ယခုပညာရေးနှစ်အတွက် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် သူ သုံးသိန်းကျော်ရှိ

0
219

(Unicode)

ယခုပညာရေးနှစ်အတွက် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် သူ သုံးသိန်းကျော်ရှိ

ရန်ကုန် မတ် ၁၁

မကြာမီ ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွက် တစ်နိုင်ငံလုံးမှ ကျောင်းသားကျောင်းသူ စုစုပေါင်း သုံးသိန်းကျော် ပါဝင်ဖြေဆိုသွားမည်ဟုသိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီး နှင့် နိုင်ငံခြားစာစစ်ဌာန အပါအဝင် စာစစ်ဌာန စုစုပေါင်း (၁၂၅၆)ခု ရှိနေပြီး စုစုပေါင်းဖြေဆိုသူအရေအတွက်က (၃၁၂၂၉၉)ဦး ရှိနေသည်ဟု ပညာရေးဝန်ကြီးဌာနမှသိရသည်။

ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ကျောင်းများကို စာသင်နှစ်အပြည့် ဖွင့်လှစ်နိုင်ခြင်းမရှိ‌ခဲ့သော်လည်း ယခုပညာရေးနှစ်အတွက် တက္ကသိုလ်ဝင်တန်းဖြေဆိုသူမှာ သုံးသိန်းကျော်အထိ ရှိ နေခြင်းဖြစ်သည်။

စာစစ်ဌာနအသီးသီးတွင် တင်သွင်းထားသည့်စာရင်းများအရ ကျောင်းတွင်း ဖြေဆိုသူ နှစ်သိန်းကျော်ရှိပြီး ပြင်ပမှ ဖြေဆိုသူအရေအတွက်က တစ်သိန်းကျော်ရှိသည်ဟုသိရသည်။

ယခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများမှာ ရခိုင်ပြည်နယ်မှ အများဆုံးဖြစ်ပြီး ရန်ကုန်နှင့်မန္တလေး တို့မှ ဒုတိယနှင့်တတိယ အများဆုံး အရေအတွက်ဖြင့် ဝင်ရောက်ဖြေဆို ကြမည်ဖြစ်သည်။

(Zawgyi)

ယခုပညာေရးႏွစ္အတြက္ တကၠသိုလ္ဝင္တန္းေျဖဆိုမည့္ သူ သုံးသိန္းေက်ာ္ရွိ

ရန္ကုန္ မတ္ ၁၁

မၾကာမီ က်င္းပမည့္ တကၠသိုလ္ဝင္တန္းစာေမးပြဲ အတြက္ တစ္ႏိုင္ငံလုံးမွ ေက်ာင္းသားေက်ာင္းသူ စုစုေပါင္း သုံးသိန္းေက်ာ္ ပါဝင္ေျဖဆိုသြားမည္ဟုသိရသည္။

တိုင္းေဒသႀကီးႏွင့္ျပည္နယ္ အသီးသီး ႏွင့္ ႏိုင္ငံျခားစာစစ္ဌာန အပါအဝင္ စာစစ္ဌာန စုစုေပါင္း (၁၂၅၆)ခု ရွိေနၿပီး စုစုေပါင္းေျဖဆိုသူအေရအတြက္က (၃၁၂၂၉၉)ဦး ရွိေနသည္ဟု ပညာေရးဝန္ႀကီးဌာနမွသိရသည္။

ကိုဗစ္(၁၉)ကပ္ေရာဂါေၾကာင့္ ေက်ာင္းမ်ားကို စာသင္ႏွစ္အျပည့္ ဖြင့္လွစ္ႏိုင္ျခင္းမရွိ‌ခဲ့ေသာ္လည္း ယခုပညာေရးႏွစ္အတြက္ တကၠသိုလ္ဝင္တန္းေျဖဆိုသူမွာ သုံးသိန္းေက်ာ္အထိ ရွိ ေနျခင္းျဖစ္သည္။

စာစစ္ဌာနအသီးသီးတြင္ တင္သြင္းထားသည့္စာရင္းမ်ားအရ ေက်ာင္းတြင္း ေျဖဆိုသူ ႏွစ္သိန္းေက်ာ္ရွိၿပီး ျပင္ပမွ ေျဖဆိုသူအေရအတြက္က တစ္သိန္းေက်ာ္ရွိသည္ဟုသိရသည္။

ယခုႏွစ္အတြက္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသားေက်ာင္းသူမ်ားမွာ ရခိုင္ျပည္နယ္မွ အမ်ားဆုံးျဖစ္ၿပီး ရန္ကုန္ႏွင့္မႏၲေလး တို႔မွ ဒုတိယႏွင့္တတိယ အမ်ားဆုံး အေရအတြက္ျဖင့္ ဝင္ေရာက္ေျဖဆို ၾကမည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here