စစ်ကိုင်းတိုင်းရှိ မုံရွာ-မြင်းမူသွားကားလမ်းတွင် လက်လုပ်မိုင်းမျိုးစုံ ၂၉ လုံးအားဖယ်ရှားရှင်း လင်းနိုင်ခဲ့

0
151

(Unicode)

စစ်ကိုင်းတိုင်းရှိ မုံရွာ-မြင်းမူသွားကားလမ်းတွင် လက်လုပ်မိုင်းမျိုးစုံ ၂၉ လုံးအားဖယ်ရှားရှင်း လင်းနိုင်ခဲ့

စစ်ကိုင်းတိုင်းရှိ မုံရွာ-မြင်းမူသွားကားလမ်းတွင် ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၂၉ လုံးအား မတ် ၁၁ ရက်(ယနေ့)မွန်းတည့်ပိုင်းတွင် လုံ ခြုံရေးအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

နတ်ရေကန်ကျေးရွာနှင့်ရေပိုးစားကျေးရွာကြားရှိ မုံရွာ-မြင်းမူသွားကားလမ်း၏ လမ်းလယ်ကျွန်း၌ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၂၉ လုံးအား မွန်းတည့် ၁၂ နာရီကျော်က ဖယ်ရှားရှင်း လင်းနိုင်ခဲ့ခြင်းဖြစ်သည်။

“ပြည်သူတစ်ယောက်ကသတင်းပေးလို့ သွားကြည့်တဲ့အချိန်တွေ့ရတာ အချိန်မီသက်မဲ့ပြုလုပ်နိုင်ခဲ့ပါတယ် ရှင်းလင်းတဲ့အချိန်မှာလမ်းကိုယာယီပိတ်ထားရတယ်”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

လက်လုပ်ရှော့တိုက်မိုင်း ၁၇ လုံး၊လက်လုပ်ရီမုမိုင်း ၉ လုံးနှင့်ကီးပတ်ဖုန်းရီမုမိုင်း ၃ တို့အား လုံ ခြုံရေးအဖွဲ့ဝင်များက သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

(Zawgyi)

စစ္ကိုင္းတိုင္းရွိ မုံ႐ြာ-ျမင္းမူသြားကားလမ္းတြင္ လက္လုပ္မိုင္းမ်ိဳးစုံ ၂၉ လုံးအားဖယ္ရွားရွင္း လင္းႏိုင္ခဲ့

စစ္ကိုင္းတိုင္းရွိ မုံ႐ြာ-ျမင္းမူသြားကားလမ္းတြင္ ေထာင္ထားသည့္ လက္လုပ္မိုင္းမ်ိဳးစုံ ၂၉ လုံးအား မတ္ ၁၁ ရက္(ယေန႔)မြန္းတည့္ပိုင္းတြင္ လုံ ၿခဳံေရးအဖြဲ႕ဝင္မ်ားက ဖယ္ရွားရွင္းလင္းႏိုင္ခဲ့သည္ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

နတ္ေရကန္ေက်း႐ြာႏွင့္ေရပိုးစားေက်း႐ြာၾကားရွိ မုံ႐ြာ-ျမင္းမူသြားကားလမ္း၏ လမ္းလယ္ကြၽန္း၌ ေထာင္ထားသည့္ လက္လုပ္မိုင္းမ်ိဳးစုံ ၂၉ လုံးအား မြန္းတည့္ ၁၂ နာရီေက်ာ္က ဖယ္ရွားရွင္း လင္းႏိုင္ခဲ့ျခင္းျဖစ္သည္။

“ျပည္သူတစ္ေယာက္ကသတင္းေပးလို႔ သြားၾကည့္တဲ့အခ်ိန္ေတြ႕ရတာ အခ်ိန္မီသက္မဲ့ျပဳလုပ္ႏိုင္ခဲ့ပါတယ္ ရွင္းလင္းတဲ့အခ်ိန္မွာလမ္းကိုယာယီပိတ္ထားရတယ္”ဟုလုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

လက္လုပ္ေရွာ့တိုက္မိုင္း ၁၇ လုံး၊လက္လုပ္ရီမုမိုင္း ၉ လုံးႏွင့္ကီးပတ္ဖုန္းရီမုမိုင္း ၃ တို႔အား လုံ ၿခဳံေရးအဖြဲ႕ဝင္မ်ားက သက္မဲ့ျပဳလုပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here