ပခုက္ကူမြို့မှ မြန်မာ့ရှေဆောင်ဘဏ်မန်နေဂျာ NUG ငွေတိုက်စာချုပ်များပြုလုပ်သည်ဟုဆိုကာ ဖမ်းဆီးခံရ

0
246

ပခုက္ကူမြို့မှ မြန်မာ့ရှေဆောင်ဘဏ်မန်နေဂျာ NUG ငွေတိုက်စာချုပ်များပြုလုပ်သည်ဟုဆိုကာ ဖမ်းဆီးခံရ

မကွေးတိုင်း၊ပခုက္ကူမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ် ၏ မန်နေဂျာအား NUG ၏ငွေတိုက်စာချုပ်များပြုလုပ်သည်ဟုဆိုကာ နစက ၏လုံခြုံရေးအဖွဲ့ဝင်များက မတ် ၁၁ ရက်က ဖမ်းဆီးခဲ့သည်ဟု ဒေသ ခံများထံမှ သိရသည်။

ပခုက္ကူမြို့၊အမှတ်(၈)ရပ်ကွက်၌ နေထိုင်သည့် မြန်မာ့ရှေ့ဆောင်ဘဏ်၏ မန်နေဂျာဖြစ်သူ ဒေါ်ခင်နှောင်းအား ညပိုင်းတွင်နေအိမ်၌ ဝင်ရောက်ဖမ်း ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“စစ်သားတွေ ရဲတွေ မြို့နယ်မှူးကော ရပ်ကျေးအုပ်ချုပ်ရေးမှူးကော အများကြီးပဲလာဖမ်းသွားကြတာ”ဟုဒေသခံတစ်ဦးကပြောသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်မန်နေဂျာအား ဖမ်းဆီးရခြင်းမှာ ၎င်းသည် NUG ၏ငွေတိုက်စာချုပ်များအားပြုလုပ်ပေးနေသူဖြစ်၍ ဖမ်းဆီးရခြင်းဖြစ် ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဖမ်းဆီးပြီးနောက် စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ ၎င်းနေထိုင်သည့်နေအိမ်အား ရက်ပိုင်းအ တွင်း၌ ချိတ်ပိတ်သွားမည်ဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here