အာရှလမ်းမကြီးတွင် ကားများပြန်လည်ဖြတ်သန်းသွားလာနေပြီဖြစ်

0
60

အာရှလမ်းမကြီးတွင် ကားများပြန် လည်ဖြတ်သန်းသွားလာနေပြီဖြစ်

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ မြဝတီ- ကော့ကရိတ်သွား အာရှလမ်းမကြီးအား မတ် ၁၂ ရက်နံနက် ၈ နာရီကျော်က တိုက်ပွဲဖြစ်ပွားမှုကြောင့် ကားများဖြတ်သန်းသွားလာမှုယာယီရပ်ဆိုင်းခဲ့ရသည်ဟု လူမှုကူညီရေးအသင်းများမှသိရသည်။

ထိုသို့ ကားများဖြတ်သန်းသွားလာမှုရပ်ဆိုင်းခဲ့ရာမှ မတ် ၁၃ ရက်(ယနေ့)နံနက် ၁၀ နာရီကျော်ခန့်မှစတင်၍ အာရှလမ်းမကြီး၌ ကားများပြန်လည်ဖြတ်သန်းသွားလာနေပြီဖြစ်သည်။

“ဟုတ်တယ် ဒီမနက် ၁၀ နာရီကျော်လောက်မှကားတွေပြန်ပြီးသွားလာလို့ရတာ ကားတန်းကြီးလိုက်မြဝတီဖက်တက်တဲ့ကားတန်းကြီးရယ် မြဝတီဘက်ကနေပြန်ဆင်းလာတဲ့ကားတန်းကြီးရယ်ပေါ့ မနေ့ကမနက်ပိုင်းထဲကစပြီး ဒီမနက်အထိပိတ်ထားတာ”ဟုသင်္ဃန်းညီနောင်(မြို့သစ်)လူမှုကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အာရှလမ်းမကြီးရှိ ကော့နွဲ့တံတားအနီးနှင့်တောနော်ရေတံခွန်အနီးတွင်လည်း မတ် ၁၂ ရက်နံနက်ပိုင်းက ကုန်တင်ကားနှစ်စီးနှင့်ကြယ်စက်စင်္ကြာခရီးသည်တင်ကားတစ်စီးတို့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကိုယ်ပိုင်ကားတစ်စီးမှာလည်း ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။

အာရှလမ်းမကြီးအနီး၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် မတ် ၁၂ ရက်နံနက် ၁၀ နာရီခန့်မှစ၍ ကားများဖြတ်သန်းမှုယာယီရပ်ဆိုင်းသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ကော့ကရိတ်မြို့ဘက်ကဆိုရင် လှိုင်ဝရွာနားနဲ့မြဝတီမြို့ဘက်မှာဆိုရင် သင်္ဃန်းညီနောင်စစ်ဆေးရေးဂိတ်တို့ကစပြီး ကားတွေမဖြတ်ကြတော့ဘူး” ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အာရှလမ်းမကြီး၌ ကားများဖြတ်သန်းမှုယာယီရပ်ဆိုင်းသွားချိန်၌ အချို့ကားများမှာပြန်လှည့်သွားခဲ့ကြသည်ဟု ခရီးသည်တင်ကားမောင်းသူ များထံမှ သိရသည်။

Zaw Gyi

အာရွလမ္းမႀကီးတြင္ ကားမ်ားျပန္ လည္ျဖတ္သန္းသြားလာေနၿပီျဖစ္

ကရင္ျပည္နယ္၊ေကာ့ကရိတ္ၿမိဳ႕နယ္ရွိ ျမဝတီ- ေကာ့ကရိတ္သြား အာရွလမ္းမႀကီးအား မတ္ ၁၂ ရက္နံနက္ ၈ နာရီေက်ာ္က တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ကားမ်ားျဖတ္သန္းသြားလာမႈယာယီရပ္ဆိုင္းခဲ့ရသည္ဟု လူမႈကူညီေရးအသင္းမ်ားမွသိရသည္။

ထိုသို႔ ကားမ်ားျဖတ္သန္းသြားလာမႈရပ္ဆိုင္းခဲ့ရာမွ မတ္ ၁၃ ရက္(ယေန႔)နံနက္ ၁၀ နာရီေက်ာ္ခန္႔မွစတင္၍ အာရွလမ္းမႀကီး၌ ကားမ်ားျပန္လည္ျဖတ္သန္းသြားလာေနၿပီျဖစ္သည္။

“ဟုတ္တယ္ ဒီမနက္ ၁၀ နာရီေက်ာ္ေလာက္မွကားေတြျပန္ၿပီးသြားလာလို႔ရတာ ကားတန္းႀကီးလိုက္ျမဝတီဖက္တက္တဲ့ကားတန္းႀကီးရယ္ ျမဝတီဘက္ကေနျပန္ဆင္းလာတဲ့ကားတန္းႀကီးရယ္ေပါ့ မေန႔ကမနက္ပိုင္းထဲကစၿပီး ဒီမနက္အထိပိတ္ထားတာ”ဟုသဃၤန္းညီေနာင္(ၿမိဳ႕သစ္)လူမႈကူညီေရးအဖြဲ႕မွတာဝန္ရွိသူတစ္ဦးကေျပာသည္။

အာရွလမ္းမႀကီးရွိ ေကာ့ႏြဲ႕တံတားအနီးႏွင့္ေတာေနာ္ေရတံခြန္အနီးတြင္လည္း မတ္ ၁၂ ရက္နံနက္ပိုင္းက ကုန္တင္ကားႏွစ္စီးႏွင့္ၾကယ္စက္စၾကၤာခရီးသည္တင္ကားတစ္စီးတို႔ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရၿပီး ကိုယ္ပိုင္ကားတစ္စီးမွာလည္း ပစ္ခတ္ခံခဲ့ရသည္ဟု သိရသည္။

အာရွလမ္းမႀကီးအနီး၌ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ မတ္ ၁၂ ရက္နံနက္ ၁၀ နာရီခန္႔မွစ၍ ကားမ်ားျဖတ္သန္းမႈယာယီရပ္ဆိုင္းသြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

“ေကာ့ကရိတ္ၿမိဳ႕ဘက္ကဆိုရင္ လႈိင္ဝ႐ြာနားနဲ႔ျမဝတီၿမိဳ႕ဘက္မွာဆိုရင္ သဃၤန္းညီေနာင္စစ္ေဆးေရးဂိတ္တို႔ကစၿပီး ကားေတြမျဖတ္ၾကေတာ့ဘူး” ဟုလူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။

အာရွလမ္းမႀကီး၌ ကားမ်ားျဖတ္သန္းမႈယာယီရပ္ဆိုင္းသြားခ်ိန္၌ အခ်ိဳ႕ကားမ်ားမွာျပန္လွည့္သြားခဲ့ၾကသည္ဟု ခရီးသည္တင္ကားေမာင္းသူ မ်ားထံမွ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here