နောင်ချိုမြို့တွင် ဆိုင်ကယ်ဖြင့်သယ်လာသည့် ငွေကျပ်သိန်း ၁၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

0
131

(Unicode)

နောင်ချိုမြို့တွင် ဆိုင်ကယ်ဖြင့်သယ်လာသည့် ငွေကျပ်သိန်း ၁၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊နောင်ချိုမြို့၊ပါဟတ်ရပ်ကွက်၊နယ် မြေ(၇)၌ မတ် ၉ ရက်နံနက် ၉ နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

သပြေရေကျေးရွာကျောင်းလမ်းဘက်မှနောင်ချိုမြို့တွင်းဘက်သို့ ကျော်ကျော်နိုင်(၄၅)နှစ်နှင့်ထိန်လင်းစိုး(ခ)ဗေဒါး(၃၀)နှစ်တို့စီးနင်းလာသည့် ဆိုင်ကယ်နှစ်စီးပေါ်ရှိ ဆာလာအိတ် ၆ အိတ်အတွင်းမှဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက် ၁၃၁၆ ခွက်အတွင်းထည့်ထားသည့် ငွေကျပ်သိန်း ၁၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၃ ဒသမ ၁၆ ကီလိုအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ နံနက် ၉ နာရီခွဲတွင် ဘိန်းဖြူများအားသယ်ဆောင်ခိုင်းသူ မောင်ဌေး(၅၀)နှစ်၊နံနက် ၁၀ နာရီတွင် ဘိန်းဖြူများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်ခဲ့ကြသည့် အောင်ကိုကိုပိုင်(ခ) အောင်ကို(၃၂)နှစ်၊ရန်နိုင်ဦး(၃၄)နှစ်နှင့်သက်နိုင်ဦး (၃၃)နှစ်တို့အားထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဘိန်းဖြူများအား ရှမ်းပြည်(မြောက်ပိုင်း) မှမန္တလေးတိုင်းသို့ သယ်ဆောင်လာခြင်းဖြစ် ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၆ ဦးအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ဖမ်းဆီးရမိရေးအတွက်စစ်ဆေးလျက်ရှိသည်။

(Zawgyi)

ေနာင္ခ်ိဳၿမိဳ႕တြင္ ဆိုင္ကယ္ျဖင့္သယ္လာသည့္ ေငြက်ပ္သိန္း ၁၉၀၀ ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

ရွမ္းျပည္နယ္၊ေနာင္ခ်ိဳၿမိဳ႕၊ပါဟတ္ရပ္ကြက္၊နယ္ ေျမ(၇)၌ မတ္ ၉ ရက္နံနက္ ၉ နာရီခန္႔တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕မွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕မွသိရသည္။

သေျပေရေက်း႐ြာေက်ာင္းလမ္းဘက္မွေနာင္ခ်ိဳၿမိဳ႕တြင္းဘက္သို႔ ေက်ာ္ေက်ာ္ႏိုင္(၄၅)ႏွစ္ႏွင့္ထိန္လင္းစိုး(ခ)ေဗဒါး(၃၀)ႏွစ္တို႔စီးနင္းလာသည့္ ဆိုင္ကယ္ႏွစ္စီးေပၚရွိ ဆာလာအိတ္ ၆ အိတ္အတြင္းမွဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ဆာလာအိတ္မ်ားအတြင္းမွ ဆပ္ျပာခြက္ ၁၃၁၆ ခြက္အတြင္းထည့္ထားသည့္ ေငြက်ပ္သိန္း ၁၉၀၀ ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴ ၁၃ ဒသမ ၁၆ ကီလိုအား ဖမ္းဆီးရမိခဲ့သည္ဟု ရဲတပ္ဖြဲ႕မွသိရသည္။

စစ္ေဆးခ်က္အရ နံနက္ ၉ နာရီခြဲတြင္ ဘိန္းျဖဴမ်ားအားသယ္ေဆာင္ခိုင္းသူ ေမာင္ေဌး(၅၀)ႏွစ္၊နံနက္ ၁၀ နာရီတြင္ ဘိန္းျဖဴမ်ားသယ္ေဆာင္ရာ၌ ပူးေပါင္းပါဝင္ခဲ့ၾကသည့္ ေအာင္ကိုကိုပိုင္(ခ) ေအာင္ကို(၃၂)ႏွစ္၊ရန္ႏိုင္ဦး(၃၄)ႏွစ္ႏွင့္သက္ႏိုင္ဦး (၃၃)ႏွစ္တို႔အားထပ္မံဖမ္းဆီးရမိခဲ့သည္။

အဆိုပါ ဘိန္းျဖဴမ်ားအား ရွမ္းျပည္(ေျမာက္ပိုင္း) မွမႏၲေလးတိုင္းသို႔ သယ္ေဆာင္လာျခင္းျဖစ္ ေၾကာင္း စစ္ေဆးသိရွိခဲ့ရသည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိသူ ၆ ဦးအား မူးယစ္ေဆး ဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ ရာဥပေဒအရအေရးယူကာ ဆက္စပ္ျပစ္မႈက်ဴး လြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္စစ္ေဆးလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here