ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ၃ ဦး အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံရ

0
286

(Unicode)

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ၃ ဦး အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံရ

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ၃ ဦးအား အင်းစိန်အကျဥ်းထောင်တွင်းတရားရုံးမှ မတ် ၁၀ ရက်တွင် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် များဖြစ်သည့် သတ္တဗေဒဌာန(ဒုတိယနှစ်) ကျောင်းသူ မဝတ်ရည်အောင်၊ ရှေးဟောင်းသု တေသနဌာန(ဒုတိယနှစ်)ကျောင်းသား ကိုရဲလင်းဦးနှင့်သမိုင်းဌာနမှကိုနေထက်လင်း တို့အားအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရာဇသတ်ကြီးဥပဒပုဒ်မ-၅၀၅(က) အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကာ ထောင်ဒဏ်များ၌ ချုပ်ရပ်များအားခံစားခွင့်ပြုထားကြောင်း ဒဂုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂမှသိရသည်။

“အခုလိုအမိန့်ချပြီးတဲ့အပြင်ကိုပဲ မဝတ်ရည်အောင်နဲ့ကိုရဲလင်းဦး တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)နဲ့ထပ်ပြီးအမှုဖွင့်ထားသေးတယ်”ဟုဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးကပြောသည်။

၎င်းတို့အပါအဝင် ဒဂုံတက္ကသိုလ်မှကျောင်းသား ကျောင်းသူ ၆ ဦးအား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၁၄ ရက်ညပိုင်းတွင် ကျောက်တံတားမြို့နယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

၎င်းတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ကိုစည်သူအောင်တင်အား ရာဇသတ်ကြီးဥပဒပုဒ်မ-၁၂၄ (ခ)(ဃ)၊ ၅၀၅(က)တို့ဖြင့် ထောင်ဒဏ် ၁၀နှစ်၊မသဉ္ဇာဇော်အား ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၂၄(ခ)(က)၊ ၅၀၅(က)တို့ဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ကိုမြင့်သိန်းနိုင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီ အင်းစိန်အကျဥ်းထောင်တွင်းတရားရုံးမှ အသီးသီးအမိန့်ချမှတ်ထားသည်။

(Zawgyi)

ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္ ၃ ဦး အလုပ္ႏွင့္ေထာင္ဒဏ္ ၃ ႏွစ္စီခ်မွတ္ခံရ

ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္ ၃ ဦးအား အင္းစိန္အက်ဥ္းေထာင္တြင္းတရား႐ုံးမွ မတ္ ၁၀ ရက္တြင္ အလုပ္ႏွင့္ေထာင္ဒဏ္ ၃ ႏွစ္စီခ်မွတ္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္ မ်ားျဖစ္သည့္ သတၱေဗဒဌာန(ဒုတိယႏွစ္) ေက်ာင္းသူ မဝတ္ရည္ေအာင္၊ ေရွးေဟာင္းသု ေတသနဌာန(ဒုတိယႏွစ္)ေက်ာင္းသား ကိုရဲလင္းဦးႏွင့္သမိုင္းဌာနမွကိုေနထက္လင္း တို႔အားအမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

ရာဇသတ္ႀကီးဥပဒပုဒ္မ-၅၀၅(က) အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္ကာ ေထာင္ဒဏ္မ်ား၌ ခ်ဳပ္ရပ္မ်ားအားခံစားခြင့္ျပဳထားေၾကာင္း ဒဂုံတကၠသိုလ္ေက်ာင္း သားမ်ားသမဂၢမွသိရသည္။

“အခုလိုအမိန္႔ခ်ၿပီးတဲ့အျပင္ကိုပဲ မဝတ္ရည္ေအာင္နဲ႔ကိုရဲလင္းဦး တို႔ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ-၅၂(က)နဲ႔ထပ္ၿပီးအမႈဖြင့္ထားေသးတယ္”ဟုဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္တစ္ဦးကေျပာသည္။

၎တို႔အပါအဝင္ ဒဂုံတကၠသိုလ္မွေက်ာင္းသား ေက်ာင္းသူ ၆ ဦးအား နစက ၏လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ၂၀၂၁ ခုႏွစ္၊စက္တင္ဘာ ၁၄ ရက္ညပိုင္းတြင္ ေက်ာက္တံတားၿမိဳ႕နယ္၌ ဖမ္းဆီးခဲ့ျခင္းျဖစ္ သည္။

၎တို႔ႏွင့္အတူ ဖမ္းဆီးခံခဲ့ရသည့္ ကိုစည္သူေအာင္တင္အား ရာဇသတ္ႀကီးဥပဒပုဒ္မ-၁၂၄ (ခ)(ဃ)၊ ၅၀၅(က)တို႔ျဖင့္ ေထာင္ဒဏ္ ၁၀ႏွစ္၊မသၪၨာေဇာ္အား ရာဇသတ္ႀကီးဥပေဒပုဒ္မ-၁၂၄(ခ)(က)၊ ၅၀၅(က)တို႔ျဖင့္ ေထာင္ဒဏ္ ၁၃ ႏွစ္၊ကိုျမင့္သိန္းႏိုင္အား ရာဇသတ္ႀကီးဥပေဒပုဒ္မ-၅၀၅ (က)ျဖင့္ ေထာင္ဒဏ္ ၃ ႏွစ္စီ အင္းစိန္အက်ဥ္းေထာင္တြင္းတရား႐ုံးမွ အသီးသီးအမိန္႔ခ်မွတ္ထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here