ္ကိုင္ေနၾကသူမ်ားလည္း လတ္တေလာ၌ရွိလာခဲ့သည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here