နိုင်ငံ့အရေးဆောင်ရွက်ရာတွင် အမြင် ၄ မြင်ဖြင့် ထည့်သွင်းစဥ်းစားတွက်ချက်တတ်စေရန် ဆွေး နွေးပို့ချပေးလျက်ရှိဟု နစက ဥက္ကဋ္ဌပြောကြား

0
201

နိုင်ငံ့အရေးဆောင်ရွက်ရာတွင် အမြင် ၄ မြင်ဖြင့် ထည့်သွင်းစဥ်းစားတွက်ချက်တတ်စေရန် ဆွေး နွေးပို့ချပေးလျက်ရှိဟု နစက ဥက္ကဋ္ဌပြောကြား

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သည် နိုင်ငံ တော်နှင့်တပ်မတော်အတွက်အရေးကြီးသည့် တ က္ကသိုလ်တစ်ခုဖြစ်သည်နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှနည်းပြအ ရာရှိကြီးများနှင့်သင်တန်းသားအရာရှိကြီးများအား မတ် ၉ ရက်က Video Conferencing ဖြင့်တွေ့ဆုံစဥ် အမှာစကားပြောရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သည် နိုင်ငံ တော်နှင့်တပ်မတော်အတွက် အရေးကြီးသည့် တ က္ကသိုလ်တစ်ခုဖြစ်ကာ သင်တန်းသားများအား မှန်ကန်သည့် အယူအဆများ၊တိကျပြတ်သားသည့် ဆုံးဖြတ်ချက်များချမှတ်နိုင်ရေးနှင့်တိုင်း ပြည်၏ ပကတိအခြေအနေမှန်များအားသိရှိကာ မှန်ကန်သည့်အတွေးအမြင်များရရှိစေရေးအ တွက် နိုင်ငံ့အရေးကို ဆောင်ရွက်ရာတွင် နိုင်ငံ ရေး၊စီးပွားရေး၊အုပ်ချုပ်ရေးနှင့်ကာကွယ်ရေး အ မြင် ၄ မြင်ဖြင့် ထည့်သွင်းစဉ်းစားတွက်ချက်တတ်စေရန် ဆွေးနွေးပို့ချပေးလျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ တက်ရောက်လျက်ရှိသည့် သင်တန်းသားများ အဆင့်မြင့်ရာထူးတာဝန်များထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့်အသိပညာများရရှိစေရန် ရည်ရွယ်၍ သင်ကြားပေးလျက်ရှိခြင်းဖြစ် သည်ဟုပြောသည်။

“အရာရှိကြီးတွေအနေနဲ့ အထက်ကပေးအပ်လာတဲ့ အမိန့်နဲ့တာဝန်ကိုအောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရသလို ကိုယ်တိုင်ဦးဆောင်မှုနဲ့ ရည်မှန်းချက်တာဝန်တွေကို အောင်မြင်အောင် လုပ်ဆောင်ရတာတွေလည်းရှိပါတယ် အဲ့လိုဆောင်ရွက်ရာမှာ နိုင်ငံရေး၊စီးပွားရေး၊အုပ်ချုပ်ရေးနဲ့ကာကွယ်ရေး စတဲ့အမြင် ၄ မြင်နဲ့ပြည့်စုံအောင် ထည့်သွင်းစဉ်းစားတွက်ချက်ဆောင်ရွက်နိုင်ခြင်းမရှိရင် နိုင်ငံတော်အတွက်လိုအပ်ချက်တွေဖြစ်ပေါ်လာနိုင်မှာပါ”ဟု နစက ဥက္ကဋ္ဌကပြော သည်။

အလားတူ သင်တန်းသားများတွင် တပ်မတော်သားအရာရှိကြီးများ၊ဝန်ကြီးဌာနမှအရာရှိကြီးများလည်းပါဝင်သဖြင့် ကာကွယ်ရေးတာဝန်သာမက အုပ်ချုပ်ရေးပိုင်းတာဝန်များကိုလည်း ထမ်းဆောင်ရသည်ဖြစ်၍ အမြင် ၄ မြင်အား မှန်မှန်ကန်ကန်သိရှိရန်လိုအပ်သည်ဟုပြောသည်။

“နိုင်ငံရေးလုပ်ဆောင်ဖို့မဟုတ်ဘဲ နိုင်ငံ့အရေးတာ ဝန်တွေကို မှန်မှန်ကန်ကန်သိရှိ ထမ်းဆောင်နိုင်ဖို့အတွက် ဆွေးနွေးလေ့ကျင့်ပို့ချနေခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

Zaw Gyi

ႏိုင္ငံ့အေရးေဆာင္႐ြက္ရာတြင္ အျမင္ ၄ ျမင္ျဖင့္ ထည့္သြင္းစဥ္းစားတြက္ခ်က္တတ္ေစရန္ ေဆြး ေႏြးပို႔ခ်ေပးလ်က္ရွိဟု နစက ဥကၠ႒ေျပာၾကား

ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္သည္ ႏိုင္ငံ ေတာ္ႏွင့္တပ္မေတာ္အတြက္အေရးႀကီးသည့္ တ ကၠသိုလ္တစ္ခုျဖစ္သည္ႏွင့္ပတ္သက္၍ နစက ဥကၠ႒မွေျပာၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွနည္းျပအ ရာရွိႀကီးမ်ားႏွင့္သင္တန္းသားအရာရွိႀကီးမ်ားအား မတ္ ၉ ရက္က Video Conferencing ျဖင့္ေတြ႕ဆုံစဥ္ အမွာစကားေျပာရာ၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္သည္ ႏိုင္ငံ ေတာ္ႏွင့္တပ္မေတာ္အတြက္ အေရးႀကီးသည့္ တ ကၠသိုလ္တစ္ခုျဖစ္ကာ သင္တန္းသားမ်ားအား မွန္ကန္သည့္ အယူအဆမ်ား၊တိက်ျပတ္သားသည့္ ဆုံးျဖတ္ခ်က္မ်ားခ်မွတ္ႏိုင္ေရးႏွင့္တိုင္း ျပည္၏ ပကတိအေျခအေနမွန္မ်ားအားသိရွိကာ မွန္ကန္သည့္အေတြးအျမင္မ်ားရရွိေစေရးအ တြက္ ႏိုင္ငံ့အေရးကို ေဆာင္႐ြက္ရာတြင္ ႏိုင္ငံ ေရး၊စီးပြားေရး၊အုပ္ခ်ဳပ္ေရးႏွင့္ကာကြယ္ေရး အ ျမင္ ၄ ျမင္ျဖင့္ ထည့္သြင္းစဥ္းစားတြက္ခ်က္တတ္ေစရန္ ေဆြးေႏြးပို႔ခ်ေပးလ်က္ရွိသည္ဟု နစက ဥကၠ႒ကေျပာသည္။

ထို႔ျပင္ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္၌ တက္ေရာက္လ်က္ရွိသည့္ သင္တန္းသားမ်ား အဆင့္ျမင့္ရာထူးတာဝန္မ်ားထမ္းေဆာင္ရာတြင္ အေထာက္အကူျဖစ္ေစရန္ႏွင့္အသိပညာမ်ားရရွိေစရန္ ရည္႐ြယ္၍ သင္ၾကားေပးလ်က္ရွိျခင္းျဖစ္ သည္ဟုေျပာသည္။

“အရာရွိႀကီးေတြအေနနဲ႔ အထက္ကေပးအပ္လာတဲ့ အမိန႔္နဲ႔တာဝန္ကိုေအာင္ျမင္ေအာင္ အေကာင္ အထည္ေဖာ္ေဆာင္ရသလို ကိုယ္တိုင္ဦးေဆာင္မႈနဲ႔ ရည္မွန္းခ်က္တာဝန္ေတြကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ရတာေတြလည္းရွိပါတယ္ အဲ့လိုေဆာင္႐ြက္ရာမွာ ႏိုင္ငံေရး၊စီးပြားေရး၊အုပ္ခ်ဳပ္ေရးနဲ႔ကာကြယ္ေရး စတဲ့အျမင္ ၄ ျမင္နဲ႔ျပည့္စုံေအာင္ ထည့္သြင္းစဥ္းစားတြက္ခ်က္ေဆာင္႐ြက္ႏိုင္ျခင္းမရွိရင္ ႏိုင္ငံေတာ္အတြက္လိုအပ္ခ်က္ေတြျဖစ္ေပၚလာႏိုင္မွာပါ”ဟု နစက ဥကၠ႒ကေျပာ သည္။

အလားတူ သင္တန္းသားမ်ားတြင္ တပ္မေတာ္သားအရာရွိႀကီးမ်ား၊ဝန္ႀကီးဌာနမွအရာရွိႀကီးမ်ားလည္းပါဝင္သျဖင့္ ကာကြယ္ေရးတာဝန္သာမက အုပ္ခ်ဳပ္ေရးပိုင္းတာဝန္မ်ားကိုလည္း ထမ္းေဆာင္ရသည္ျဖစ္၍ အျမင္ ၄ ျမင္အား မွန္မွန္ကန္ကန္သိရွိရန္လိုအပ္သည္ဟုေျပာသည္။

“ႏိုင္ငံေရးလုပ္ေဆာင္ဖို႔မဟုတ္ဘဲ ႏိုင္ငံ့အေရးတာ ဝန္ေတြကို မွန္မွန္ကန္ကန္သိရွိ ထမ္းေဆာင္ႏိုင္ဖို႔အတြက္ ေဆြးေႏြးေလ့က်င့္ပို႔ခ်ေနျခင္းျဖစ္ပါတယ္”ဟု နစက ဥကၠ႒ကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here