“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်များတွင် ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားနေ
0
189
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်များတွင် ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားနေ
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်များတွင် ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားနေသောကြောင့် ခရိုင်အတွင်းမြို့နယ်တစ်ခုနှင့် တစ်ခုကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားရကြောင်း ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က သိရသည်။
” ပန်ခမ်းမြို့ကိုလာခွင့် မပြူဘူး၊၊ပန်ခမ်းအထူးမြို့နယ် နဲ့ မိုင်းလင်းခရိုင်ထဲမှာ ကူးစက်နှုန်းက ဆိုးတယ်။များတယ်။ ဒါကြောင့် လူသွားလူလာကိုပဲ ထိန်းချုပ်ရမှာ ဖြစ်ပါတယ်၊ပြည်သူတွေအနေနဲ့မိုင်းပေါက်ခရိုင် ၊ မိုင်းလင်းခရိုင်၊မိုင်းမောခရိုင်နဲ့နန်းတစ်အထူးမြို့နယ်တွေကိုဖြတ်သန်းသွားလာတာ မလုပ်ဖို့ နှိုးဆော်နေပါတယ်”ဟု ပန်ခမ်းမြို့ကိုဗစ် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွင် ပါဝင်သူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ရက်တွင် ပန်ခမ်းမြို့၌ ကိုဗစ်အတည်ပြုလူနာအချို့ တွေ့ရှိခဲ့သောကြောင့် တစ်မြိုလုံးကို Lockdown ချကာ အာခေါင်တို့ပတ်ယူ၍ စစ်ဆေးခဲ့ပြီး ယခု မတ်လ ပထမပတ်က စ၍ တစ်ကျော့ပြန် ကူးစက်လာသော ကိုဗစ်ပိုးကြောင့် တစ်မြို့နယ်နှင့် တစ်မြို့နယ်ကို ဖြတ်သန်းသွားလာခွင့်များ ပိတ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
Zaw Gyi
photo- Wa National Society Lifestyle
LEAVE A REPLY
Please enter your comment!
Please enter your name here