၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးအား ထောင်ဒဏ် နှစ်နှစ်ချမှတ်

0
196

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးအား ထောင်ဒဏ် နှစ်နှစ်ချမှတ်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးကို ရန်ကုန်အင်းစိန်ထောင်တွင်းတရားရုံးက ယနေ့ မတ် ၁၀ရက် မွန်းလွဲပိုင်းတွင် ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်ပြီဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှသိရသည်။

ယနေ့ မွန်းလွဲပိုင်းတွင်၂ နာရီဝန်းကျင် အချိန်ခန့်တွင် ကိုမြအေးအား အင်းစိန်ဗဟိုအကျဥ်းထောင်တွင်း သီးသန့်တရားရုံးသို့ရုံးထုတ်လာခဲ့ပြီးနောက် ယင်းသို့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

” ဒီနေ့အမိန့်ချတာမှန်ပါတယ်။ ချမှတ်တဲ့အမိန့်နဲ့ပတ်သက်ပြီး ဘာဆက်လုပ်မယ်ဆိုတာကတော့ ကာယကံရှင်နဲ့တိုင်ပင်ရဦးမယ်ထင်တယ်။ ကျန်တာကိုတော့ ကျွန်တော်တို့လည်းမပြောတတ်ဘူးဗျ။ သူ(ကိုမြအေး)ကျန်းမာရေကောင်းနေတာကိုတွေရပါတယ်”ဟုဆိုသည်။

ကိုမြအေးအား ပြီးခဲ့သော မတ်လ၈ ရက်တွင်အပြီးသတ်အမိနိ့ချရန် ရှိသော်လည်းယနေ့မှသာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုမြအေးအား ၂၀၂၁ခု နှစ် ဖေဖော်ဝါရီ ၁ မနက်ပိုင်းကစတင်ထိန်းသိမ်းခံရခြင်းဖြစ်သည်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here