မဟာအောင်မြေမြို့နယ်ရှိ နေအိမ်တစ်လုံး လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခံရ၍ ပေါက်ကွဲမှုဖြစ်ပွားကာ ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

0
427

မဟာအောင်မြေမြို့နယ်ရှိ နေအိမ်တစ်လုံး လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခံရ၍ ပေါက်ကွဲမှုဖြစ်ပွားကာ ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ဒေး/ရှေ့ရပ်ကွက်ရှိ ဦးရဲမြင့်၏နေအိမ်အား မတ် ၁၀ ရက်ညပိုင်းက လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခံခဲ့ရ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဦးရဲမြင့်(၅၇)နှစ်၏နေအိမ်အား ည ၇ နာရီ ၄၅ မိနစ်ခန့်က ဒူးကြားလမ်းအတိုင်း အနောက်ဘက်မှအရှေ့ဘက်သို့ Scoopy ဆိုင်ကယ်ဖြင့် အမည်မသိအမျိုးသား ၂ ဦးနေအိမ်ရှေ့သို့ရောက်ရှိလာပြီး လက်လုပ်မိုင်းဖြင့် အိမ်ထဲသို့ပစ်ပေါက်ပြီး ဒူးကြားလမ်းအတိုင်း အရှေ့ဘက်သို့မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

“အခင်းဖြစ်တဲ့အချိန်မှာ ဦးရဲမြင့်က အိမ်ထဲမှာရှိတယ် လက်လုပ်မိုင်းကအိမ်ထဲကိုကျပြီးပေါက်ကွဲသွားတာ ပျက်စီးဆုံးရှုံးမှုတွေလည်းရှိတယ် ခြံ စည်းရိုးတံခါးကိုကျော်ပြီးပစ်သွားတာ”ဟုလုံခြုံ ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဦးရဲမြင့်၏ အသက်(၃၄)နှစ်အရွယ်ရှိ သားဖြစ်သူ၊ အသက် (၃၃)နှစ်အရွယ်ရှိ ချွေးမဖြစ်သူနှင့်အသက်(၆)နှစ်အရွယ်ရှိ မြေးဖြစ်သူတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

“ကလေးမလေးက အသက် ၆ နှစ်ပဲရှိသေးတယ် သနားပါတယ်ဗျာ ငိုနေတာ ဘယ်ဖက်လက်သူ ကြွယ်ပြတ်သွားရှာတယ် ၃ ယောက်လုံးကတော့စိုးရိမ်ရဒဏ်ရာတွေမဟုတ်ပါဘူး”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃ ဦးအား ဖေးကူလက်များလူမှုကူညီရေးအသင်းမှကားများဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြသည်။

အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာ လက်လုပ်မိုင်းအပိုင်းအစများအား သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

Zaw Gyi

မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေနအိမ္တစ္လုံး လက္လုပ္မိုင္းျဖင့္ပစ္ေပါက္ခံရ၍ ေပါက္ကြဲမႈျဖစ္ပြားကာ ကေလးငယ္တစ္ဦးအပါအဝင္ ၃ ဦးဒဏ္ရာရ

မႏၲေလးၿမိဳ႕၊မဟာေအာင္ေျမၿမိဳ႕နယ္၊ေဒး/ေရွ႕ရပ္ကြက္ရွိ ဦးရဲျမင့္၏ေနအိမ္အား မတ္ ၁၀ ရက္ညပိုင္းက လက္လုပ္မိုင္းျဖင့္ပစ္ေပါက္ခံခဲ့ရ၍ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဦးရဲျမင့္(၅၇)ႏွစ္၏ေနအိမ္အား ည ၇ နာရီ ၄၅ မိနစ္ခန္႔က ဒူးၾကားလမ္းအတိုင္း အေနာက္ဘက္မွအေရွ႕ဘက္သို႔ Scoopy ဆိုင္ကယ္ျဖင့္ အမည္မသိအမ်ိဳးသား ၂ ဦးေနအိမ္ေရွ႕သို႔ေရာက္ရွိလာၿပီး လက္လုပ္မိုင္းျဖင့္ အိမ္ထဲသို႔ပစ္ေပါက္ၿပီး ဒူးၾကားလမ္းအတိုင္း အေရွ႕ဘက္သို႔ေမာင္းႏွင္ထြက္ေျပးသြားခဲ့သည္ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

“အခင္းျဖစ္တဲ့အခ်ိန္မွာ ဦးရဲျမင့္က အိမ္ထဲမွာရွိတယ္ လက္လုပ္မိုင္းကအိမ္ထဲကိုက်ၿပီးေပါက္ကြဲသြားတာ ပ်က္စီးဆုံးရႈံးမႈေတြလည္းရွိတယ္ ၿခံ စည္း႐ိုးတံခါးကိုေက်ာ္ၿပီးပစ္သြားတာ”ဟုလုံၿခဳံ ေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ဦးရဲျမင့္၏ အသက္(၃၄)ႏွစ္အ႐ြယ္ရွိ သားျဖစ္သူ၊ အသက္ (၃၃)ႏွစ္အ႐ြယ္ရွိ ေခြၽးမျဖစ္သူႏွင့္အသက္(၆)ႏွစ္အ႐ြယ္ရွိ ေျမးျဖစ္သူတို႔တြင္ ထိခိုက္ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ေၾကာင္း သိရသည္။

“ကေလးမေလးက အသက္ ၆ ႏွစ္ပဲရွိေသးတယ္ သနားပါတယ္ဗ်ာ ငိုေနတာ ဘယ္ဖက္လက္သူ ႂကြယ္ျပတ္သြားရွာတယ္ ၃ ေယာက္လုံးကေတာ့စိုးရိမ္ရဒဏ္ရာေတြမဟုတ္ပါဘူး”ဟုရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

ျဖစ္စဥ္မွထိခိုက္ဒဏ္ရာရရွိခဲ့သူ ၃ ဦးအား ေဖးကူလက္မ်ားလူမႈကူညီေရးအသင္းမွကားမ်ားျဖင့္ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ေဆးကုသမႈခံယူရန္ ပို႔ေဆာင္ေပးခဲ့ၾကသည္။

အခင္းျဖစ္ေနရာအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးရာ လက္လုပ္မိုင္းအပိုင္းအစမ်ားအား သိမ္းဆည္းရမိခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူမ်ားအားဖမ္းဆီးရမိေရးအတြက္ ပိတ္ဆို႔စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။

 

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here