မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ Starry Bar ၌မိုင်းပေါက်ကွဲမှုဖြစ်ပွား ကား ၅ စီးပျက်စီး

0
237

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ Starry Bar ၌မိုင်းပေါက်ကွဲမှုဖြစ်ပွား ကား ၅ စီးပျက်စီး

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်ရှိ Starry Bar & Restaurant တွင် မတ် ၁၁ ရက်ည ၈ နာရီခွဲကျော်ခန့်က မိုင်းတစ်လုံးပေါက်ကွဲခဲ့သည်ဟု မြို့နယ်နေသူများထံမှ သိရသည်။

Starry Bar & Restaurant ၏ကားပါကင်နေရာ၌ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်၍ လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ကိုယ်ပိုင်ကား ၅ စီးခန့်ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

“ကားပါကင်နေရာမှာပေါက်ကွဲတာဖြစ်တဲ့အတွက် လူတွေကလည်း Bar ထဲရောက်နေကြတဲ့အချိန်ဖြစ်တာကြောင့် ဒဏ်ရာရတဲ့လူမရှိခဲ့ပါဘူး”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ Starry Bar & Restaurant သည်မန္တလေးမြို့၏ နာမည်ကြီး Bar တစ်ခုဖြစ်ကာ လာရောက်သူများနေ့စဥ်များပြားကြောင်း မြို့နယ်နေသူများထံမှ သိရသည်။

အခင်းဖြစ်ပွားရာသို့ လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးကာ ဖြတ်သန်းသွားလာနေသူများကိုလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

Photo-VoMDY

Zaw Gyi

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ Starry Bar ၌မိုင္းေပါက္ကြဲမႈျဖစ္ပြား ကား ၅ စီးပ်က္စီး

မႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ Starry Bar & Restaurant တြင္ မတ္ ၁၁ ရက္ည ၈ နာရီခြဲေက်ာ္ခန္႔က မိုင္းတစ္လုံးေပါက္ကြဲခဲ့သည္ဟု ၿမိဳ႕နယ္ေနသူမ်ားထံမွ သိရသည္။

Starry Bar & Restaurant ၏ကားပါကင္ေနရာ၌ မိုင္းေပါက္ကြဲခဲ့ျခင္းျဖစ္၍ လူထိခိုက္ဒဏ္ရာရရွိမႈမရွိဘဲ ကိုယ္ပိုင္ကား ၅ စီးခန္႔ပ်က္စီးဆုံးရႈံးခဲ့သည္ဟု သိရသည္။

“ကားပါကင္ေနရာမွာေပါက္ကြဲတာျဖစ္တဲ့အတြက္ လူေတြကလည္း Bar ထဲေရာက္ေနၾကတဲ့အခ်ိန္ျဖစ္တာေၾကာင့္ ဒဏ္ရာရတဲ့လူမရွိခဲ့ပါဘူး”ဟုလုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

အဆိုပါ Starry Bar & Resturant သည္မႏၲေလးၿမိဳ႕၏ နာမည္ႀကီး Bar တစ္ခုျဖစ္ကာ လာေရာက္သူမ်ားေန႔စဥ္မ်ားျပားေၾကာင္း ၿမိဳ႕နယ္ေနသူမ်ားထံမွ သိရသည္။

အခင္းျဖစ္ပြားရာသို႔ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လာေရာက္စစ္ေဆးကာ ျဖတ္သန္းသြားလာေနသူမ်ားကိုလည္း စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္ဟု သိရသည္။

Photo-VoMDY


LEAVE A REPLY

Please enter your comment!
Please enter your name here