ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် Online Booking စနစ် ပြောင်းလဲကျင့်သုံးမည်

0
577

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် Online Booking စနစ် ပြောင်းလဲကျင့်သုံးမည်

မတ်လ၂၃ရက်မှစ၍ Online Booking စနစ်ဖြင့်ရက်ချိန်းရယူပြီးမှသာ ရုံးတွင်းသို့ ဝင်ရောက်လျှောက်ထား နိုင်သည့်စနစ်အား ပြောင်းလဲကျင့်သုံးသွားမည်ဟု ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကပြောဆိုသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့်ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူ ၂၅၀၀ဦးခန့်အား နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ လူအများအပြားလာရောက်ကြိုတင်တန်းစီနေကြရသည်။

Online Booking စနစ် ပြောင်းလဲကျင့်သုံးမည့်ကိစ္စနှင့်ပတ်သတ်ပြီးမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က နိုင်ငံကူးလက်မှတ် လျှောက်ထား သူများအနေဖြင့် အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းရခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အန္တရာယ် စိုးရိမ်ရခြင်းများ လျော့နည်းလာစေရန်အတွက် ပြောင်းလဲရခြင်းဖြစ်သည်ဟု ရှင်းပြထားသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် ၁၄-၃-၂၀၂၂ရက်မှစ၍ www.passport.gov.mm.website တွင် လျှောက်ထားသူတစ်ဦးချင်း၏ အမည်၊ အဘအမည်၊ မွေးနေ့၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ကျား/မ စသည့် အချက် အလက်များအား website တွင် မှန်ကန်စွာဖြည့်သွင်း၍ Online Booking ရက်ချိန်းရယူကြရမည်ဖြစ်သည်။

Online Booking ပြုလုပ်သူ၏ e.mail သို့ပေးပို့ထား သည့် Passport Online Appointment Letter အား Printထုတ်၍သော်လည်းကောင်း၊ | မိုဘိုင်းဖုန်းတွင် QRကုဒ်ပါရှိသည့် Screen အားသိမ်းဆည်း၍သော်လည်းကောင်း ရက်ချိန်းရယူထားသည့် မှတ်တမ်းအား ယူဆောင်လာပြီးမှသာ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)သို့ လာရောက်လျှောက်ထားရမည်ဖြစ်သည်။ Online Booking စနစ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များအား www. passport.gov.mm.website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ရန်ကုန်က အသိပေးကြေ ညာထားသည်။

Zaw Gyi

ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးတြင္ Online Booking စနစ္ ေျပာင္းလဲက်င့္သုံးမည္

မတ္လ၂၃ရက္မွစ၍ Online Booking စနစ္ျဖင့္ရက္ခ်ိန္းရယူၿပီးမွသာ ႐ုံးတြင္းသို႔ ဝင္ေရာက္ေလွ်ာက္ထား ႏိုင္သည့္စနစ္အား ေျပာင္းလဲက်င့္သုံးသြားမည္ဟု ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးကေျပာဆိုသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕အေနျဖင့္ရန္ကုန္ၿမိဳ႕ရွိ ျမန္မာ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးတြင္ ျမန္မာႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားသူ ၂၅၀၀ဦးခန႔္အား ေန႔စဥ္ေဆာင္႐ြက္ေပးလ်က္ရွိရာ လူအမ်ားအျပားလာေရာက္ႀကိဳတင္တန္းစီေနၾကရသည္။

Online Booking စနစ္ ေျပာင္းလဲက်င့္သုံးမည့္ကိစၥႏွင့္ပတ္သတ္ၿပီးျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕က ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထား သူမ်ားအေနျဖင့္ အခ်ိန္ၾကာျမင့္စြာတန္းစီေစာင့္ဆိုင္းရျခင္းႏွင့္ ကိုဗစ္-၁၉ ေရာဂါ အႏၲရာယ္ စိုးရိမ္ရျခင္းမ်ား ေလ်ာ့နည္းလာေစရန္အတြက္ ေျပာင္းလဲရျခင္းျဖစ္သည္ဟု ရွင္းျပထားသည္။

ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ၁၄-၃-၂၀၂၂ရက္မွစ၍ www.passport.gov.mm.website တြင္ ေလွ်ာက္ထားသူတစ္ဦးခ်င္း၏ အမည္၊ အဘအမည္၊ ေမြးေန႔၊ ႏိုင္ငံသားစိစစ္ေရးကတ္အမွတ္၊ က်ား/မ စသည့္ အခ်က္ အလက္မ်ားအား website တြင္ မွန္ကန္စြာျဖည့္သြင္း၍ Online Booking ရက္ခ်ိန္းရယူၾကရမည္ျဖစ္သည္။

Online Booking ျပဳလုပ္သူ၏ e.mail သို႔ေပးပို႔ထား သည့္ Passport Online Appointment Letter အား Printထုတ္၍ေသာ္လည္းေကာင္း၊ | မိုဘိုင္းဖုန္းတြင္ QRကုဒ္ပါရွိသည့္ Screen အားသိမ္းဆည္း၍ေသာ္လည္းေကာင္း ရက္ခ်ိန္းရယူထားသည့္ မွတ္တမ္းအား ယူေဆာင္လာၿပီးမွသာ ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရး႐ုံး(ရန္ကုန္)သို႔ လာေရာက္ေလွ်ာက္ထားရမည္ျဖစ္သည္။ Online Booking စနစ္ႏွင့္ပတ္သက္၍ အေသးစိတ္အခ်က္အလက္မ်ားအား www. passport.gov.mm.website တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါေၾကာင္းျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး ရန္ကုန္က အသိေပးေၾက ညာထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here