ထိုင်းနိုင်ငံရှိ ခရိုင်နှစ်ခုတွင် မြန်မာနိုင်ငံသား ၁၃၆ ဦးထပ်မံဖမ်းဆီးခံရ

0
217

ထိုင်းနိုင်ငံရှိ ခရိုင်နှစ်ခုတွင် မြန်မာနိုင်ငံသား ၁၃၆ ဦးထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံရှိ ပကျွတ်ခီလီခမ်ခရိုင်နှင့်ကန်ချနဘူရီခရိုင်တို့၌ တရားမဝင်ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားများအား ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ပကျွတ်ခီလီခမ်ခရိုင်၊မီ(င်)မြို့နယ်၊ကော့လတ်ကျေးရွာအုပ်စု၊နောင်ခမ်ရပ်ကွက်နှင့်အောင်နွဲ့ကျေးရွာ၊နမ်းကျွံရပ်ကွက်အနီး၌ မြန်မာနိုင်ငံသား အမျိုးသား ၈၇ ဦး၊အမျိုးသမီး ၃၁ ဦး(စုစုပေါင်း ၁၁၈ ဦး)တို့ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ကန်ချနဘူရီခရိုင်၊ဘန့်ကောင်ကျေးရွာ အုပ်စု၊ဖုနမ်းရော်ရပ်ကွက်နှင့်စိုင်ယို့မြို့နယ်၊ဘွန်တီကျေးရွာ၊ဘွန်တီလန့်ရပ်ကွက်အနီးတွင်လည်း မြန်မာနိုင်ငံသား အမျိုးသား ၁၃ ဦး၊အမျိုးသမီး ၅ ဦး(စုစုပေါင်း ၁၈ ဦး)တို့ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ မြန်မာနိုင်ငံသား ၁၈ ဦးအား တင်ဆောင်လာသည့်ကား ၃ စီးနှင့်လမ်းပြခေါ်ဆောင်လာသူ ၄ ဦးကိုလည်း ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖမ်း ဆီးရမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများနှင့်လမ်း ပြခေါ်ဆောင်လာသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းများသို့ပို့ဆောင်ထားကြောင်း သိရသည်။

Zaw Gyi

ထိုင္းႏိုင္ငံရွိ ခ႐ိုင္ႏွစ္ခုတြင္ ျမန္မာႏိုင္ငံသား ၁၃၆ ဦးထပ္မံဖမ္းဆီးခံရ

ထိုင္းႏိုင္ငံရွိ ပကြၽတ္ခီလီခမ္ခ႐ိုင္ႏွင့္ကန္ခ်နဘူရီခ႐ိုင္တို႔၌ တရားမဝင္ဝင္ေရာက္လာသည့္ ျမန္မာ ႏိုင္ငံသားမ်ားအား ထိုင္းႏိုင္ငံတာဝန္ရွိသူမ်ားက ဖမ္းဆီးမိခဲ့ျခင္းျဖစ္သည္။

ပကြၽတ္ခီလီခမ္ခ႐ိုင္၊မီ(င္)ၿမိဳ႕နယ္၊ေကာ့လတ္ေက်း႐ြာအုပ္စု၊ေနာင္ခမ္ရပ္ကြက္ႏွင့္ေအာင္ႏြဲ႕ေက်း႐ြာ၊နမ္းကြၽံရပ္ကြက္အနီး၌ ျမန္မာႏိုင္ငံသား အမ်ိဳးသား ၈၇ ဦး၊အမ်ိဳးသမီး ၃၁ ဦး(စုစုေပါင္း ၁၁၈ ဦး)တို႔ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။

အလားတူ ကန္ခ်နဘူရီခ႐ိုင္၊ဘန္႔ေကာင္ေက်း႐ြာ အုပ္စု၊ဖုနမ္းေရာ္ရပ္ကြက္ႏွင့္စိုင္ယို႔ၿမိဳ႕နယ္၊ဘြန္တီေက်း႐ြာ၊ဘြန္တီလန္႔ရပ္ကြက္အနီးတြင္လည္း ျမန္မာႏိုင္ငံသား အမ်ိဳးသား ၁၃ ဦး၊အမ်ိဳးသမီး ၅ ဦး(စုစုေပါင္း ၁၈ ဦး)တို႔ဖမ္းဆီးခံခဲ့ရသည္။

အဆိုပါ ျမန္မာႏိုင္ငံသား ၁၈ ဦးအား တင္ေဆာင္လာသည့္ကား ၃ စီးႏွင့္လမ္းျပေခၚေဆာင္လာသူ ၄ ဦးကိုလည္း ထိုင္းႏိုင္ငံတာဝန္ရွိသူမ်ားက ဖမ္း ဆီးရမိခဲ့သည္ဟု သိရသည္။

ဖမ္းဆီးရမိခဲ့သည့္ ျမန္မာႏိုင္ငံသားမ်ားႏွင့္လမ္း ျပေခၚေဆာင္လာသူမ်ားအား ထိုင္းႏိုင္ငံဥပေဒအရအေရးယူရန္ သက္ဆိုင္ရာရဲစခန္းမ်ားသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here