ရှမ်းမြောက်မှ မြဝတီသို့သယ်လာသည့် မူးယစ်ဆေးများအား လမ်းခုလတ်တွင်ဖမ်းမိ

0
175

ရှမ်းမြောက်မှ မြဝတီသို့သယ်လာသည့် မူးယစ်ဆေးများအား လမ်းခုလတ်တွင်ဖမ်းမိ

ပင်လောင်းမြို့နယ်၊ ပင်လောင်း-နေပြည်တော်သွားကားလမ်း၊ လိန်းလီကြိုးတံတားတွင် ငွေကျပ်ဘီလီယံချီတန်ကြေးရှိ စိတ်ပြောင်းဆေးဝါး(ကတ်တမင်း)များ ဖမ်းဆီးရမိမှုဖြစ်ပွါးခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ခန့်က ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်တွင် စိတ်ပြောင်းဆေးဝါး (ကတ်တမင်း) ၁၈၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိမူးယစ်ဆေးဝါးများ၏တန်ကြေးအား ငွေကျပ် ၁ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိသည်ဟု ရဲတပ်ဖွဲ့က တွက်ချက်ထားသည်။

လက်ရှိတွင် ယာဉ်မောင်းဖြစ်သူ မြင်ချီးချဲ(ခ)အောင်မြင့် အား ဖမ်းဆီးစစ်ဆေးနေပြီးကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း မူးယစ်ရဲတပ်ဖွဲ့ကပြောဆိုထားသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး (ကတ်တမင်း)များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်၊ မြ၀တီနယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Zaw Gyi

ရွမ္းေျမာက္မွ ျမဝတီသို႔သယ္လာသည့္ မူးယစ္ေဆးမ်ားအား လမ္းခုလတ္တြင္ဖမ္းမိ

ပင္ေလာင္းၿမိဳ႕နယ္၊ ပင္ေလာင္း-ေနျပည္ေတာ္သြားကားလမ္း၊ လိန္းလီႀကိဳးတံတားတြင္ ေငြက်ပ္ဘီလီယံခ်ီတန္ေၾကးရွိ စိတ္ေျပာင္းေဆးဝါး(ကတ္တမင္း)မ်ား ဖမ္းဆီးရမိမႈျဖစ္ပြါးခဲ့သည္။

အဆိုပါမူးယစ္ေဆးဝါးမ်ားအား မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က မတ္လ ၉ ရက္ေန႔ မြန္းလြဲ ၁ နာရီခြဲအခ်ိန္ ခန္႔က ဖမ္းမိခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္တြင္ စိတ္ေျပာင္းေဆးဝါး (ကတ္တမင္း) ၁၈၅ ကီလို သိမ္းဆည္းရမိခဲ့ၿပီး ဖမ္းမိမူးယစ္ေဆးဝါးမ်ား၏တန္ေၾကးအား ေငြက်ပ္ ၁ ဒသမ ၈၅ ဘီလီယံတန္ဖိုးရွိသည္ဟု ရဲတပ္ဖြဲ႕က တြက္ခ်က္ထားသည္။

လက္ရွိတြင္ ယာဥ္ေမာင္းျဖစ္သူ ျမင္ခ်ီးခ်ဲ(ခ)ေအာင္ျမင့္ အား ဖမ္းဆီးစစ္ေဆးေနၿပီးကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ ရွိေၾကာင္း မူးယစ္ရဲတပ္ဖြဲ႕ကေျပာဆိုထားသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိမ္းဆည္းရမိ စိတ္ေျပာင္းေဆးဝါး (ကတ္တမင္း)မ်ားအား ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ ကရင္ျပည္နယ္၊ ျမ၀တီနယ္စပ္သို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here