ကဏ္ဍတစ်ခုတည်းမဟုတ်ဘဲ ကဏ္ဍအားလုံးပူးပေါင်းဆောင်ရွက်နိုင်မှသာ ဖွံ့ဖြိုးတိုးတက်မည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးတိုက်တွန်းပြောဆို

0
193

(Unicode)

ကဏ္ဍတစ်ခုတည်းမဟုတ်ဘဲ ကဏ္ဍအားလုံးပူးပေါင်းဆောင်ရွက်နိုင်မှသာ ဖွံ့ဖြိုးတိုးတက်မည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးတိုက်တွန်းပြောဆို

ပို့ကုန်၊သွင်းကုန်လုပ်ငန်းများလျင်မြန်ချောမွေ့စေရေးအတွက် မြန်မာနိုင်ငံကုန် သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ညီနောင်အသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးရာ၌ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံးညှိနှိုင်းခြင်းအစည်းအ‌ဝေးအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက် တာပွင့်ဆန်း တက်ရောက်ခဲ့သည်။

ကိုဗစ်(၁၉)ရောဂါအခြေအနေနှင့်အခြားအခက်အခဲများရှိနေသော်လည်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ညီနောင်အ သင်းအဖွဲ့များနှင့်ပို့ကုန်၊သွင်းကုန်လုပ်ငန်းများအရှိန်အဟုန်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့၍ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာသည်ဟု သိရသည်။

မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်ထိတွေ့ဆောင်ရွက်ခဲ့၍ ဖွံ့ဖြိုးတိုးတက်မှုများအား အတိုင်းအတာတစ်ခုအထိ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပြီး ကဏ္ဍတစ်ခုတည်း မဟုတ်ဘဲ ကဏ္ဍအားလုံး ပူးပေါင်းဆောင်ရွက်နိုင်မှသာ ဖွံ့ဖြိုးတိုး တက်မည်ဖြစ်၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းကတိုက်တွန်းပြောကြားခဲ့သည်။

“အရင်နှစ်တွေက ကုန်သွယ်မှုလိုငွေပြခြင်းတွေရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုပိုငွေပြခြင်းဖြစ်ခဲ့ပါတယ် လယ်ယာစိုက်ပျိုးရေးကဏ္ဍနဲ့မွေးမြူရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့ သွင်းအားစုတွေကို အဆင်ပြေချောမွေ့စွာ တင်သွင်းရမယ်”ဟုပြည်ထောင်စုဝန်ကြီးကပြော သည်။

တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် ကိုယ်စားလှယ်များက ပို့ကုန်၊သွင်းကုန်လုပ် ငန်းများနှင့်ပတ်သက်သည့် အကြံပြုချက်များ၊ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများနှင့်လက်ရှိဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ကြသည်။

(Zawgyi)









LEAVE A REPLY

Please enter your comment!
Please enter your name here