အမရပူရမြို့နယ်၌ လုံခြုံရေးအဖွဲ့ယာဥ်တန်းဖြတ်လာစဥ် လက်လုပ်ချိန်ကိုက်မိုင်း ၂ လုံးပေါက်ကွဲမှုဖြစ်

0
131

(Unicode)

အမရပူရမြို့နယ်၌ လုံခြုံရေးအဖွဲ့ယာဥ်တန်းဖြတ်လာစဥ် လက်လုပ်ချိန်ကိုက်မိုင်း ၂ လုံးပေါက်ကွဲမှုဖြစ်

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊နတ်ရေကန်ကျေး ရွာအုပ်စု၊နတ်ရေကန်ကျေးရွာအနီးရှိ ရန်ကုန်-မန္တ လေးသွား ကားလမ်းဟောင်း၌ မတ် ၁၁ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နတ်ရေကန်ကျေးရွာထိပ်ရှိ ကားလမ်းဟောင်း၏ လမ်းလယ်ကျွန်းတွင် လက်လုပ်ချိန်ကိုက်မိုင်းတစ် လုံးနှင့်မန္တလေးမြို့ဘက်သွားလမ်း၏ လမ်းလယ်ကျွန်းမြောက်ဘက်ရှိ အပင်အောက်တွင် လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံးတို့ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်လုပ်ချိန်ကိုက်မိုင်းနှစ်လုံးသည် လုံ ခြုံရေးအဖွဲ့ယာဥ်တန်းဖြတ်သန်းစဥ် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ဖြတ်သန်းသွားသည့် လုံခြုံရေးအဖွဲ့ယာဥ်တန်းမှ လုံခြုံရေးအဖွဲ့ဝင်တစ်ဦး၏ ယာဘက်နားရွက်အောက်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် နန်းတွင်းဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာ လက်လုပ်မိုင်းအပိုင်းအစများအား သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ များအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု သိရသည်။

(Zawgyi)

အမရပူရၿမိဳ႕နယ္၌ လုံၿခဳံေရးအဖြဲ႕ယာဥ္တန္းျဖတ္လာစဥ္ လက္လုပ္ခ်ိန္ကိုက္မိုင္း ၂ လုံးေပါက္ကြဲမႈျဖစ္

မႏၲေလးတိုင္း၊အမရပူရၿမိဳ႕နယ္၊နတ္ေရကန္ေက်း ႐ြာအုပ္စု၊နတ္ေရကန္ေက်း႐ြာအနီးရွိ ရန္ကုန္-မႏၲ ေလးသြား ကားလမ္းေဟာင္း၌ မတ္ ၁၁ ရက္နံနက္ပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

နတ္ေရကန္ေက်း႐ြာထိပ္ရွိ ကားလမ္းေဟာင္း၏ လမ္းလယ္ကြၽန္းတြင္ လက္လုပ္ခ်ိန္ကိုက္မိုင္းတစ္ လုံးႏွင့္မႏၲေလးၿမိဳ႕ဘက္သြားလမ္း၏ လမ္းလယ္ကြၽန္းေျမာက္ဘက္ရွိ အပင္ေအာက္တြင္ လက္လုပ္ခ်ိန္ကိုက္မိုင္းတစ္လုံးတို႔ ေပါက္ကြဲခဲ့ျခင္းျဖစ္သည္။

အဆိုပါ လက္လုပ္ခ်ိန္ကိုက္မိုင္းႏွစ္လုံးသည္ လုံ ၿခဳံေရးအဖြဲ႕ယာဥ္တန္းျဖတ္သန္းစဥ္ နံနက္ ၉ နာရီ ၁၅ မိနစ္ခန္႔၌ ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္တြင္ ျဖတ္သန္းသြားသည့္ လုံၿခဳံေရးအဖြဲ႕ယာဥ္တန္းမွ လုံၿခဳံေရးအဖြဲ႕ဝင္တစ္ဦး၏ ယာဘက္နား႐ြက္ေအာက္၌ ထိခိုက္ဒဏ္ရာရရွိခဲ့သျဖင့္ နန္းတြင္းေဆး႐ုံသို႔ ေဆးကုသရန္ပို႔ေဆာင္ခဲ့ရသည္ဟု သိရသည္။

အခင္းျဖစ္ပြားခဲ့သည့္ေနရာအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးရာ လက္လုပ္မိုင္းအပိုင္းအစမ်ားအား သိမ္းဆည္းရမိခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူ မ်ားအား ဖမ္းဆီးရမိေရးအတြက္ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here