ပခုက္ကူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ပေါက်ကွဲမှုဖြစ်ပွား ၄ ဦးဒဏ်ရာရ

0
211

(Unicode)

ပခုက္ကူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ပေါက်ကွဲမှုဖြစ်ပွား ၄ ဦးဒဏ်ရာရ

မကွေးတိုင်း၊ပခုက္ကူမြို့၊ ၈ ရပ်ကွက်ရှိ မြန်မာ့စီး ပွားရေးဘဏ်၌ မတ် ၁၁ ရက်(ယနေ့)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာ့စီးပွားရေးဘဏ်အား နံနက် ၉ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးမှ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက် ပြေးသွားခဲ့ခြင်းဖြစ်သည်။

လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရမှုကြောင့် ဘဏ်၌ငွေသွင်း၊ငွေထုတ်ပြုလုပ်ရန်ရောက်ရှိနေသူများအ နက် ၄ ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ပခုက္ကူမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ ဆောင်ခဲ့ရသည်။

“ဘဏ်အဆောက်အဦးလည်းအနည်းအကျဥ်းတော့ထိသွားတယ် ဆိုင်ကယ်နဲ့မောင်းလာပြီး ပစ်ပြေးသွားတာ ရုတ်တရက်ဆိုတော့ ဘယ်သူမှမလိုက်နိုင်ခဲ့ဘူး ပေါက်ကွဲသံအကျယ်ကြီးကြား လိုက်ပြီး လူတွေလည်းအော်ဟစ်ထွက်ပြေးကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

လုံခြုံရေးအဖွဲ့ဝင်များက မြန်မာ့စီးပွားရေးဘဏ်အား လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့သူများအား ဖမ်း ဆီးရမိရေးအတွက် လမ်များအားပိတ်ဆို့၍ စစ် ဆေးမှုများပြုလုပ်ခဲ့ကြသည်။

(Zawgyi)

ပခုကၠဴၿမိဳ႕ရွိ ျမန္မာ့စီးပြားေရးဘဏ္၌ေပါက္ကြဲမႈျဖစ္ပြား ၄ ဦးဒဏ္ရာရ

မေကြးတိုင္း၊ပခုကၠဴၿမိဳ႕၊ ၈ ရပ္ကြက္ရွိ ျမန္မာ့စီး ပြားေရးဘဏ္၌ မတ္ ၁၁ ရက္(ယေန႔)နံနက္ပိုင္းက ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ျမန္မာ့စီးပြားေရးဘဏ္အား နံနက္ ၉ နာရီခြဲခန္႔က ဆိုင္ကယ္စီးလာသည့္ အမည္မသိအမ်ိဳးသား ၂ ဦးမွ လက္ပစ္ဗုံးျဖင့္ပစ္ေပါက္၍ ေမာင္းႏွင္ထြက္ ေျပးသြားခဲ့ျခင္းျဖစ္သည္။

လက္ပစ္ဗုံးျဖင့္ပစ္ေပါက္ခံရမႈေၾကာင့္ ဘဏ္၌ေငြသြင္း၊ေငြထုတ္ျပဳလုပ္ရန္ေရာက္ရွိေနသူမ်ားအ နက္ ၄ ဦးတြင္ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ပခုကၠဴၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ေဆးကုသရန္ပို႔ ေဆာင္ခဲ့ရသည္။

“ဘဏ္အေဆာက္အဦးလည္းအနည္းအက်ဥ္းေတာ့ထိသြားတယ္ ဆိုင္ကယ္နဲ႔ေမာင္းလာၿပီး ပစ္ေျပးသြားတာ ႐ုတ္တရက္ဆိုေတာ့ ဘယ္သူမွမလိုက္ႏိုင္ခဲ့ဘူး ေပါက္ကြဲသံအက်ယ္ႀကီးၾကား လိုက္ၿပီး လူေတြလည္းေအာ္ဟစ္ထြက္ေျပးၾကတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ျမန္မာ့စီးပြားေရးဘဏ္အား လက္ပစ္ဗုံးျဖင့္ပစ္ခတ္ခဲ့သူမ်ားအား ဖမ္း ဆီးရမိေရးအတြက္ လမ္မ်ားအားပိတ္ဆို႔၍ စစ္ ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here