သတ်မှတ်ရက်အတွင်း စစ်ဆေးခံခြင်းမရှိသည့် နိုင်ငံရေးပါတီများအား အရေးယူမည်ဟု နစက ထုတ်ပြန်

0
216

သတ်မှတ်ရက်အတွင်း စစ်ဆေးခံခြင်းမရှိသည့် နိုင်ငံရေးပါတီများအား အရေးယူမည်ဟု နစက ထုတ်ပြန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီများအား စစ်ဆေးလျက်ရှိရာ သတ်မှတ်ရက်အတွင်း စစ်ဆေးခံခြင်းမရှိသည့် နိုင်ငံရေးပါတီများအား အရေးယူသွားမည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပါတီများအား နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေပုဒ်မ-၂၄(က)နှင့်အညီ မတ် ၉ ရက်မတိုင်မီ လာရောက်စစ်ဆေးခံရန်နှင့်ညွန်ကြားချက်များအတိုင်း လိုက်နာခြင်းမရှိဘဲပျက် ကွက်ပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပ ဒေပုဒ်မ-၂၄(ဂ)၊(ဃ)၊(င)တို့ဖြင့် အရေးယူဆောင် ရွက်သွားမည်သည်။

UEC မှမြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ၏ပါတီ ဝင်အင်အား၊ပါတီပိုင်ရန်ပုံငွေ၊ပစ္စည်းများစု ဆောင်းခြင်း၊ထိန်းသိမ်းခြင်း၊သုံးစွဲခြင်း၊စစ်ဆေးခြင်းနှင့်စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ပါတီဆိုင် ရာလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ထားခြင်းရှိ၊မရှိတို့အား စစ်ဆေးလျက်ရှိသည်။

ထိုသို့ စစ်ဆေးလျက်ရှိရာ နိုင်ငံရေးပါတီ ၈၁ ပါတီအား လက်ရှိအချိန်အထိစစ်ဆေးထားပြီးဖြစ်ကာ စစ်ဆေးရန်ကျန်ရှိသည့် နိုင်ငံရေးပါတီများအား အစစ်ဆေးခံရန်အကြောင်းကြားထားသည်ဟု UEC မှလည်းထုတ်ပြန်ထားသည်။

ယင်းသို့ အကြောင်းကြားထားသော်လည်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့်ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့သည် စစ်ဆေးခံခြင်းမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခံခြင်းမရှိသည့် နိုင်ငံရေးပါတီများအား UEC အဖွဲ့ဝင်အများစုသည် တိုင်းနှင့်ပြည်နယ်အလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးမြေပြင်လူဉီးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်များအား ကြီးကြပ်ကွပ်ကဲရန် သက်ဆိုင်ရာနယ်မြေများသို့ ရောက်ရှိနေ၍ ပြန်လည်ရောက်ရှိမှသာ စုံညီအ စည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ဆောင်ရွက်သွားမည်ဟုထုတ်ပြန်ရေးသားထားသည်။

Zaw Gyi

သတ္မွတ္ရက္အတြင္း စစ္ေဆးခံျခင္းမရွိသည့္ ႏိုင္ငံေရးပါတီမ်ားအား အေရးယူမည္ဟု နစက ထုတ္ျပန္

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC)မွ တစ္ႏိုင္ငံလုံးရွိ ႏိုင္ငံေရးပါတီမ်ားအား စစ္ေဆးလ်က္ရွိရာ သတ္မွတ္ရက္အတြင္း စစ္ေဆးခံျခင္းမရွိသည့္ ႏိုင္ငံေရးပါတီမ်ားအား အေရးယူသြားမည္ဟု နစက မွထုတ္ျပန္ခဲ့သည္။

ႏိုင္ငံေရးပါတီမ်ားအား ႏိုင္ငံေရးပါတီမ်ားမွတ္ပုံ တင္ျခင္းဥပေဒပုဒ္မ-၂၄(က)ႏွင့္အညီ မတ္ ၉ ရက္မတိုင္မီ လာေရာက္စစ္ေဆးခံရန္ႏွင့္ၫြန္ၾကားခ်က္မ်ားအတိုင္း လိုက္နာျခင္းမရွိဘဲပ်က္ ကြက္ပါက ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပ ေဒပုဒ္မ-၂၄(ဂ)၊(ဃ)၊(င)တို႔ျဖင့္ အေရးယူေဆာင္ ႐ြက္သြားမည္သည္။

UEC မွျမန္မာႏိုင္ငံရွိ ႏိုင္ငံေရးပါတီမ်ား၏ပါတီ ဝင္အင္အား၊ပါတီပိုင္ရန္ပုံေငြ၊ပစၥည္းမ်ားစု ေဆာင္းျခင္း၊ထိန္းသိမ္းျခင္း၊သုံးစြဲျခင္း၊စစ္ေဆးျခင္းႏွင့္စာရင္းရွင္းလင္းဖ်က္သိမ္းျခင္း၊ပါတီဆိုင္ ရာလုပ္ငန္းမ်ားအား စနစ္တက်ေဆာင္႐ြက္ထားျခင္းရွိ၊မရွိတို႔အား စစ္ေဆးလ်က္ရွိသည္။

ထိုသို႔ စစ္ေဆးလ်က္ရွိရာ ႏိုင္ငံေရးပါတီ ၈၁ ပါတီအား လက္ရွိအခ်ိန္အထိစစ္ေဆးထားၿပီးျဖစ္ကာ စစ္ေဆးရန္က်န္ရွိသည့္ ႏိုင္ငံေရးပါတီမ်ားအား အစစ္ေဆးခံရန္အေၾကာင္းၾကားထားသည္ဟု UEC မွလည္းထုတ္ျပန္ထားသည္။

ယင္းသို႔ အေၾကာင္းၾကားထားေသာ္လည္း အမ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီႏွင့္ရွမ္းတိုင္း ရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီတို႔သည္ စစ္ေဆးခံျခင္းမရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ စစ္ေဆးခံျခင္းမရွိသည့္ ႏိုင္ငံေရးပါတီမ်ားအား UEC အဖြဲ႕ဝင္အမ်ားစုသည္ တိုင္းႏွင့္ျပည္နယ္အလိုက္ အေျခခံမဲဆႏၵရွင္စာရင္းမ်ား မွန္ကန္ေရးေျမျပင္လူဉီးေရစာရင္းႏွင့္တိုက္ဆိုင္စစ္ေဆးျခင္း ေရွ႕ေျပးလုပ္ငန္းစီမံခ်က္မ်ားအား ႀကီးၾကပ္ကြပ္ကဲရန္ သက္ဆိုင္ရာနယ္ေျမမ်ားသို႔ ေရာက္ရွိေန၍ ျပန္လည္ေရာက္ရွိမွသာ စုံညီအ စည္းအေဝးျပဳလုပ္ၿပီး ဆုံးျဖတ္ေဆာင္႐ြက္သြားမည္ဟုထုတ္ျပန္ေရးသားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here