မန္တလေး-ဗန်းမော်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇/၁)တွင် ယာဉ်တိမ်းမှောက်တစ်ဦးသေဆုံးသွား

0
134

မန္တလေး-ဗန်းမော်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇/၁)တွင် ယာဉ်တိမ်းမှောက်တစ်ဦးသေဆုံးသွား

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီး၊ မန္တလေး-ဗန်းမော်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇/၁)တွင် မော်တော်ယာဉ်တစ်စီး ယနေ့မတ်လ၁၃ရက်မနက်ပိုင်းက တိမ်းမှောက်မှုဖြစ်ခဲ့သည်။

အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွါးခဲ့သည်ဟုသက်ဆိုင်ရာကထုတ်ပြန်သည်။

ယာဉ်တိမ်းမှောက်မှုတွင် လူ(၁)ဦး ကားခေါင်းခန်းအတွင်းညပ်နေ၍ သပိတ်ကျင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရသည်ဟုလည်းသိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၁)ဦး အနက် ယာဉ်မောင်း ကျား(၁)ဦး (သေဆုံး)၊ ကျန် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား အောင်ပါရမီလူမှုကူညီရေးအသင်းယာဉ်ဖြင့် သပိတ်ကျင်းပြည်သူ့ဆေးရုံသို့ သက်ဆိုင်ရာကပို့ဆောင်ပေးထားသည်ဟုသိရသည်။

Zaw Gyi

မႏၲေလး-ဗန္းေမာ္လမ္းမႀကီး၊ မိုင္တိုင္အမွတ္(၇/၁)တြင္ ယာဥ္တိမ္းေမွာက္တစ္ဦးေသဆုံးသြား

မႏၲေလးတိုင္းေဒသႀကီး၊ သပိတ္က်င္းၿမိဳ႕နယ္၊ ေက်ာက္ႀကီးေက်း႐ြာအနီး၊ မႏၲေလး-ဗန္းေမာ္လမ္းမႀကီး၊ မိုင္တိုင္အမွတ္(၇/၁)တြင္ ေမာ္ေတာ္ယာဥ္တစ္စီး ယေန႔မတ္လ၁၃ရက္မနက္ပိုင္းက တိမ္းေမွာက္မႈျဖစ္ခဲ့သည္။

အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္မႈျဖစ္ပြါးခဲ့သည္ဟုသက္ဆိုင္ရာကထုတ္ျပန္သည္။

ယာဥ္တိမ္းေမွာက္မႈတြင္ လူ(၁)ဦး ကားေခါင္းခန္းအတြင္းညပ္ေန၍ သပိတ္က်င္းၿမိဳ႕နယ္မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ားျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား သြားေရာက္ကူညီေဆာင္႐ြက္ခဲ့ရသည္ဟုလည္းသိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါ က်ား(၂)ဦး၊ မ(၁)ဦး အနက္ ယာဥ္ေမာင္း က်ား(၁)ဦး (ေသဆုံး)၊ က်န္ က်ား(၁)ဦး ထိခိုက္ဒဏ္ရာ(မစိုးရိမ္ရ)ႏွင့္ မ(၁)ဦး ထိခိုက္ဒဏ္ရာ(မစိုးရိမ္ရ)တို႔အား ေအာင္ပါရမီလူမႈကူညီေရးအသင္းယာဥ္ျဖင့္ သပိတ္က်င္းျပည္သူ႔ေဆး႐ုံသို႔ သက္ဆိုင္ရာကပို႔ေဆာင္ေပးထားသည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here