ယနေ့နံနက်အစောပိုင်းတွင် ရန်ကုန်မြို့၌ မီး လောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ Level 2 အဆင့်ပါရှိ

0
193

ယနေ့နံနက်အစောပိုင်းတွင် ရန်ကုန်မြို့၌ မီး လောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ Level 2 အဆင့်ပါရှိ

ရန်ကုန်မြို့ရှိ သာကေတ၊သင်္ဃန်းကျွန်းနှင့်ထန်းတပင်မြို့နယ်တို့၌ ယနေ့နံနက်အစောပိုင်းတွင် မီး လောင်မှုများဖြစ်ပွားခဲ့ပြီး Level 2 အဆင့်မီး လောင်မှုတစ်ကြိမ်ပါဝင်ကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ဇေယျဝတီ ၃ လမ်းတွင် နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်ကမီး လောင်မှုဖြစ်ပွားခဲ့၍ သာကေတမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ထွက်ခွာငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်ခဲ့ကြသော်လည်း မီးလောင်မှုများ ၍ နံနက် ၁၂ နာရီ ၁၆ မိနစ်၌ Level 1 အဆင့်နှင့် နံနက် ၁၂ နာရီ ၂၁ မိနစ်တို့၌ Level 2 မီးငြိမ်းသတ်ကားများဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် နံ နက် ၁၂ နာရီ ၃၇ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၂ နာရီ ၄၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၄ နာရီ ၅၃ မိနစ်ခန့်ကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ ၂၄ ရပ်ကွက်၊သံသုမာလမ်း တွင် မီးလောင်မှုဖြစ်ပွား၍ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ငြိမ်းသတ်ပြီး နံနက် ၄ နာရီ ၅၇ မိနစ်၌ Level 1 အဆင့်မီးငြိမ်းသတ်ကားများဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့၍ နံနက် ၅ နာရီ ၂ မိနစ်၌မီးထိန်းနိုင်ခဲ့ကာ နံနက် ၅ နာရီ ၆ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

ထို့ပြင် ထန်းတပင်မြို့နယ်၊လိပ်ကုန်းရွာတွင် နံနက် ၁၂ နာရီ ၄၀ မိနစ်ခန့်က ကွင်းမီးလောင်မှုဖြစ်ပွား ၍ ထန်းတပင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ငြိမ်းသတ်ခဲ့၍ နံနက် ၁၂ နာရီ ၅၂ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“မီးလောင်မှုဖြစ်စဥ်တွေထဲမှာ သာကေတမီး လောင်မှုကတော့ လူနေရပ်ကွက်ထဲမှာဖြစ်တဲ့အ တွက် ဘေးအိမ်တွေကိုမီးမကူးအောင်ကြိုးစားပြီး ငြိမ်းသတ်ခဲ့ရပါတယ် မီးလောင်မှုတွေရဲ့အ ကြောင်းရင်းနဲ့ ဘယ်ကစလောင်တယ် ဘယ် လောက်ဆုံးရှုံးတယ်ဆိုတာကတော့ တွက်ချက်နေပါတယ်”ဟုမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြော သည်။

Zaw Gyi









LEAVE A REPLY

Please enter your comment!
Please enter your name here